အလင်း၏သား

ကျွန်ုပ်တို့ ယုံကြည်သူများသည် သန့်ရှင်းခြင်း အသက်တာနှင့် အသက်ရှင်ရမည်ဖြစ်သည်။ ဘာရယ်မဟုတ်ပါဘူးဆိုသော အရာများသည် ဘာရယ်မဟုတ်ပေမယ့် မိမိ၏ ဘဝအသက်တာအား ဆွဲချသွားတတ်ကြသည်ကို သတိပြုကြရပေမည်။ အသက်တာထဲမှာ ဝိညာဥ်တော် ကျိန်းဝပ်သော ယုံကြည်သူသည် လောက၏ အလင်းအဖြစ် ရှင်သန်ရမည်။ မိမိရှိတဲ့နေရာအတွက် အလင်းဖြစ်စေရမည် မဟုတ်ပါလား။
အပင်ကို ကောင်းမကောင်း အသီးကိုကြည့်တယ်လို့ဆိုသလို၊ အသီးမသီးသော အပင်သည် အသုံးမဝင်ပေ။ သရက်ပင်ကလည်း သရက်သီးသာသီးသကဲ့သို့၊ သိုးသည်လည်း သိုးကလေးကိုသာ မွေးသည်။ ဒါ့ကြောင့် အလင်း၏သားသည် အလင်းနှင့်သာဆိုင်သည်ဖြစ်ပြီး မှောင်မိုက်နှင့်မဆိုင်သလို၊ အသီးမသီးသော အသက်တာသည် မည်သို့ အဓိပ္ပါယ်ရှိမည်နည်း။
သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၅
သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်။
ကျွန်ုပ်တို့ယုံကြည်သူတွေသည် ယေရှုခရစ်တော်နှင့်သာ ဆိုင်သည်။ ထိုသခင်သည် ဒုစရိုက်ကိုမပြုတတ်ဟုဆိုသည်အတိုင်း ထိုသခင်ကို ယုံကြည်လက်ခံသော ကျွန်ုပ်တို့သည်လည်း သားအရာကိုရသလို အလင်းကိုသာ လင်းစေရမည်ဖြစ်သည်။ ကောင်းသောအရာတွေကို ရွေးယူတတ်ရမည် မဟုတ်ပါလား။ ဒုစရိုက်မှောင်မိုက်နှင့်သာ ပျော်မွေ့နေလျှင်တော့ စဥ်းစားစရာဖြစ်ချေမည်။
ဒါ့ကြောင့် မှောင်မိုက်နှင့် မဆိုင်သော ကျွန်ုပ်တို့တွေသည် လောကအတွက် အလင်းကိုလင်းစေကာ အလင်း၏သားဖြစ်ကြောင်းကို သက်သေထူတတ်သော သူတွေဖြစ်စေဖို့ရာ ဆင်ခြင်လျှက် ရှေ့ဆင်ရမည့် အသက်တာမှာ ပြုလေရာရာ၌ ဘုရားသခင်၏ ဘုန်းတော်ကိုထောက်လျှက် အလင်းသာ လင်းစေပါမည့်အကြောင်း အနည်းငယ်တိုက်တွန်း ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet