November 26, 2026

*Hope* (​မျှော်လင့်ခြင်း)

လက်ရှိဖြစ်​ပေါ်​နေ​သော ​ Virus ကူးစက်မှုအ​ခြေ​အ​နေ​တွေ၊အရ​သော်၎င်း၊ Covid လူနာ​စောင့်ကြည့်အ​ခြေအ​နေအားဖြင့်​သော်၎င်း၊ အမျိုးမျိုး​သောလူ​တွေကအိမ်မှာ​နေရင်းနဲ့ဖြစ်​စေ၊အလုပ်မှာ​သော်၎င်း၊တ​နေရာရာမှဖြစ်​စေ၊ အမျိုးမျိုး​သော စိတ်ကူး​တွေ၊​မျှော်လင့်ချက်​တွေ၊လုပ်​ဆောင်ချင်တာ​တွေကို စိတ်ကူးကြတယ်၊ရင်ဖွင့်ကြတယ် အစရှိသဖြင့်​ပေါ့။
​မျှော်လင့်ခြင်း(Hope)လို့ဆိုကတည်းက​တော့ အသက်ရှင်​နေလို့​မျှော်လင့်စရာရှိတာဖြစ်တယ်။
တချို့က ဒီအ​ခြေအ​နေ​တွေ​ကောင်းသွားရင် ဘယ်ကိုသွားမယ်၊ဘာ​တွေစားမယ်၊ဘာ​တွေလုပ်မယ်၊ တချို့ကလဲ ဘုရား​ကျောင်းသွားမယ်၊လိမ္မာ​တော့မယ်၊ဘာဘာညာညာနဲ့ အစရှိသဖြင့်​ပေါ့။ မ​နေ့ကကျွန်​တော် စာ​လေးတစ်ခုဖတ်လိုက်ရတယ် (ခင်ဗျားကို ပြုံးပြချင်​သေးတယ် ကျန်းမာ​အောင်​နေပါ)ဆိုတဲ့ အပြုသ​ဘော​ဆောင်​ရေးထားတဲ့စာ​လေးဖတ်လိုက်ရ​သေးတယ်။
သင်​ရောဘာကို​မျှော်လင့်​နေသလဲ။ဒီအရာ​တွေကို​ကြောက်လန့်​နေသလား၊စိုးရိမ်​နေသလား၊စိတ်ပျက်​နေသလား၊အား​လျော့​​နေပါသလား။ သင်ကိုယ်တိုင်ကြုံ​တွေ့​နေရလို့​ရော ဝမ်းနည်း​နေသလား။


ကျွန်​တော်အနည်းငယ်တိုက်တွန်းခွန်အား​ပေးချင်တယ်။ သင်ဟာကယ်တင်ခြင်းစိတ်ချ​သောသူဖြစ်တယ်ဆိုရင် ​ကျေးဇူး​တော်သာချီးမွမ်းပါ။​ စိုးရိမ်ခြင်းရှိသမျှ သင့်ဝန်ထုတ်ကို ​ယေရှုခရစ်​တော်ထံအပ်ပါ။သင်​ကြောက်စရာဘာလို​သေးလို့လဲ တမလွန်လဲစိတ်ချရပြီ၊အ​ဖြေလဲတိတိကျကျရှိတယ်မလား။ သူတပါးအတွက်ပိုဆု​တောင်း​ပေးပါ။ အ​ဖြေလိုအပ်​နေသူ​တွေကယ်တင်ခြင်းမရ​သေးသူ​တွေအတွက်​ပေါ့။

အကယ်၍သင်ဟာ မယုံကြည်သူဖြစ်​နေမယ်၊ကယ်တင်ခြင်းမရ​သေးသူ၊​ယေရှုခရစ်​တော်ကို မိမိလက်မခံရ​သေးရင် ယခုပင်ကယ်တင်ရာ​နေ့ရက်ဖြစ်ပါတယ်။ သင်ယုံကြည်လက်ခံချင်တယ်ဆိုရင်​နှုတ်ဖြင့်ဝန်ခံပါ။


​
***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

သင့်​မျှော်လင့်ခြင်းသည် ဘုရားသခင်ကိုသာဖြစ်ပါ​စေလို့တိုက်တွန်းချင်ပါတယ်။

 

ဆာလံကျမ်း ၆၂:၅
အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါမျှော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။

 

ဆာလံကျမ်း ၂၇:၁၄
ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့။

 

ကျွန်​တော်တို့ရဲ့​မျှော်လင့်ခြင်းသည် ​လောကအရာ​တွေထက် အထက်အရာဖြစ်​စေပြီး​တော့၊​ဝန်​လေး​၍ပင်ပန်းခြင်း​တွေသည် ​ယေရှုခရစ်​တော်အားဖြင့်သာ ဝန်​ပေါ့​စေမှာဖြစ်တယ်လို့အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။ လက်ရှိရင်ဆိုင်​နေရ​သော အ​ခြေအ​နေမှာစိတ်မပျက်အားမ​လျော့​စေပဲနဲ့ အားယူ၍ရဲရင့်ခြင်းရှိကြပါလို့အနည်းငယ်ခွန်အား​ပေးတိုက်တွန်းချင်ပါတယ်။

 

ဆာလံကျမ်း ၃၉:၇
ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်း ရှိပါ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next