November 26, 2026

ကကြိုး

လူဆိုတာ အသက်ရှင်သန်ဖို့အတွက် ​နောက်ကွယ်မှ တွန်းအားတစ်ခု (Force) လိုအပ်တယ်လို့ဆိုကြတယ်။ တခုခု​ကြောင့် ရှင်သန်ဖို့ ခွန်အား​တွေရတယ်​ပေါ့။ အချို့က​တော့ ငွေ၊ ဂုဏ်၊ ရာထူး၊ အာဏာ၊ မိန်းမ၊ ​ယောကျာ်း၊ စသဖြင့်​တွေ​ကြောင့် ​မောင်းနှင်​နေ​သော အင်ဂျင်တစ်ခုအလား ​ပေါက်ကွဲအား​ကောင်း​ကောင်းနဲ့ လည်ပတ်​နေကြတယ်လို့ ဆိုရမယ်ထင်ပါတယ်။ အချို့က​တော့ ဂျုံးဂျုံးကျ​နေတဲ့ အင်ဂျင်တစ်ခုအလား ဖွတ်ချက်ဖွတ်ချက်နဲ့ စိတ်ဓါတ်ကျသလိုလို တ​ရွေ့​ရွေ့နဲ့​ပေါ့။

ဒီလိုပဲ ဘဝဆိုတာ တိုက်ပွဲတဲ့၊ ငါတို့အလိုရှိရာ ရနိုင်ဖို့ တိုက်ပွဲကို​တော့ တိုက်​နေရမှာပဲလို့ဆိုချင်ဆိုကြမယ်၊ တိုက်တဲ့ပွဲတိုင်းလဲ ​အောင်ချင်ကြမယ်။ အချို့ကလည်း ဒီလိုခံယူကြပြီး တိုက်ရင်းနဲ့ ​တိုက်ရင်းနဲ့ ​ချေကုန်လက်ပန်းကြ ​မောပန်းလို့​နေကြတဲ့သူ​တွေ များစွာရှိကြတာ​​ပေါ့။

​ဆေးစက်ကျရာ အရုပ်ထင်ဆိုတဲ့ ဆိုရိုးရှိသလို လူဆိုတာ ကျရာမှာ သရုပ်​ဖော် ရသ​မြောက်​အောင် ရုပ်လုံး​ပေါ်​အော် ဆွဲရတဲ့ ပန်းချီဆရာလို၊ ​နောက်ကွယ်ကကြိုးကိုင်ရင်း ကကြိုးကငယ် အသွယ်သွယ် လှပစွာ တင်ဆက်ကြတဲ့ ရုပ်​သေးငယ်အလား သ​ဘောထားရင်း အကောင်းဆုံးတွေ ပုံဖော်ကာ ဘဝကို အနုပညာရသမြောက်ဖို့သာ ကြိုးစားနေကြတဲ့ သူတွေဆိုတာလည်း ဒုနဲ့ဒေး မဟုတ်ပါလား။

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၁၇
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။

​လောကမှာ အသက်ရှင်​နေတာခြင်း​တော့ အတူတူပါ သို့​သော် ကြိုးဆွဲရာကတဲ့ ကကြိုးခြင်း​တော့ မတူဘူးဆိုတာ နားလည်ဖို့ရှိပါတယ်၊ ​ဆေးစက်ကျရာ အရုပ်ထင်ဖို့ ဆွဲ​သော ​နောက်ကွယ်မှ စုတ်တံကိုင်တဲ့ လက်ပိုင်ရှင်လဲ ကွဲ​လေရဲ့။ တိုက်ပွဲ​ဆိုတာလဲ တိုက်ကြပါတယ် ဒါ​ပေမယ့် ဇာတိနဲ့ဝိညာဥ်တိုက်တဲ့ စစ်ပွဲ​တွေပဲ မဟုတ်​ပေဘူးလား။

​နောက်ကွယ်ကတွန်းအားဆိုတာ ဝိညာဥ်​တော်ပဲ၊ ရာထူး​တွေ ဘွဲ့ထူး​တွေမဟုတ်​ခဲ့ဘူး။ ဂျုံးဂျုံးကျတဲ့ အင်ဂျင်တစ်ခုလိုမဟုတ်ပဲ အ​တောင်သစ်ကိုပြုပြင်တဲ့ ​ရွှေလင်းတလို့ ဆို​လေ​ရောမလား။ ယုံကြည်သူတစ်​ယောက်ရဲ့ ​ပြောင်းလဲခြင်း၊ အသစ်ပြုပြင်ခြင်း၊ လူသစ်ဖြစ်​တွေဟာ ​သခင်​ယေရှုခရစ်​တော်၏ ကျေးဇူး​တော်​ကြောင့်ဖြစ်တယ်၊ အတွင်းထဲမှ ဝိညာဥ်​တော်ဘုရား၏ ​ပြောင်းလဲ​ပေးခြင်း​တွေ၊ လုပ်​နေကျ အပြစ်​တွေ မလုပ်ချင်​တော့​အောင် ပြုပြင်ခြင်း​တွေ စသဖြင့်​ ဆိုတာကို နားလည်ဖို့ရာရှိပါတယ်။

အစက​တော့ ဘယ်လိုပါ၊ ခု​တော့ ဘယ်လို၊ အရင်က​တော့ ဘာဖြစ်တယ် ခု​တော့ ဘာဖြစ်တာ၊ ဇာတိဆိုတာကို သတ်လို့ ဝိညာဥ်သ​ဘောနဲ့ အသက်ရှင်ရင်း ယုံကြည်သူတစ်​ယောက်၏ လူသစ်ဖြစ်ခြင်းသည် ​သခင်ယေရှုခရစ်​တော်၌သာဖြစ်ပါတယ်။ ဒါ့​ကြောင့် ကကြိုး​တော့ ကကြိုးပဲ ဒါ​ပေမယ့် ဝိညာဥ်​​တော် ပဲ့ကိုင်တဲ့ ကကြိုးဟု တင်စားကာ ​ယုံကြည်သူများသည် ခရစ်​တော်၌ တည်​နေ၍ ​ဟောင်း​သော အရာများ​ပြောင်းလဲကာ ခပ်သိမ်း​သော အရာများ အသစ်ပြုပြင်ပြီး လူသစ်ဖြစ်ကြပါ​စေဟု အနည်းငယ် တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next