ငန်သောဆား

ညဘက်တွေမီးပျက်တဲ့အခါမှာ ဖယောင်းတိုင်ဖြစ်စေ ၊ မီးစက်ဖြစ်စေ မီးလင်းစေဖို့ထွန်းကြတဲ့အချိန်မှာ အဲ့ဒီမီးကမလင်းနေရင်အသုံးမဝင်ပါ။ မှောင်တာကမှောင်တာပဲဖြစ်တယ်။ ကော်ဖီသောက်ကြတဲ့အခါမှာလဲ နို့အများကြီးရောတာတို့ ၊ ချိုလွန်းအောင်သကြားထည့်တာတို့ဆိုရင် ကော်ဖီအရသာပျောက်သွားတတ်ပါတယ်။ ဒီလိုပါပဲ ဟင်းချက်တဲ့အခါမှာ ဆားဆိုတာမပါမဖြစ်တစ်ခုပါ။ ကျွန်တော်တို့ဟာဟင်းတစ်ခွက်အရသာပြည့်ဝစေဖို့ ဆားကိုထည့်သုံးကြပါတယ်။ ဒီဆားဟာ အငန်အရသာမရှိဘဲ ၊ အငန်ဓါတ်ကင်းမဲ့နေခဲ့ရင်တော့ သင်နဲ့ကျွန်ုပ်ကြိုက်သလောက်သာထည့်ပါစေ အငန်အရသာမရနိုင်ပေ။ ထိုကဲ့သို့သောဆားသည် မြေဩဇာလဲလုပ်မရ ၊ တခြားဘယ်နေရာမှသုံးမရသောကြောင့်လွင့်ပစ်ရုံမှတပါးမည်သည့်နေရာအတွက်မှအသုံးမဝင်တော့ပေ။
ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်အသက်တာသည်လဲ အငန်ဓါတ်ကင်းမဲ့သောဆားကဲ့သို့ဖြစ်နေသလားဆိုတာကိုအမြဲတမ်းဆန်းစစ်ဆင်ခြင်နေရပေမည်။ ဝိညာဥ်အသီးများအသက်တာမှာတကယ်ရောသီးရဲ့လားဆိုတာဆင်ခြင်ရမည်ဖြစ်သည်။ သို့မှသာ အသက်ရှင်နေခြင်းသည် အကျိုးရှိပေမည်။ ဆိုကြပါစို့ လူကတော့အိမ်ရှေ့မင်းသားဖြစ်ပေမယ့် အိမ်ရှေ့မင်းသား ဘုရင်းသားတော်လိုမနေဘဲ ရပ်ကွက်ထဲမှာရမ်းကားနေလျှင် ၊ သောက်စားဆော့ကစားနေတာပဲ အိမ်ရှေ့စံအလုပ်မလုပ်ဘူး ၊ သူ့အဖေအကျိုး နိုင်ငံ့အကျိုးမသယ်ပိုးဘူး ပေါက်ကရတွေသာလုပ်နေလျှင် မည်သူဂုဏ်သိက္ခါထိခိုက်မည်နည်း။
ထိုကဲ့သို့ပင်ဖြစ်သည်။ ကျွန်တော်တို့နေချင်သလိုနေ ၊ ဖြစ်ချင်တိုင်းဖြစ်နေခြင်း ၊ အသက်တာမှာလွဲမှားနေတာတွေသည် ဘုရားဘုန်းသာထိခိုက်သည်။ ဘုရားဘုန်းတော်ရှုံ့ချစရာသာဖြစ်စေသောကြောင့် ကျွန်တော်တို့အသက်တာမှာ အငန်ကင်းမဲ့သောဆားကဲ့သို့ဖြစ်နေသလား ၊ အသီးမသီးသောသူတွေဖြစ်နေသလားဆိုတာကိုမိမိကိုယ်ကိုယ်ဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်း၏အသက်တာသည် ဆားမပါသောဟင်းတစ်ခွက်လိုအရသာမရှိသောဟင်းတစ်ခွက်မဖြစ်စေဘဲ အနံ့အရသာအာဟာရနှင့်ပြည့်စုံသောဟင်းကောင်းတစ်ခွက်ကဲ့သို့ ယုံကြည်သူခရစ်ယာန်အသက်တာဟာဝိညာဥ်အသီးများသီးရင်းဘုရားဘုန်းတော်ထင်ရှားသောသူများဖြစ်ကြစေဖို့အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၅:၁၃
သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။
ဝိညာဥ်အသီးမသီးသောခရစ်ယာန်အသက်တာဟာ ဆားမပါသောဟင်းတစ်ခွက်လိုပါပဲ ပေါ့ရွှတ်ရွှတ်နဲ့အဆင်ကိုမပြေပါဘူး။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi