The Joy

God is not dead ရုပ်ရှင်တစ်ခု၏ နောက်ဆုံးခန်းတွင် ပြောခဲ့သော စကားစုလေးတစ်ခုအား ပြန်လည်ဝေမျှခွန်အားပေးချင်ပါတယ်။ ထိုစကားစုလေးကတော့
( Pain?
Yes, for just a few minute.
Think about the joy from heaven. ) ပဲဖြစ်ပါတယ်။
လူတိုင်းလူတိုင်းဟာ တစ်နည်းနည်း တစ်ဖုံဖုံ တစ်စုံတစ်ခုသောအားဖြင့်သော နာကျဥ်ခဲ့ဖူးကြပါတယ်။ လူမှုရေးမှာအဆင်မပြေ၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေးအားဖြင့်သော်၎င်း အစရှိသဖြင့် တစ်မျိုးမျိုးတော့ နာကျဥ်ခံစားခဲ့ရဖူးတယ်၊ ငိုကြွေးမြည်တမ်းခဲ့ဖူးကြမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။
လူတိုင်းဟာ ထိုနာကျဥ်မှုကို မကျော်လွှားနိုင်ကြပါဘူး၊ တစ်ချို့ကတော့ ထွက်ပေါက်ရှာကာ ဘဝပျက်သွားကြတယ်၊ တချို့ကလဲ လောကကြီးနဲ့အဆက်ဖြတ်လိုက်ကြတယ်။ ဒါပေမယ့် ဒါဟာ မှန်ကန်သော လမ်းမဟုတ်ဘူးဆိုတာကိုတော့ လူတိုင်းကသိကြပါသော်လည်း နောက်ဆုံးမှာတော့ ရွေးချယ်သွားကြတတ်ပါတယ်။
ဗျာဒိတ်ကျမ်း ၂၁:၄
ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။
ကျွန်တော်တို့ယုံကြည်သူတွေရော ထိုကဲ့သို့ မနာကျဥ်ဘူးလား၊ မငိုကြွေးတတ်ဘူးလား၊ အခက်အခဲပြဿနာတွေ မရှိကြဘူးလားဆိုရင်တော့ ရှိပါတယ်လို့ ရိုးသားစွာ ဝန်ခံပါရစေ။ နာကျဥ်တတ်တယ်၊ ငိုကြွေးတတ်တယ်၊ ခံစားတတ်သလို၊ လူမှုရေးမပြေလည်မှု၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေး၊ အစရှိသဖြင့် အခက်အခဲတွေကိုလည်း ရင်ဆိုင်ရတတ်ကြပါတယ်။ သို့သော် ဘာဖြစ်လို့များ အမြဲတမ်း ချီးမွမ်းနေကြတာလဲ၊ ဘာလို့များအမြဲတမ်း ဝမ်းမြောက်နေကြတာလဲ၊ ဘာလို့များ အခက်အခဲပြဿနာတွေ မပြေလည်ခြင်းတွေ ငိုကြွေးရခြင်းတွေကို ကြုံရသော်လည်း လောကသားတွေနဲ့မတူ ထူးခြားနေရသလဲဆိုရင်ဖြင့် ထိုအခက်အခဲတွေအထဲမှာ လည်း ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် အတူရှိနေသောကြောင့်ပဲဖြစ်ပါတယ်။
ငါသည်သင့်ကိုမစွန့်ဟူသော ကတိတော်၊ မစိုးရိမ်နှင့် ဆိုသော ကတိတော် စသဖြင့် ကတိတော်များကို စွဲကိုင်ကာ ဝမ်းမြောက်ခြင်းရှိသော သူများပင်ဖြစ်သောကြောင့်ဟု ပြောပါရစေ။ ခက်ခဲလားမေးရင် ခက်ခဲတတ်ကြပါတယ်၊ မနာကျဥ်ဘူးလားမေးရင် သိပ်နာကျဥ်တတ်ကြပါတယ်၊ ငိုကြွေးတတ်ကြပါတယ် ဒါပေမယ့် ဒါဟာ ခဏတာအတွက်သာဖြစ်တယ်၊ ကိုယ်တော်ခံပေးခဲ့သော ဒဏ်ချက်တော်ကိုဆင်ခြင်ကြည့်ရင် ဒါကမပြောသာဘူးမဟုတ်ပါလား။ ထာဝရအသက်ကိုရပြီး ကောင်းကင်နိုင်ငံတော်တွင် ခံစားရမည့် ဝမ်းမြောက်ခြင်းကို ဆင်ခြင်ကြည့်ရုံနှင်ပင် ဒီခက်ခဲနာကျဥ်နေရတဲ့အထဲကနေတောင် ဝမ်းမြောက်နေကြသည်မှာ မြေကြီးလက်ခတ်မလွဲ မဟုတ်ပေဘူးလားခင်ဗျား။
ထို Pain ဆိုသည်မှာ ခဏတာလေးပင်ဖြစ်ပြီး ထို ခက်ခဲနာကျဥ်ခြင်းတွေထဲမှာလဲ အတူရှိသောဘုရားဖြစ်ရုံသာမက အောင်မြင်ကျော်လွှာနိုင်စေမည်ဖြစ်သလို Joy မည်သည်သော ဝမ်းမြောက်ခြင်းကို ယခုဘဝ၊ ထာဝရကာလ ခံစားရမည်ကို ဆင်ခြင်ရုံနှင့်ပင် ကျေးဇူးတော်ဟာ ကြီးမားလွန်းလှပါတယ်။ ဒါ့ကြောင့် မိမိတို့ခံစားရသော နာကျဥ်ခြင်းတွေဟာ တစ်ခဏသာဖြစ်ပြီး ထာဝရကာလ၏ ဝမ်းမြောက်ခြင်းတွေကို ဆင်ခြင်ရုံမက ယခုပင် ဝမ်းမြောက်နေကြတယ်ဆိုတာ ဧကန်မုချဖြစ်ပါတယ်လို့ အနည်းငယ်ဝေမျှခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet