November 26, 2026

ဝိညာဥ်​ရေးရာ​ခေါင်း​ဆောင်

ကျွန်​တော်တို့​တွေဟာ တစ်ခုခုအခက်အခဲကြုံရတဲ့အခါမှာ စိတ်ပျက်အားငယ်သွားတတ်ကြတယ်။ ကိုယ့်လုပ်​ဖော်ကိုင်ဖက်​တွေ၊ ကိုယ့်အသိမိတ်​ဆွေ၊ အိမ်​ထောင်ဖက်၊ဆွေမျိုးသားချင်း၊ အ​ပေါင်းအသင်း၊ သူငယ်ချင်း​တွေစသဖြင့် ထိုသူတို့ရဲ့လက်ညှိုးထိုးအပြစ်တင်ခြင်းကိုခံရတဲ့အခါမှာ ပိုပြီး​တော့ အားပျက်စိတ်ဓါတ်ကျကာ အရှုံး​ပေးချင်သွားကြတယ်။

ကိုယ်ကဦး​ဆောင်​နေရတဲ့ ​ခေါင်းဆောင်တစ်​ယောက်ဆိုလျှင် ကိုယ့်လက်​အောက်ကလူ​တွေကိုဘယ်လိုလမ်းပြ​ပေးရမလဲ၊ အခက်အခဲ​တွေထဲမှာ စိတ်ပျက်လက်ပျက်ရှိ​နေမလား။ ရှုံးနိမ့်​နေရချိန်​တွေမှာ ကိုယ့်အ​ပေါ် ​ဝေဖန်ခြင်း​တွေ၊ အတင်း​ပြောခြင်း​တွေ၊ စသဖြင့်ကြုံ​တွေ့ရတဲ့အခါမှာ ​ဒေါသနဲ့တုန့်ပြန်မလား၊ အတုန့်အလှည့်ဟုဆိုကာ ထင်း​ခွေမကြုံရင် ရေခပ်​တော့ကြုံမှာလို့ဆို​နေမလား။

သင်နဲ့ကျွန်​တော်ဟာ ​လုပ်ငန်းခွင်တစ်ခုမှာဦး​ဆောင်​နေရသူ၊ အသင်း​တော်၏တစ်​ထောင့်တစ်​နေရာမှာဦး​ဆောင်​နေရသူ၊ စာသင်ခန်းထဲမှာဦး​ဆောင်​နေရသူ၊ နိုင်ငံ​ရေးကိုဦး​ဆောင်​နေရသူ၊ ပါတီတစ်ခုခုကိုဦး​ဆောင်​နေရသူ၊ နိုင်ငံ​တော်ကိုတစ်​နေရာရာမှဦး​ဆောင်​နေရသူ အစရှိသဖြင့် ဦး​ဆောင်​နေရ​သော ​ခေါင်း​ဆောင်တစ်​ယောက်ဖြစ်​ကောင်းလည်း ဖြစ်​နေနိုင်ပါတယ်။ ဒါဆိုရင် ဒီလိုအ​​ခြေအ​နေ​တွေလည်း ကြုံ​တွေ့ရနိုင်ပါတယ်။

အာမလတ်လူ​တွေဟာ ဇိကလတ်မြို့ကိုတိုက်တယ် မီးရှို့ဖျက်ဆီးတယ်။ မြို့မှာရှိတဲ့ မိန်းမအကြီး​တွေအငယ်​တွေတစ်​ယောက်မှမသတ်ဘူး အရှင်ဖမ်း​ခေါ်သွားတယ်။ ဒါကို ဒါဝိဒ်နဲ့သူ့လူ​တွေက မြို့ကို​ရောက်မှသိရတယ်၊ သားသမီး​တွေ၊ မိန်းမ​တွေမရှိ​​တော့ဘူး ဖမ်း​ခေါ်သွားတယ်ဆိုတာကို​သိရလို့ ငို​ကြွေးကြတယ်ဆိုတာကို​တွေ့ရပါတယ်။ ဒါဝိဒ်ရဲ့မယားလဲပါသွားတာဖြစ်တယ်။

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃၀:၆
ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင် ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊

ဒီ​နေရာမှာ အခက်အခဲကြုံရ၊ အရှုံးနဲ့ရင်ဆိုင်​နေရ၊ သူ့လူ​တွေရဲ့​ဝေဖန်ခြင်း၊ ​အစရှိသဖြင့် စိတ်ပျက်စရာ​တွေကိုသာ ပြောဆို​နေကြခြင်း​တွေကိုကြုံ​နေရတဲ့ ​ခေါင်း​ဆောင်တစ်​ယောက်​၏ အ​ခြေအ​နေကိုမြင်​တွေ့ရပါတယ်။ စိတ်လိုက်မာန်ပါ ပြန်တုန့်ပြန်ခြင်း၊ ငါ့လက်​အောက်ကလူဖြစ်​သော​ကြောင့် ထိုသူ​တွေအ​ပေါ်စိတ်​ဖြေ၍​အော်ဟစ်ခြင်း၊ စိတ်ဆိုးညစ်စရာအချိန်​ရောက်​သော်လည်း ထိုမိမိလက်​အောက်ကသူ​တွေအ​ပေါ်ကို ​အော်ဟစ်ဆဲဆိုခြင်းကို မပြု​သော ​ခေါင်း​ဆောင်တစ်​ယောက်၏ အတုယူစရာကိုမြင်​တွေ့ရသလို၊ အ​ခြေအ​နေတစ်ခုကို စိတ်မြန်လက်မြန် ဆုံးဖြတ်၍ ချက်ခြင်းရန်သူ​နောက်လိုက်တိုက်ခြင်းမရှိ​ပေ။ တနည်းအားဖြင့် ​ခေါင်း​ဆောင်တစ်​ယောက်၏ စိတ်မြန်လက်မြန် ခံစားချက်အ​ပေါ်အ​ခြေခံကာ ဆုံးဖြတ်ချက်ချခြင်းမဟုတ်​ပေ။

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃၀:၈
ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊

သင်နှင့်ကျွန်​တော်သည် မည်သည့်​နေရာ​တွေ​ ဦး​ဆောင်​နေ​သောသူဖြစ်ပါ​စေ။ မိမိခံစားချက်ထက်၊ မိမိဖြစ်ချင်စိတ်၊ ​ဝေဖန်ခံရခြင်း၊ လက်ညှိုးထိုး​ခံနေရခြင်း စသဖြင့်​သောအရာ​တွေထက် ဘုရားသခင်ကိုသာ ​​​​မေးပါလို့ အား​ပေးချင်တယ်။ ဒါဝိတ်ဟာ မိမိမယားဖမ်းသွားခြင်းခံရသလို၊ မိမိအခက်အခဲကြုံရသလို၊ ခဲနဲ့​ပေါက်ခံရမည့် လက်ညှိုးထိုးခံရခြင်း​တွေကြုံရ​သော်လည်း၊ ​ခံစားချက်အတိုင်း စိတ်အလိုလိုက်ကာအမြန်မဆုံးဖြတ်​ပေ။ ​ဝိညာဥ်​ရေားရာခေါင်း​ဆောင်တစ်​ယောက်သည် မိမိခံစားချက်​​တွေ၊ ခက်ခဲမှု​တွေ၊ ​ဝေဖန်ခံရခြင်း​တွေ၊ လက်ညှိုးထိုးခံရခြင်း​ကြုံ​​နေရ​သော်လည်း ဘုရားသခင်ကို​သာ ​မေးကာ ဆုံးဖြတ်ချက်ကို ချတတ်​သောသူ ဖြစ်​စေဖို့ရာ အ​ရေးကြီး​ကြောင်း အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next