ရေ နှင့် ရေ

လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါအတွက် ရေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ၆၀ ရာခိုင်နှုန်းဟာ ရေ၏အလေးချိန်ဖြစ်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေ ပြောဆိုကြပါတယ်။ အမျိုးသားတစ်ယောက်အတွက် တစ်နေ့တာမှာ ရေကို ၃လီတာ ခန့်သောက်သုံးသင့်ပြီး၊ အမျိုးသမီးတစ်ယောက်အတွက်ကို ၂လီတာ ကျော်ခန့် သောက်သုံးသင့်တယ်လို့ ဆိုကြပါတယ်။
လူတစ်ယောက်ဟာ ရေဓါတ်ခမ်းခြောက်လာရင် ဘယ်လို လက္ခဏာကို ခံစားရသလဲဆိုရင်ဖြင့် အသားအရည်ခြောက်၊ အားပျက်၊ ရေဆာရေငတ်မယ်၊ ကြွက်သားနာ၊ ဆီးမသွား၊ ဆီးအရောင်ဟာ အဝါရင့်ရောင်တွေပြောင်းသွားမယ် အရမ်းနံလာမယ်၊ ခေါင်းမူးမယ်၊ ခေါင်းကိုက်မယ်၊ ပင်ပန်းနွမ်းနယ်လာမယ်၊ အာခေါင်ခြောက်၊ နှုတ်ခမ်းတွေခြောက်၊ ဆီးအနည်းငယ်သွားမယ်၊ ဆီး ၄ကြိမ်ထက် နည်းပြီးသွားမယ်၊ စသဖြင့် ဖြစ်ပါတယ်။
ရေဓါတ်ခမ်းခြောက်ခြင်းသည် အသက်ဆုံးရှုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်အတွက် ရေဟာအရေးပါသော အရာတစ်ခုဖြစ်ပါတယ်။ ဒီလို ရေဓါတ်ခမ်းခြောက်ခြင်းကို မဖြစ်စေဖို့အတွက် သတ်မှတ်ထားသလို ရေကို သေသေချာချာသောက်သုံးဖို့ရာ လိုအပ်တယ်ဆိုတာကို နားလည်ရပါတယ်။ ဒီလိုပါပဲ ဝိညာဥ်ရေးရာ ခမ်းခြောက်ခြင်းတွေ မဖြစ်စေဖို့ကတော့ နှုတ်ကပါတ်တော်ရေကို အမြဲတမ်း သောက်သုံးရမှာဖြစ်ပါတယ်။
ကျမ်းစာမဖတ်ချင်တော့ဘူး၊ ဒီတရားဟောချက်တွေကို ကြားဖူးပါတယ် နားထောင်စရာမလိုတော့ဘူး၊ လောကအရာကိုပို ဦးစားပေးလာတယ်၊ ဆုတောင်းပျင်းလာတယ်၊ ဘုရားကိုအချိန်ပေးရမှာထက် အခြားအရာသာလုပ်ချင်နေတယ်၊ ဒေသနာတွေကို နားထောင်နာယူတာထက် ကိုရီးယားဇာတ်လမ်းသာစိတ်ဝင်စားလာတယ် စသဖြင့်တဖြေးဖြေး ဝိညာဥ်ရေးရာ လုံးပါးပါးလာပြီး သွေ့ခြောက်ခြင်းမဖြစ်စေဖို့ရာ ဆင်ခြင်ဖို့ရာ လိုအပ်ပါတယ်။
သောက်ရေတစ်ခွက်ဟာ လူ့ကိုယ်ခန္ဓါအတွက် ဘယ်လောက် အရေးပါသလဲဆိုတာကို မြင်ရင်၊ ထိုရေဓါတ်ခမ်းခြောက်ခြင်းက ဘယ်လောက်ဆိုးတယ်ဆိုတာကို မြင်ရင် ဝိညာဥ်ရေးရာသွေ့ခြောက်ခြင်းဟာ ဘယ်လောက်ထိ သာ၍ ဆိုးတယ်ဆိုတာကို နားလည်မယ်လို့ ယူဆမိပါတယ်။ ရေစီးသော စမ်းရေကို ဆာငတ်သော သမင်ဒရယ်ကဲ့သို့ ယုံကြည်သူခရစ်ယာန်တိုင်းက ထာဝရဘုရား၏ နှုတ်ကပါတ်တော်ရေကို ဆာငတ်တောင်းတသူများဖြစ်စေဖို့ရာ လိုအပ်ပါတယ်။
ဆာလံကျမ်း ၄၂:၁
သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။
ဒီရေဓါတ်ပြည့်ဝနေတဲ့သူဟာ နေပူထဲထွက်လဲ ပြသနာမရှိသလို၊ ပင်ပန်းသောအလုပ်လဲ လုပ်နိုင်တယ်၊ သူတပါးလာတိုက်ခိုက်လဲ ပြန်တိုက်ခိုက်နိုင်တယ်ဆိုတာကို နားလည်ရတယ် ဘာဖြစ်လို့လဲဆိုရင် သူဟာရေဓါတ် ခမ်းခြောက်မနေဘူး ရောဂါမခံစားနေရဘူး၊ သူသာ ပင်ပန်းနေရင် အလုပ်လုပ်နိုင်မလား၊ ကြွက်သားနာကျဥ်ရေရင် ပြန်တိုက်ခိုက်နိုင်မလားပေါ့။ ဒီလိုပါပဲ နှုတ်ကပါတ်တော်ရေနှင့် ပြည့်ဝနေသောသူသည် ပင်ပန်းဆင်းရဲ အခက်အခဲကြုံရရင်လဲ မလဲပြိုဘူး၊ လောကမုန်တိုင်းတိုက်ခတ်နေသော်လည်း ငြိမ်ဝပ်တယ်၊ ဘာဖြစ်လို့လဲဆိုရင် နှုတ်ကပါတ်တော်ရေနှင့်ပြည့်သောသူဖြစ်လို့ဖြစ်ပါတယ်။ ယခုလိုကာလမျိုးမှာ နှုတ်ကပါတ်တော်ရေ ခမ်းခြောက်နေမယ်ဆိုရင် မတွေးဝံ့စရာပဲဖြစ်တယ်။ ဒါ့ကြောင့် နှုတ်ကပါတ်တော်ရေကို နေ့စဥ်ဆာငတ်တတ်ပြီး နာယူကာ လက်တွေ့ဘဝမှာ ပြန်လည်စီးဆင်းသော အသက်တာဖြစ်စေကြဖို့ရာ အနည်းငယ်ဝေမျှ ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet