November 26, 2026

ခရစ်ယာန်အသက်တာဆိုသည်မှာ

ခရစ်ယာန်အသက်တာဆိုသည်မှာ ...

ခရစ်ယာန်ဆိုတာရဲ့ အ​ပေါ်ကို လူ​တော်​တော်များများရဲ့အထင်အမြင်နဲ့ပါတ်သတ်ပြီး ကျွန်​တော်အနည်းငယ် ရှင်းပြချင်ပါတယ်။
တချို့က​ပြောတယ် လွယ်ကူတယ်၊ တချို့ကလဲ​ပြောတတ်တယ် ၁ပါတ်တစ်ခါသီချင်းဆို ​ပျော်စရာ​ကောင်းတယ်၊ တစ်ခါကလူတစ်​ယောက်​ပြောတာကြားဖူးတယ်
​ဘာသာမတူတဲ့လူ၂​ယောက်က​မွေးတဲ့က​လေးက သူကြိုက်တာလုပ်ပါ​စေဆိုရင် လွယ်ကူတဲ့ ခရစ်ယာန်လုပ်မှာ​ပေါ့တဲ့ တစ်ပါတ်တစ်ခါသီချင်းဆိုရုံပဲတဲ့။
ဒီလိုမှားယွင်းစွာ ထင်မြင်​နေကြတဲ့အ​ပေါ်ကို အနည်းငယ်ရှင်းပြချင်ပါတယ်။ သာ၍သိချင်ရင်လည်း ကျွန်​တော့်ကို ဆက်သွယ်​မေးမြန်းနိုင်သလို၊ကျွန်​တော်မ​ပြောတတ်ရင်လည်း ​တဆင့်ပြန်လည်​မေး​ပေးပါ့မယ်။ ဒီ​နေရာမှာ ကယ်တင်ခြင်းကိုမရှင်းပြ​တော့ပဲ ခရစ်ယာန်အသက်တာကိုပဲ​ပြောသွားမှာဖြစ်ပါတယ် ဘာလို့ဆို လူ​တွေရဲ့အထင်မှားမှုသည် အသက်တာပိုင်းနဲ့ဆိုင်​နေတာဖြစ်လို့ပါ။

 

သီချင်းဆိုတာနဲ့ချီးမွမ်းကိုးကွယ်ခြင်းမတူပါဘူး။ရိုးရိုး​လေးပဲရှင်းပြမယ် ... (Praise & Worship) အဘိဓါန်မှာလဲ​လေးနက်စွာ​ဖော်ပြထားပါတယ်။ Singing နဲ့ Praise & Worship ကွဲမယ်လို့ထင်ပါတယ်။ သပ်သပ်မရှင်းပြ​တော့ဘူး။ အသက်တာကိုဆက်သွားရ​အောင်။

 

တချို့ကလဲ ယုံကြည်သူကိုကြည့်ပြီး ဝမ်း​မြောက်​နေတာ၊​အခက်အခဲ​ရောက်​ရောက်၊အဆင်​ပြေ​ပြေမ​ပြေ​ပြေကျေးဇူး​တော်ပဲချီးမွမ်း​နေတာ​တွေမြင်ပြီး လွယ်တယ်ထင်တတ်သလို၊
သာမာန်အမည်ခံခရစ်ယာန်​တွေအသက်ရှင်ပုံကြည့်ပြီးအထင်လွဲသွားတတ်ကြပါတယ်။ ဟုတ်ပါတယ် ကယ်တင်ခြင်းရပြီး​ ​ပေါက်ကရလုပ်​နေသူ​တွေရှိပါတယ်။ တကယ်​ကျေးဇူးတရားကိုနားလည်သွားတဲ့ Born Again (ဒုတိယ​မွေးခြင်းခံ)ခရစ်ယာန်​တွေလည်းရှိတယ်ဆိုတာနားလည်​စေချင်ပါတယ်။ ထိုသူ​တွေကို ယုံကြည်သူလို့​ခေါ်လို့ရပါတယ်။ ယုံကြည်သူတစ်​ယောက်ဘယ်လိုအသက်ရှင်ရသလဲဆိုတာတချို့အချက်ကိုကြည့်ရ​အောင်။

 

ဦးစား​ပေးသည်ဘုရားဖြစ်လာတယ်။ လူ​သေလိုအသက်ရှင်ရတယ်။ (သ​ဘောက ... ကိုယ့်အ​ပေါ် သူတပါးအပြစ်ပြုတယ် စိတ်ဆိုးစရာဖြစ်တယ် သို့​သော် လူ​သေက တုံ့ပြန်မှုမရှိဘူး။ ဒီ​တော့ ခွင့်လွှတ်​ပေးရမယ် ​မေတ္တာနဲ့​ပေါ့)။ စိတ်ရှည်တယ်၊သည်းခံတယ်၊နားလည်​ပေးတယ်၊​ကျေးဇူးပြုတတ်တယ်၊မာန်မာနမ​တွေ့ရဘူး၊
ဂုဏ်ပြိုင်တာ​တွေမရှိဘူး၊ငါလုပ်လို့ရတာ ငါ​တော်တာငါတတ်တာ​တွေမရှိပဲ ဘုရားသခင်​ကျေးဇူး​တော်ကိုသာချီးမွမ်းတတ်တယ်၊ အခက်အခဲထဲလဲချီးမွမ်းတယ်၊စသဖြင့်​ပေါ့ ...

 

အဘယ်သူမှသခင်၂ဦးရဲ့အ​စေကိုမခံနိုင်ဘူးတဲ့။ ဥပမာ မတူတဲ့ Company ၂ခု မှာအလုပ်၂မျိုးတစ်ချိန်ထဲလုပ်လို့မရပါဘူး။ တချို့ခရစ်ယာန်​တွေက ဘုရားပဲတူတူပဲဆိုပြီးကိုးကွယ်ချင်သလိုလို၊ မိန်းမ​ယောကျားယူဖို့ ​Compromise (အ​ရောအ​နှော၊အ​ပေးအယူ)​လေး​တွေလုပ်ကြတယ်။ ဘုရားသိပါတယ်ဆိုပြီး ဟန်​ဆောင်ကြတာရှိကြတယ်။ ဒါ​ပေမယ့် ငါမှလွဲ၍အခြား​သောဆို​သောကျမ်းချက်ကို ​မေ့သလိုလို လျစ်လျူရှုသလိုလို ဖြစ်​နေကြတယ်။ ဒီအရာသည် ​သေပြစ်​သင့်တယ်(​သေဖို့ရာသင့်တဲ့ပြစ်မှားခြင်းဖြစ်တယ်)
​နောင်တရလျှင် ​တောင်းပန်ပါ၊စစ်မှန်တဲ့​နောင်တဖြစ်ပါ​စေ။ အသက်တာကိုပြန်လည်ဆက်ကပ်ပါ။

 

ထွက်မြောက်ရာကျမ်း ၂၀:၃-၄
ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။

 

နောက်တစ်ခု ရုပ်တုကိုးကွယ်ခြင်း လူ​တွေက ရုပ်တုစစ်စစ်ကိုလို့ထင်ကြတယ်။ မဟုတ်​သေးဘူး Details ကိုကြည့်ရင် ပထမဦးစား​ပေးက ​ငွေဖြစ်​နေရင် မိမိသည် ​ငွေကို ရုပ်တုကိုးကွယ်ခြင်းဖြစ်တယ်၊ ဒါ့​ကြောင့် Put GOD First (ဘုရားသည်နံပါတ်တစ်)။ အမြဲစမ်းစစ်ရတယ် ​ငွေလား၊လူလား၊ရုပ်ဝတ္ထုလား စသဖြင့်။

​နောက်တစ်ခု သူတပါးသားမယားပြစ်မှားခြင်း။
လူကိုယ်တိုင်လွန်ကျူးမှမဟုတ်ဘူး မျက်စိနဲ့ကြည့်မိပြီး စိတ်ထဲမှာဖြစ်ခဲ့ရင်လဲ တူတူပဲဖြစ်သလို။ သူတပါးကို ​​ဒေါသထွက်မိပြီး စိတ်ထဲမှာဖြစ်​ပေါ်​နေတာ​တွေသည်လဲ သူတပါးအသက်ကိုသက်တာနဲ့တူတူပါပဲ။

 

​မေထုန်ကိုဆက်သွားမယ်။ တချို့က​ပြောကြတယ် ​ရောင်းသူဝယ်သူ​အ​ဆေင်​ပြေတယ် ဒါအပြစ်မဟုတ်ဘူး။ အခ​ကြေး​ငွေ​ပေးပြီးဆက်ဆံခြင်းဖြစ်တယ် အပြစ်မ​မြောက်ဘူးလို့ ​လောကသား​တွေ​ပြောတတ်ကြတယ်။သို့​သော်..
ယုံကြည်သူရဲ့အထဲမှာခရစ်​တော်လာကျိန်းဝတ်တာဖြစ်တယ် ဒီအမှုအရာဟာ ဘုရားသခင်ကိုပြစ်မှားရာ​ရောက်တယ်။ မတရား​သော​မေထုန်လို့သတ်မှတ်တယ်။ ဒါ​ကြောင့် ​ငွေ​ပေး​ပေးမ​ပေး​ပေးပြုလို့မရပါ။

 

စာရှည်​နေပြီမို့ နိဂုံးချုပ်ပါမယ်။ သိချင်တာရှိရင်ဆက်သွယ်လို့ရပါတယ်။ ဟုတ်ပြီ။ ဒီ​လောက်​တောင်ဆိုရင် မဖြစ်နိုင်ဘူး လုပ်နိုင်မလားလို့ ​မေးစရာရှိနိုငိတယ်။
သတိပြုဖို့က ​ယေရှုခရစ်​တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ယုံကြည်လက်ခံတဲ့​နေ့ကစပြီး ငါသည်ကိုယ်တိုင်မရှင် ခရစ်​တော်သည်ငါ၌ရှင်တယ်လို့ဆိုပါတယ်။ ဒါ့​ကြောင့် တကယ်ပဲအသက်တာ​ပြောင်းလဲသွားတဲ့(သခင်ဘုရားထံ​ပြောင်းလဲခြင်းဖြစ်တဲ့)ယုံကြည်သူသည် လုပ်နိုင်ပါတယ်။

နားလည်နိုငိဖို့ရာ ဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next