ပျက်စီးခြင်းဘေးမှလွတ်စေသောနောင်တ

ယောနဆီကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ရောက်လာတဲ့အခါမှာ သူဟာ ထွက်ပြေးတယ်။ နိနေဝေမြို့ကိုမသွားဘူး၊ တာရှုကိုပြေးတယ်ဆိုတာကိုတွေ့ရတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အလိုတော်နဲ့ ဘုရားသခင်ရဲ့ မျက်မှောက်တော်မှ လွဲသွားရခြင်း၊ လွတ်ရခြင်းအခွင့်မရှိဘူးဆိုတာကိုမြင်ရသလို ကျွန်တော်တို့တွေသည်လည်း ထို့အတူဘဲဖြစ်ပါတယ်။
အခြားအကြောင်းအရာတွေကို ကျော်လိုက်ကြရအောင်။ ဒီလိုနဲ့ နောင်တရစေဖို့ တရားဟောတယ်ဆိုကြပါစို့။နောင်တရကြဖို့၊ နောင်တမရရင် နိနေဝေမြို့ကြီးပျက်စီးမယ်ပေါ့လေ။ တိရစ္ဆာန်တွေတောင် ရေမသောက်ရ အစာမစားရဘူး၊ နိနေဝေမြို့သားတွေနဲ့ မင်းကြီးဟာအစာရှောင်ကာ ဆုတောင်းတယ်ပေါ့။ လျှော်တေအဝတ်အစားကိုဝတ်ပြီးနေကြတယ်၊ မင်းကြီးက ပြာပုံထဲမှာတောင်ထိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။ ထိုသို့အသီးသီး နောင်တရတယ်၊ အဓမ္မအမှုတွေကိုရှောင်တယ်၊ အစရှိသဖြင့်ကို ဘုရားသခင်တွေ့တော့ ပျက်စီးခြင်းဘေးကလွတ်ရတဲ့အခွင့်ကိုရသွားတယ်ဆိုတာမြင်ရပါတယ်။
ယောနတ္ထု ၃:၁၀
မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။
စစ်မှန်တဲ့နောင်တဟာ ပျက်စီးခြင်းဘေးမှလွတ်ရတဲ့အခွင့်ကိုရတယ်ဆိုတာကိုနားလည်ရသလို၊ ဘုရားသခင်သည် အဓမ္မလမ်းသို့လိုက်သော ဆိုးသောသူများအပေါ်မှာလည်း နှမြှောတော်မူတယ်ဆိုတာကိုနားလည်ရပါတယ်။ သင့်ကိုရော မနှမြှောဘဲနေမည်လော ... တမလွန်၏ မရေရာသောအဖြေ၊ ပျက်စီးခြင်းဘေးမှလွတ်မြောက်စေရန်အလို့ငှာ စစ်မှန်သောနောင်တနှင့်ပြန်လာချင်သော မိတ်ဆွေအတွက် သင့်ကိုနှမြှောသောဘုရားသည် စောင့်ကြိုနေပါတယ်လို့ဝေမျှပေးချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi