November 26, 2026

ဝိညာဥ်​ရေးရာဂီလာန

ကျွန်​တော်တို့ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ ဗီတာမင်​တွေဆိုတာရှိပါတယ်။ ဒီထဲမှာမှ အ​ရေးတကြီးမရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်​တွေက​တော့ Vitamins A, C, D, E, K. B အုပ်စု​တွေဖြစ်တဲ့ Thiamine(B1), Riboflavin(B2), Niacin(B3), Pantothenic acid(B5), Pyroxidine(B6), Biotin(B7), Folate(B9), Cobalamin(B12) တို့ဖြစ်ပါတယ်။

ဗီတာမင် (A, D, E, K) ​တွေကို ခန္ဓါကိုယ်၏အဆီတစ်ရှူး​တွေမှာသို​လှောင်ထားပါတယ်။ အခြားကျန်​သော ဗီတာမင်(၉)ခုသည် ​ရေတွင်​ပျော်ဝင်နိုင်ပြီး​တော့ ဆီးသွား​သောအခါတွင်ခန္ဓါကိုယ်မှဖယ်ထုတ်လိုက်​သော​ကြောင့်ပြန်လည်ဖြည့်တင်းဖို့ရာလိုအပ်ပါသည်။ ဗီတာမင် (B12) သည်​ရေတွင်​ပျော်ဝင်နိုင်​​သောတစ်ခုတည်း​သောအရာဖြစ်ပြီးအသည်းထဲတွင်သို​လှောင်ထားသည်။ ထိုမရှိမဖြစ်လိုအပ်​သော ဗီတာမင်(၁၃)မျိုးလုံးကိုရရှိရန်အ​​ကောင်းဆုံးနည်းမှာအစားအစာကိုသင့်တင့်မျှတစွာစားခြင်းပင်ဖြစ်သည်။ ဗီတာမင်​တွေဘယ်လိုရမယ် ၊ ဘယ်အစားအစာ​တွေကဘာ​ဓါတ်​တွေပါမယ် ၊ ဘာ​ရောဂါကာကွယ်​ပေးတယ်ဆိုတာကို​တော့ ​လေ့လာနိုင်​စေဖို့ရာ Link ကို​အောက်ဆုံးတွင်​ဖော်ပြပေးလိုက်ပါတယ်။

ကျွန်​တော်တို့​နေ့စဥ်ထမင်းစားတဲ့အခါမှာလဲ ထမင်းကြီးသက်သက်စားတာမဟုတ်ဘဲ ၊ ထမင်းနဲ့ဟင်းကိုမျှတစွာစားကြသကဲ့သို့ ယုံကြည်သူတစ်​ယောက်ရဲ့​နေ့စဥ်အသက်တာမှာ ဆု​တောင်းခြင်း ၊ ကျမ်းစာဖတ်ခြင်း ၊ ဆင်ခြင်​​အောက်​မေ့ခြင်း စသဖြင့် သင့်တင့်မျှတ​နေဖို့လိုပါတယ်။ 
ကျွန်​တော်တို့ယုံကြည်သူခရစ်ယာန်​တွေကအကယ်၍သာဆု​တောင်းအားကြီးတယ်ကျမ်းစာ​တော့မဖတ်ဘူး ၊ ကျမ်းစာဖတ်အား​တော့ကြီး​ပါတယ်ဆု​တောင်း​ပျင်းတယ် ၊ ဆင်ခြင်​အောက်​မေ့လွန်း​ပေမယ့်ဆု​တောင်းတာမရှိသလိုကျမ်းစာမသိဘူး စသဖြင့် မမျှမတ​သောဝိညာဥ်​ရေးသာရှိ​နေလျှင် အာဟာရချို့တဲ့​သောဝိညာဥ်​ရေးဖြစ်လာမှာဖြစ်သလို သူတပါးအလွယ်တကူလိမ်လည်ဖျား​ယောင်းနိုင်ပါတယ်။ ဒါကိုဝိညာဥ်​ရေးရာဂီလာနဖြစ်ခြင်းလို့ဆိုနိုင်ပါတယ်။

ကိုယ်မှာသာယုံကြည်သူတစ်​ယောက်ရှိရမယ့် ဆု​တောင်း ၊ ကျမ်းစာဖတ် ၊ ဆင်ခြင်​အောက်​မေ့ခြင်း စသဖြင့်အရာ​တွေမရှိ​နေရင် ၊ ယုံကြည်သူ​တွေရဲ့လက်နက်အစုံသာမရှိ​နေရင် ပြဿနာ​တွေကြုံတဲ့အခါ ၊ မှားယွင်း​သောဩဝါဒ​တွေလာတဲ့အခါ မှားမှန်းမသိ ၊ မှန်မှန်းမသိနဲ့ အလွဲ​နောက်လိုက်မှန်းမသိလိုက်သွားရင်း ​နောက်ဆုံးမှာ​တော့ ကယ်တင်ခြင်းလမ်းပါလွဲ​ချော်သွားနိုင်ပါ​သော​ကြောင့် သိပ်ကိုအန္တရာယ်ကြီး​သောအရာဖြစ်တယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။ စာတန်ပင်လျှင်ကျမ်းစာသုံး၍လာပါတယ် ၊ လက်ရှိလွဲ​နေ​သော မှားယွင်း​သောဩဝါဒ​တွေသည်လဲ ကျမ်းစာကိုအ​ခြေခံပြီးလွဲပါတယ် ၊ ​ဒေဿနာဘယ်​လောက်​ကောင်း​ကောင်း ကျမ်းစာအ​ခြေမခံထားလျှင် ၊ ကျမ်းစာအ​ခြေခံထား​သော်လည်း အလွဲ​ပြောနေလျှင် ၊ ကျမ်းစာသုံးတာဘဲဆိုပြီး မျက်စိမှတ်မခံယူဖို့ရာအ​ရေးကြီးပါတယ်။ ဒါ့​ကြောင့်မို့လို့ ကျွန်​တော်တို့ယုံကြည်သူခရစ်ယာန်​တွေသည်အစားအစာကိုသင့်သင့်စွာစားသုံးကြသလို ဝိညာဥ်​ရေးရာအစာကိုလဲမျှတစွာစားကြဖို့နဲ့ပြင်ဆင်ထား​သောလက်နက်စုံကိုဝတ်ဆင်ကြပါစို့လို့အနည်းငယ်တိုက်တွန်းခွန်အား​ပေးချင်ပါတယ်။

ဧဖက်ဩဝါဒစာ ၆:၁၄-၁၇
သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊
ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။
မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။
ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

ဗီတာမင်​တွေဖော်ပြထားတာကို​လေ့လာဖို့ဖြစ်ပါတယ်။


https://www.readersdigest.ca/health/healthy-living/13-essential-vitamins-your-body-needs-stay-healthy/

Previous Next