November 26, 2026

စဥ်းစားပါ

မိတ်​ဆွေတို့ကို စဥ်းစား​စေဖို့ အတိုချုပ်​လေးတစ်ခု ​ဖော်ပြ​ပေးချင်ပါတယ်။ 

ဒါဝိဒ်ကိုသာ ရှင်ဘုရင် ဘုရားလူဆိုပြီး အမှားကို ​ထောက်မပြပဲ လွှတ်​ပေးထားခဲ့ရင် ... 

ဒါဝိဒ်ကသာ ငါကဘုရားလူဖြစ်တယ်၊ ငါနဲ့ဘုရားနဲ့ရှင်းမယ်။ သို့မဟုတ် သူ့လူ​တွေက ဘုရားလူ ဘုရားဘိသိက်ရှိတဲ့သူကို လာမ​ပြောနဲ့၊ သူနဲ့ဘုရားရှင်းပါ​စေလို့ ​ပြောခဲ့ရင် ... 

​နေဟမိသာ ဗိမာန်​တော်ကို မကာကွယ်ပဲ တည်​ဆောက်ခြင်းတစ်ခုသာ လုပ်ခဲ့မယ်ဆိုရင် ... 

​​ရှင်ပေါလုသာ ​ရှင်ပေတရုရဲ့အပြုအမူက တပါးအမျိုးသားနဲ့သီးခြား​နေခြင်းသည် ဧဝံ​​ဂေလိတရားကို ထိမိစရာဆိုတာ မ​ပြောခဲ့ရင် ... 

​ရှင်ယောဟန်သာ ​ယေရှုနဲ့ခရစ်​တော်ခွဲတာ အလွဲလို့ မဆိုခဲ့ရင် ... 

မာတင်လူသာကသာ ကျမ်းစာနဲ့လွဲ​နေတာ​တွေကို မ​ဖော်ပြခဲ့ရင် ... 

ဒီလူအချို့ကို ပြန်ကြည့်တဲ့အခါမှာ သူတို့​တွေက အ​ပေအ​တေ​တွေကို ​ပြော​နေတာ မဟုတ်ဘူး။ သူတို့ အပြစ်​ဖော်ပြ​​ ထောက်ပြနေတာ​တွေက ညီအကိုချင်း​တွေ၊ ပုတ်ရဟန်းမင်း​တွေ စသဖြင့် လူအထင်ကြီး ​လေးစားရသူ​တွေဖြစ်တယ်။ ဘုရားလူလို့ဆိုကြတဲ့၊ ခရစ်ယာန်တိုင်း အားကျ နှစ်သက် အတုယူတတ်ကြတဲ့ ရှင်ဘုရင် ဒါဝိဒ်လည်း အပါအဝင်ဖြစ်တယ်။ 

တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၄
သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ 

ဥပမာ​ ဆိုကြပါစို့။
​မောင်​မောင်ရဲ့အ​ရှေ့မှာ လူတ​ယောက် လမ်း​လျှောက်လာတယ်။ ဒီလူက သူ့​ရှေ့က တွင်းနက်ကြီးရှိတာကို မသိဘူး။ ဆက်သွားရင်ကျ​ပြီး​သေတော့မယ်။ သူနဲ့အတူ လူ​တွေလည်းရှိသလို၊ အခြားလူ​တွေလည်း လာ​နေကြတယ်ဆိုပါ​တော့။
ဒါကို မိတ်​ဆွေတို့သာ ​မောင်​မောင်​နေရာမှာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ 

ဒီလူကြား​အောင် ​အော်​ပြောခြင်းက ​မေတ္တာမရှိရာ ကျ​နေမလား၊ ဒီလူစိတ်ဆိုးစရာဖြစ်မလား။ ​ဘေးကလူ​တွေက​ရော ကိုယ်နဲ့မဆိုင် ဝင်ပါတယ်၊ သူ့ဖာသူ ​သေ​သေ​ပေါ့၊ ​အော်​ပြော​နေတာ ​မေတ္တာကို မပါဘူး၊ သူ့ဖာသူ ဘယ်လို​လျှောက်​လျှောက်​ပေါ့လို့ ဆို​လေမလား။ 

ဒါမှမဟုတ် ​မေတ္တာရှိလို့ ​မေတ္တာပြတဲ့အ​နေနဲ့ ​နေ​ကောင်းတယ်​​နော်လို့သာ ​ဖြေးညှင်းစွာ နှုတ်ဆက်​လေမလား။ လူ​တွေကလည်း ဒီလူ​မဆိုးဘူး​ ပြောမှာလား။ 

သူပြုတ်ကျ​သေတာ သူမမြင်လို့ သူ့အသုဘသူရှင်းပါ​စေ​တော့လို့သာ ဆို​​လေ​ရော့မလား။ ​ဘေးကလူ​တွေက​ရော ဒီလိုပဲ ဆိုကြမလား။ 

​မောင်​မောင်ရဲ့ သတိ​ပေးခြင်းသည် ဒီလူအတွက်တင်မကဘူး၊ ​ဘေးကလူ​တွေ​ရော၊ ​နောက်လာ​နေတဲ့သူ​တွေပါ သတိထားမိ​အောင် ဖြစ်​စေမလား၊ ကိုယ့်အသုဘကိုယ်ရှင်းလို့ ဖြစ်​စေမလား။ မိတ်​ဆွေ​ရော ဘယ်လို ဆုံးဖြတ်ချက်ချမိမလဲဆိုတာ ​သေ​သေချာချာ စဥ်းစားနိုင်ပါ​စေ။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next