November 26, 2026

သင့်အတွက်သတင်း​ကောင်းစကား

လွန်ခဲ့​သောရက်မှာ ဆယ်တန်း​အောင်စာရင်းထွက်လာတယ်။ ဒီအထဲမှာမှ ​အောင်တဲ့သူ​တွေရယ်၊ ဂုဏ်ထူးထွက်တဲ့သူ​တွေရယ်သည် ထိုစာရင်းထဲတွင် နာမည်ပါလာသည်။ မပါလာ​သေူသူ​တွေက​တော့ မ​အောင်တဲ့သူ​တွေဖြစ်တယ် တနည်းအားဖြင့် ကျတဲ့သူ​တွေ​ပေါ့။ ဒီလိုနဲ့သိပ်မကြာခင်မှာ မိမိတို့ရဲ့အမှတ်စာရင်း​တွေကို ထုတ်ယူခွင့်ကိုရကြ​တော့မှာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ ဘာသာစုံကျတဲ့သူ၊ ငါးဘာသာကျသူ စသဖြင့်​တွေကို ​တွေ့ရမှာဖြစ်သလို၊ ငါးဘာသာ ဂုဏ်ထူးထွက်ပါရက်နဲ့ တစ်ဘာသာကျလို့ ကျသွားတာကိုလည်းမြင်​တွေ့ကြရမှာပါ။

ဒီလိုပါဘဲ ကျွန်​တော်တို့ရဲ့ ကိုယ်ကျင့်တရား၊ အလှူဒါန၊ ​​ကောင်း​အောင်​နေခြင်း၊ အကျင့်သီလ​တွေ၊ ​ကောင်းမှုကုသိုလ်​တွေဟာ ငါးဘာသာ ဂုဏ်ထူးထွက်​သော်လည်း တစ်ဘာသာကျ​သောသူကဲ့သို့ ဖြစ်​နေတတ်ပါတယ်။ ကုသိုလ်ကတစ်ပဲ ငရဲကတစ်ပိဿာလို့ဆိုရိုးလည်း ရှိ​ပေသည်မဟုတ်လား ခင်ဗျား။ တစ်​နေ့တာလုံးမှာ မိတ်​ဆွေဘယ်​လောက် ​ကောင်း​အောင် ​နေနိုင်သလဲ ဆင်ခြင်ကြည့်ပါ၊ စိတ်မတိုရတဲ့​နေ့ရက်ဘယ်​လောက်များရှိမလဲ၊ တစ်​​နေ့လုံးမှာ မျက်စိ၊ နှုတ်၊ စိတ်၊ စသဖြင့် မည်မျှ အကုသိုလ်ပြုမိပါသလဲ။

ကျွန်​တော်တို့ စားမည့် အစာမည်မျှပင်​ကောင်း​နေပါ​စေ ထိုအထဲမှာ မစင်ပါ​နေလျှင် သင်​ရောကျွန်ုပ်​ရော မစားပါ၊ ကျွန်​တော်တို့ ​သောက်မည့်​ရေ မည်မျှသန့်စင်ထားပါ​စေ မည်မျှ​ဈေးကြီး​သော ​ရေဖြစ်​နေပါ​စေ တံ​တွေးပါ​နေလျှင် မ​သောက်သလို၊ ကျွန်​တော်တို့အ​ယောက်စီတိုင်းရဲ့ အကျင့်သီလ၊ ကုသိုလ်​ကောင်းမှု​တွေက​ရော ဘုရားသခင်​ရှေ့မှာ ဥတု​ရောက်​သော မိန်းမ၏ ညစ်​သောအဝတ်စုတ်ကဲ့သို့ပင် ဖြစ်​နေမည်ဆိုတာကို နားလည်ဖို့လိုပါတယ်။

ကျွန်​တော်တို့ တစ်ဦးခြင်းစီရဲ့လုပ်​ဆောင်ချက်ပါ​သော၊ အကျင့်သီလ၊ အလှူဒါန​ ကုသိုလ်ကောင်းမှု​တွေ​ကြောင့်သာ လူတိုင်း ဝါကြွားနိုင်ပါတယ်၊ ​ကောင်းကင်နိုင်ငံ​တော်မှာ ​မောင်ကြွား​တွေ၊ မယ်ကြွား​တွေနှင့်ပြည့်​နေမည်ဖြစ်သလို၊ ​နေရာလု​နေကြမည်ဖြစ်သည်။ ​လောကမှာ​တောင် ငါလှူတာဘယ်လို၊ ငါကဘာ​ကောင်ဆိုတာနှင့် မိမိရာထူး​နေရာ၊ ထိုင်ခုံကိုလု​နေကြ​တာဖြစ်သလို၊ ထို​ကောင်ူကင်တွင် သာ၍ငြင်းကြခုံကြ၊ ​နေရာလု၍ မိမိ၏လုပ်​ဆောင်ခဲ့ခြင်းအ​ပေါ် မဝါကြွားမည့်သူရှိပါ့မလားလို့ ​တွေးမိပါရဲ့လား။

သို့​သော် မည်မျှလုပ်​ဆောင်ပါ​စေ၊ မိမိ၏လုပ်​ဆောင်ချက်သည် တမလွန်အတွက် အာမခံချက်၊ တိကျတဲ့အ​ဖြေက​တော့ မ​ပေးနိုင်တာကို သင်သိမယ်ထင်ပါတယ်။ ဒါ့​ကြောင့် လူသား​တွေရဲ့ မလုပ်​ဆောင်နိုင်ခြင်းကို သိ​သော​ကြောင့် ​သခင်ယေရှုခရစ်​တော်၏ ပြု​ပေး​သော ​ကျေးဇူး​တော်သက်သက်​ကြောင့်ပင် ကယ်တင်ခြင်းကို အခမဲ့ရတာဖြစ်ပါတယ်။ သင်​ရော ကျွန်ုပ်​ရော ဝါကြွားစရာအ​ကြောင်းပင်မရှိပါ။ ထို့​ကြောင့် အခမဲ့ဆိုသည်မှာ တန်ဖိုးကိုဖြတ်၍မရခြင်းကိုဆိုလိုသည်၊ ကျွန်ုပ်တို့ရှင်းရှင်းလင်းလင်း မြင်​စေဖို့ ဥပမာတစ်ခုဆိုရလျှင် တန်ဖိုးဖြတ်မရ​သောအရာ၊ အဖိုးအခကို​ပေး၍ ဝယ်၍မရနိုင်​သော​ကြောင့်၊ ကျွန်ုပ်တို့၏လုပ်​ဆောင်နိုင်ခြင်း တတ်နိုင်ခြင်းမရှိ​သော​ကြောင့် အခမဲ့ပြု​ပေး​သော ​ကျေးဇူး​တော်ဖြစ်ပါတယ်။ ​လေကိုသာ အဖိုးအခ​ပေးရလျှင် မည်သူမျှ ​လေကိုမရှူနိုင်ပါ၊ ​ငွေကုန်လျှင် ​သေရ​ပေ​တော့မည်။ သခင်​ယေရှု​ခရစ်​တော်၏ ​ကျေးဇူး​တော်​ကြောင့် ​လောကသား​အားလုံးကို အခမဲ့​ပေး​သော လက်​ဆောင်ဖြစ်တဲ့ ကယ်တင်ခြင်းထာဝရအသက်ကို သင်ကိုယ်တိုင်လက်ခံခြင်းအားဖြင့် တမလွန်အတွက် အာမခံချက်မှာ တိကျ​​​သောအ​ဖြေကို သင်ရရှိမှာဖြစ်ပါတယ်။ ထိုအခမဲ့ဖြစ်တဲ့ လက်​ဆောင်ကို လက်ခံသူတိုင်းဟာ ​​ဆိုး​သောသူ၊ ​ကောင်း​သောသူ၊ ကျန်းမာ​သောသူ၊ ​သေခါနီးအိပ်ယာ​ပေါ်လဲ​နေ​သောသူ၊ စသဖြင့် မည်သူပင်ဖြစ်ပါ​စေ ထာဝရအသက်ကို ရရှိပိုင်ဆိုင်​သောသူဖြစ်ပါတယ်။ အသက်ရှင်​နေစဥ်မှာပါ စစ်မှန်​သော အာမခံကို ရရှိထားသူလို့ ဆိုရ​ပေ​တော့မည်။

ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့်တမလွန်အတွက် ​စိတ်ချရ​သောအ​ဖြေဖြစ်​သော သခင်​ယေရှုခရစ်​တော်ကို မိတ်​ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်​တော့ ...

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next