November 26, 2026

မကျန်းမာခြင်းနှင့်ဒုက္ခဆင်းရဲ​ကြုံ​ရ​သော်လည်း

ရှေးဦးစွာဘုရားသခင်ရဲ့​ကျေးဇူး​တော်ကိုချီးမွမ်းပါတယ်။
ဒီ​နေ့အချိန်ထိအသက်ရှင်​နေရတာလဲ​ကျေးဇူး​တော်ပါပဲ။
ဒီ​နေ့မှာကျွန်​တော်ဆင်ခြင်မိတဲ့အရာ​လေးကိုပြန်လည်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

တစ်ခုခုဒုက္ခအခက်အခဲကြုံ​နေရတဲ့အချိန်မှာ​ရော ဘုရားသခင်မပါဘူးလား၊​မေ့​လျှော့​နေသလား၊ဘယ်​ရောက်​နေပါသလဲဆိုတဲ့ သို့​လော သို့​လော ​မေးခွန်း​လေး​တွေ​ရိုက်ခတ်လာတတ်ပါတယ်။ နှုတ်ကပါတ်​တော်တစ်ချက်က​တော့ဒီလို​ပြောပါတယ် ...

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၀:၁၃
လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။

 

ရှင်းပါတယ် Covid လဲကူးနိုင်ပါတယ်။လူတိုင်းကြုံရပါတယ်၊လူ၌ဖြစ်တတ်တဲ့အရာပါ။ကျွန်​တော်တို့ကိုးကွယ်​သောဘုရားဟာတရားမျှတ​သောဘုရားပါ။ ယုံကြည်​သောသူ၊မယုံကြည်​သောသူ၊တရား​သောသူ၊မတရား​သောသူ​တွေအ​ပေါ်မှာမိုးကိုရွာ​စေ​သော၊​နေကိုပူ​စေ​သောဘုရားဖြစ်တယ်ဆိုတာမ​မေ့ပါနဲ့။ ဘုရားကာကွယ်​ပေးတယ်ဆိုပြီးမျက်ကန်းယုံကြည်ခြင်း​တော့မဖြစ်​စေဖို့သတိပြုကြဖို့လိုအပ်ပါတယ်။

ဘာ​ကြောင့်ကြုံ​တွေ့ရတာလဲ။ဘုရားသားသမီးဆိုရင်​ဖြစ်သင့်ရဲ့လားလို့​မေးချင်စရာ​ကောင်းမယ်ထင်ပါတယ်။
ကျွန်​တော်တို့ရဲ့ဆံပင်​တောင်အကုန်အစင်​ရေတွက်လျှက်ရှိ​သောဘုရားပါ။ ယုံကြည်သူမှာမ​တော်တဆမရှိပါဘူး၊ဘုရားသခင်အလို​တော်မရှိရင်ကျွန်​တော်တို့​ခြေကို​ချော်​စေခြင်းအခွင့်​တောင်မ​ပေးဘူးဖြစ်ပါတယ်။

 

ရှင်မဿဲခရစ်ဝင် ၁၀:၂၉
စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ။

 

သုတ္တံကျမ်း ၃:၁၂
ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဒဏ်ခတ်တော်မူ တတ်၏။

 

ကြုံ​တွေ့ရခြင်း​တွေဆိုတာဟာအလကားသတ်သတ်မ​တော်တဆမဟုတ်ဘူးဆိုတာနားလည်ဖို့ရာရှိပါတယ်။
​ယောဘကိုစာတန်ရဲ့စုံစမ်း​စေဖို့အခွင့်ကို​ပေးခဲ့တယ်။သူခံစားရတယ်လူ​တွေက​ဝေဖန်တယ် သူနာကျင်ရတယ် သို့​သော် အဓိက​ပြောချင်တာက​တော့ ဘုရားသခင်ရဲ့အလို​တော်မရှိရင်၊အခွင့်မ​ပေးရင် စာငှက်တ​ကောင်​တောင်​မြေမခ​စေပါဘူးဆိုတာပါပဲ။ နားလည်နိုင်ဖို့ရာဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

အခက်အခဲ​အတားအဆီးတွေထဲမှာလဲကျွန်​တော်တို့နဲ့ဘုရားအတူရှိပါတယ်။ ဆာလံ ၁၂၁:၃ မှာဘာ​ပြောသလဲဆို​တော့ သင့်ကို​စောင့်​သောသူသည်အိပ်​တော်မမူပါဘူးတဲ့။ ဒါဝိဒ်ကလဲ ​သေမင်းရဲ့အရိပ်လွှမ်းမိုး​သောချိုင့်ကိုသွားရရင်လဲ​ဘေးကိုမ​ကြောက်ပါလို့ဆိုပါတယ်။ ​ဘေးမရှိလို့မ​ပြောဘူးဆိုတာသတိပြုပါ။ သို့​သော် ထိုအထဲက​နေဘုရားသခင်၏ဘုန်း​တော်ထင်ရှား​စေမယ်ဖြစ်တယ်။
မုန်တိုင်းအထက်မှာရှိ​သောဘုရားနဲ့အတူမုန်တိုင်းထဲမှာစီး​မျောရတဲ့ငြိမ်သက်ခြင်းဖြစ်ပါတယ်။ကျွန်​တော်တို့​တွေဟာအကယ်၍ကြုံ​တွေ့ခွင့်ရခဲ့ရင်​တောင်အခက်အခဲအတားအဆီး​တွေထဲမှာငြိမ်သက်ခြင်းနဲ့​ကျေးဇူး​တော်ကိုချီးမွမ်းရတဲ့အခွင့်ကိုရဦးမှာဖြစ်ပါတယ်။ 
ဟာ​လေလုယာ။

ကျွန်​တော်တို့ခက်​ခဲ​နေပါ​စေ၊ဒုက္ခ​တွေ​ရောက်​နေပါ​စေ၊​ရောဂါ​တွေခံစား​နေရပါ​သော်လည်း ဘုရားသခင်အတူရှိတယ်၊ထိုအရာ​တွေသည်လဲဘုရားသခင်အလို​တော်မရှိလျှင်မကြုံ​စေရသလို၊​ပေး​​​​​တွေ့ ခဲ့ရင်လဲဘုရားသခင်ဘုန်း​တော်ထင်ရှားဖို့ရာသာဖြစ်တယ်ဆိုတာနားလည်နိုင်ဖို့ရာဘုရားသခင်​ကောင်းကြီး​ပေးပါ​စေ။
ထွက်​မြောက်ရာလမ်းကိုပြင်ဆင်​ပေးထား​သောဘုရားဟာအခက်အခဲဒုက္ခ​တွေ​ရောက်​နေရင်​တောင်မှအတူရှိ​နေပါတယ်။ဧမာ​နွေလအနက်ကား ကျွန်ုပ်တို့နှင့်အတူရှိ​တော်မူ​သောဘုရားဖြစ်တယ်ဆိုတာကိုအနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

ဆာလံကျမ်း ၁၃၉:၈
ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next