သက်သာခြင်းသို့ ရောက်ကြလတံ့

အမျိုးမျိုးသော အခြေအနေတွေကြောင့် လောကတွင် ခက်ခဲကြသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ စားဝတ်နေရေး စသဖြင့် အရေးပေါင်း သောင်းခြောက်ထောင်ကြောင့် စိတ်ပန်းလူပန်း ဖြစ်နေရသူများစွာ ဤလောကတွင် အသက်ရှင်နေထိုင်ကြသည်။ ထိုအရေးအထွေထွေကြောင့်လည်း စိတ်မသာ ညည်းတွားလေ့ရှိကြသလို ပင်ပန်းခြင်းကို ခံစားနေရသူများစွာ ရှိကြသည်။
လူတိုင်းလူတိုင်း ခက်ခဲခြင်းတွေကြုံကြဖူးမည်၊ အနိုင်ကျင့်ခံရခြင်း၊ စိတ်မသာညည်းတွားခြင်း၊ အဓမ္မအနိုင်ယူခြင်း စသဖြင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရတတ်ပါသည်။ သို့သော် ထိုသို့သော ညည်းတွားခြင်းသည် သက်သာခြင်းသို့ရောက်စေဦးမည်ဟု မင်္ဂလာတရားတော်မှ ဆိုထားပါသည်။
ရှင်မဿဲခရစ်ဝင် ၅:၄
စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့။
သင်နှင့်ကျွန်ုပ်တို့၏ စိတ်မသာညည်းတွားခြင်းသည် သက်သာခြင်းသို့ ရောက်ပေဦးမည်။ ထိုသို့သော ခံစားရမည့် အခွင့်သည် ကျွန်ုပ်တို့ထံတွင်ရှိသောကြောင့် မင်္ဂလာရှိပေသည်။
ယနေ့ ဘာအတွက်ကြောင့်များ စိတ်မသာညည်းတွားနေရသနည်း။ လူမှုရေးအဆင်မပြေခြင်းကြောင့်လား၊ စီးပွားရေးခက်ခဲလို့လား၊ အလုပ်အကိုင် အဆင်မပြေဘူးလား၊ ကျန်းမာရေးကြောင့်လား၊ နိုင်ငံရေးအခြေအနေကြောင့်လား စသဖြင့်သော အခြေအနေအရပ်ရပ်တွေကြောင့် ကျွန်ုပ်တို့စိတ်မသာ ညည်းတွားတတ်ကြပေမည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ မိတ်ဆွေနဲ့ ကျွန်တော်တို့ သက်သာခြင်းသို့ရောက်စေမှာဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် စိတ်မသာညည်းတွားလျှက်ရှိသော သူတို့သည် မင်္ဂလာရှိကြ၏ အဘယ့်ကြောင့်ဆိုသော် သက်သာခြင်းရှိမယ်ဆိုတာကို မင်္ဂလာတရားတော်နှင့် ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet