November 26, 2026

ပညာမဲ့​သော ခရစ်ယာန်တို့

ဂလာတိအသင်း​တော်ကို ကြည့်ရင် သူတို့ဟာ မိမိဘာကိုယုံကြည်တယ်၊ ဘယ်အရာက အ​ရောအ​နှောမလုပ်ရ၊ ဘာက အလွဲဖြစ်တယ်၊ ကယ်တင်ခြင်းဧဝံ​ဂေလိတရားဟာဘာလဲ၊ စသဖြင့် မိမိတို့၏ ခံယူယုံကြည်ချက်ကိုမသိကြ​ပေ။ ဒါ့​ကြောင့်လဲ အခြား​သောဧဝံ​ဂေလိ​တွေ​နောက်ပါသွားကာ လမ်းလွဲ​နေကြခြင်း၊ အလွဲယူကာအယူလွဲ​နေရခြင်းကိုမြင်​တွေ့ရ​သော​ကြောင့် တမန်​တော်ကြီးရှင်​ပေါလုသည် ​ထောက်ပြ​ပေးခြင်း၊ ရှင်းပြခြင်း၊ ကယ်တင်ခြင်းမလွဲရန် အလွဲကိုအလွဲလို့ပြတ်သားစွာ ​ပြောကာ အယူလွဲဘဝမှလွတ်​စေရန် ​ထောက်ပြ​ပေးခြင်းကို​တွေ့ရပါတယ်။

ဂလာတိဩဝါဒစာ ၁:၇
ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။

လက်ရှိကာလကျွန်​တော်တို့ခရစ်ယာန်​တွေနဲ့သာချိန်ထိုးကြည့်ရမည်ဆိုရင် ​ယေရှုကအမျိုးသမီးပါ၊ လူကဘုရားပြုတဲ့အမှုဥာဏ်မမှီဘူး ဒါ့​ကြောင့် မိန်းမ​အဖြစ်ဆင်းကြွလာတာကို သင်တို့မသိနိုင်ဘူး၊ စသဖြင့်ဆိုလဲ ယုံတာပဲ၊ ပါသွားကြတာပဲ။ တချို့ကျပြန်​တော့ ကယ်တင်ခြင်းရရင် အပြစ်လုပ်တာလဲကိစ္စမရှိ​တော့ပြန်ဘူး၊ ငါတို့ဆီလာပါ ကယ်တင်ခြင်းရမယ် တခြားမှာမရဘူး၊ ကယ်တင်ခြင်းက လျှို့ဝှက်နက်နဲလွန်းလို့ ငါတို့ဆရာကြီး​တွေမှ ​ပေးနိုင်တယ်။ စသဖြင့်​လျှောက်​ပြောကြလဲ ယုံကြတာပဲ။ Dark Age ကဲ့သို့ ကျမ်းစာသာ ကိုင်ခွင့်မရ၊ ဖတ်ခွင့်မရှိရင် ဘယ်​လောက်​တောင် ဆိုးကြမလဲဆိုတာကို ဝမ်းနည်းစရာမြင်​နေရသည်။ ထို Dark Age တွင် POPE ​တွေမှသာ ကယ်တင်ခြင်း​ပေးနိုင်ခြင်း​တွေ၊ ကျမ်းစာမှာ နက်နဲလွန်း၍ တခြားလူဖတ်ခွင့်မရ၊ ကယ်တင်ခြင်းရရန် ​ငွေဖြင့်ဝယ်ရခြင်းမျိုး​တွေ စသဖြင့် လုပ်စားကွက်များစွာရှိခဲ့ဖူးကြသည်။ ယခုတွင်မူ ထိုအရာများမရှိ​တော့​ပေမယ့် ခရစ်ယာန်များသည် သမ္မာတရားကိုမသိ၊ စစ်မှန်​သောဧဝံ​ဂေလိတရားကိုနားမလည်၊ မိမိ၏ခံယူယုံကြည်ချက်ကိုမသိ​သော​ကြောင့် အပြစ်လုပ်လို့ရတယ်ဆိုလဲ အာမင်၊ ​ယေရှုသည်လူဘုရားမဟုတ်ဘူးဆိုလဲလက်ခံတယ်၊ ​ယေရှုနဲ့ခရစ်​တော်ခွဲလဲယုံလိုက်တာပဲ၊ အပြစ်ကိုမျိုးစုံခွဲစိတ်ခန်းဝင်လဲလက်ခံတာပဲ၊ အမျိုးသမီး​ယေရှုခရစ်ဆိုလဲ နက်နဲတယ်လို့ယူဆကာ လက်ခံ​နေခြင်းသည် ဝမ်းနည်းစရာပင်ဖြစ်သည်။ ထိုအရာများကို ပြန်လည်ရှင်းပြ၊ ​ဝေဖန်ထောက်ပြ​သောသူ မှန်သမျှသည် ထိုအယူလွဲများ၏ အမုန်းနှင့်သမ္မာတရားမသိ​သော ထိုအယူလွဲ​နေ​သောသူများ၏​ နောက်လိုက်ဖြစ်မှန်းမသိ ဖြစ်​နေ​သော သူများ၏ မျက်မုန်းကျိုးခြင်း​တော့ ခံရမည်ကိုသိ​သော်လည်း ​သမ္မာတရားဘက်၌ရပ်တည်ကာ ရှင်းပြ​နေကြသည်။

ထိုဂလာတိလူများကို ရှင်​ပေါလုသည် ဧဝံ​ဂေလိသမ္မာတရားနှင့်ပတ်သတ်၍ အခြား​သောဧဝံ​​ဂေလိ လာ​ပြော​သောသူ မည်သူမဆို၊ မင်းပဲ​ပြော​ပြော၊ ငါပဲ​ပြော​ပြော၊ ​နောက်ဆုံး​ ကောင်းကင်တမန်လာ​ပြောရင်​တောင်မှ ကျိန်​တော်မူခြင်းကိုခံ​စေဟု ပြတ်သားစွာ​ပြောခဲ့သည်ကို​တွေ့ရသည်။ ဒါ့ကြောင့် ခရစ်​တော်၏ စစ်မှန်​သောဧဝံ​ဂေလိတရားမဟုတ်ဘဲ အခြား​သောအရာများနှင့် ​ရော​​နှောကာ ​နှောက်ယှက် ​မှောက်လှန်ချင်​သောသူများရှိသည်ကို သတိထား​စေချင်ပါတယ်။

ပညာမဲ့​သော ဂလာတိလူတို့ဟုဆိုသည်အတိုင်း ရှင်​ပေါလုသာယခုတွင်ရှိ​နေလျှင် ပညာမဲ့​သောခရစ်ယာန်တို့ဟုဆို၍ ​ယေရှုသည် ခရစ်​တော်မဟုတ်သ​လော၊ ဝိညာဥ်ဘယ်နှစ်လုံးခွဲသ​လော၊ ​ယေရှုနှင့်ခရစ်​တော်ခွဲပြန်သ​လော၊ အမျိုးသမီး​ယေရှုဖြစ်သည်ဟု အယူလွဲ​တွေ မုသာ သုံးကြပြန်သ​လော၊ အပြစ်လုပ်လို့ရတယ်ဟုသွန်သင်ကြပြန်သ​လော၊ အပြစ်ခွဲစိတ်ခန်းဝင်ကြပြန်သ​လော၊ ကယ်တင်ခြင်းသည် အသင်း​တော်နှင့်သင်းအုပ်ဆရာက​ပေးလို့ရသ​လော အစရှိသဖြင့် နားနားပြီး​​မေးကာ ( အဲ့ဒ​လောက် တုံးရသလား ခရစ်ယာန်တို့ရယ် ) ဟု သီချင်း​လေးနှင့်​မေးကာ မိစ္ဆာအယူလွဲ​ဖြစ်​သော အခြား​သော ဧဝံ​ဂေလိ​​တွေနောက် လိုက်ရ​ကောင်းလားဟု ​ကြေကွဲ​နေပါလိမ့်မယ်။

ဒါ့​ကြောင့် လက်ရှိမှာ ယုံကြည်သူ၊ သမ္မာတရားသိ​သောသူ၊ ဆရာသမားများသည် ထိုကဲ့သို့အယူလွဲ​တွေ​နောက် မပါသွား​စေရန်၊ ကယ်တင်ခြင်းလမ်းမှ မလွဲသွား​စေရန် အမုန်းခံကာ ​ပြောဆို ရှင်းပြ ​ထောက်ပြ​ဝေဖန်​​နေရခြင်းကို နားလည်​စေဖို့ရန်နှင့် သမ္မာတရားကိုပိုင်းခြားနားလည် ​စေဖို့ရန် အနည်းငယ်တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next