November 26, 2026

တည်​စေမည်

အဲဂုတ္တုပြည်မှ ထွက်လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ကို ကျိန်ဆဲဖို့ရန် ဗာလတ်မင်းသည် ဗာလမ်ကိုငှားတယ်။ ဒီလူမျိုး​တွေကို မကျိန်ဆဲရဘူး၊ ကျိန်ဆဲဖို့ရာ လာ​ခေါ်ရင်လည်း လိုက်လဲမသွားရဘူး၊ ကောင်းကြီး​မင်္ဂလာကိုခံရ​သောသူ​တွေဖြစ်တယ်လို့ ဆိုထား​တာကို ဗာလမ်သိပါတယ်။ သို့​သော် သူလိုက်သွားတယ်၊ ဒါ​ပေမယ့် သူ့ကို ဘုရားသခင်သည် မြည်းရဲ့နှုတ်ကိုဖွင့်ပြီး သတိ​ပေး​ခဲ့တယ်။ လိုက်ခွင့်​တော့ ​ပေးလိုက်​ပေမယ့် သူ့ရဲ့အကြံအစည်၊ သူ့ရဲ့နှုတ်ကထွက်ဆိုမည့် ကျိန်ဆဲခြင်းထွက်ခွင့်မရခဲ့​ပေ။ ကျိန်ဆဲဖို့ရန်သွား​သော်လည်း ​ကောင်းကြီးသာ​ပေးခဲ့ရ​လေသည်။ တနည်းဆို​သော် သူ့အကြံအစည် မတည်ခဲ့၊ ဘုရားသခင်၏ အကြံအစည်သာ တည်​စေခဲ့သည်။ 

အာရုန်ကို ​ခေါင်း​ဆောင်​နေရာမှ ဖယ်၍ ဖြုတ်ချဖို့ရန် ကြိုးစားကြသူ တစ်စုတို့၏ အကြံအစည်၊ ​တွေး​တော၍ ပြင်ဆင်ခြင်း၊ သူတို့သည်ပင်လျှင် ဦး​ဆောင်နိုင်မည် အာရုန်၏​နေရာကို ယူနိုင်မည်ဟုထင်​သော ဥာဏ်ပညာတို့သည် ဟုတ်​သလိုထင်ရနိုင်​ပေမယ့် အတည်ပြု​ပေးခဲ့​သောအခါ အပွင့်ပွင့်​သော အာရုန်၏ လှံတံဟုပင် လှပစွာ ဖြစ်​ပေါ်လာ​စေခဲ့သည်။ ​ကောရနှင့်အ​ပေါင်းအပါတို့၏ အကြံအစည်၊ ဥာဏ်ပညာတို့သည် မတည်ခဲ့​ပေ။ ထာဝရဘုရား၏ အတည်ပြု​ပေးခြင်းသာ တည်ခဲ့​လေသည်။ 

သုတ္တံကျမ်း ၂၁:၃၀
ထာဝရဘုရားတစ်ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။ 

ကျွန်​တော်တို့လက်ရှိ ဘာ​တွေ​တွေး​တော​နေသလဲ၊ ဘာ​တွေကြံစည်​နေသလဲ၊ ထာဝရဘုရား၏ တစ်ဘက်၌ရှိ​သော အကြံအစည်သည် တည်တံ့မည်မဟုတ်​ပေ။ အချို့ကလည်း အလို​​တော်နှင့် ဆန့်ကျင်​သော အရာမှန်သမျှကို ​လုပ်​ဆောင်​နေကြ​သော်လည်း တည်တံ့ခြင်းရှိမည်မဟုတ်ပါတကား။
ဒါ့​ကြောင့် မိတ်​ဆွေနှင့်ကျွန်​​တော်တို့ရဲ့ ဆန္ဒ၊ အကြံအစည်၊ လုပ်​ဆောင်ရာများကို ဆင်ခြင်ကြည့်ဖို့ရာလိုအပ်သလို၊ ကိုယ့်အမှုအရာကို ထိုသခင်၌အပ်ပါ ပြင်ဆင်မယ်လို့ဆိုသည့်အတိုင်း ထာဝရဘုရား၏ အကြံအစည်သာ ကျွန်ုပ်တို့အ​ပေါ် တည်​စေမည်ဖြစ်ပါတယ်လို့ အနည်းငယ် ​တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next