လျှို့ဝှက်ချက်

လောကမှာအဆိုးနဲ့အကောင်း ၊ အမှားနဲ့အမှန် ၊ ကျန်းမာခြင်း ၊ မကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ သေခြင်း ၊ ရှင်ခြင်း အစရှိသဖြင့် ဒွန်တွဲလျှက်ရှိပါတယ်။ တစ်ခါတလေငိုမိတယ် ၊ တစ်ခါတလေတော့လည်းရယ်ရပြန်ရော။
အထီးကျန်တဲ့ဘဝမှာတစ်ယောက်ထဲလိုလိုခံစားနေမိရင်း ဘဝကြီးကိုပင်ပန်းစွာဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေကိုသာပြန်လည်ရေတွက်နေတဲ့သူတွေထုနဲ့ဒေးရှိသလို လက်ရှိဘယ်လိုအခြေအနေဘဲဖြစ်နေပါစေ ဝမ်းမြောက်နေတဲ့သူတွေလဲမြောက်များစွာရှိနေတတ်လေရဲ့။
ဒီလောကထဲမှာ အသက်ရှင်တာလည်း အတူတူ ၊ လောကဓံကိုရင်ဆိုင်ကြတဲ့သူချင်း အတူတူဖြစ်ရက်နဲ့ ဝမ်းမြောက်နိုင်တဲ့သူကိုတွေ့တဲ့ အခါ ရင်ဘတ်မှာ ဓားတန်းလန်းနဲ့ပြုံးနေသူကို မြင်မိသလိုဖြစ်နေကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် သူ့ မှာ သေချာတဲ့ လျှို့ဝှက်ချက်ရှိတယ်။
အဲ့ဒါဟာ ဘာလဲဆိုတော့ *သမ္မာတရား* ပဲဖြစ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၈:၃၂
သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။
သမ္မာတရားကိုသိရင် လွှတ်ခြင်းအခွင့်ကိုရမှာဖြစ်ပါတယ်။ ထိုခက်ခဲခြင်း ၊ အထီးကျန်ခြင်း ၊ ပင်ပန်း ၊ အားငယ်စိတ်ပျက် စတာတွေကိုကျော်လွန်ပြီး ဝမ်းမြောက်ရတဲ့အခွင့်ရှိတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ ထိုသမ္မာတရားကတော့ ယေရှုခရစ်တော်သာဖြစ်ပါတယ်။ ယေရှုက ငါသည် သမ္မာတရား ၊ အသက် ၊ လမ်းခရီး ဖြစ်တယ်လို့ဆိုပါတယ်။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။ (ယော၁၄:၆)
သမ္မာတရားနဲ့အမှန်တရားတော့မတူပါဘူး။ ဥပမာတစ်ခုဆိုကြပါစို့ ... အမှန်တရားဟာတစ်ယောက်အတွက်မှန်ပေမယ့်တယောက်အတွက်မှားနေတတ်တယ်။ USA မှာနေ့ဖြစ်နေရင် Myanmar မှညဖြစ်နေတတ်တယ်။ သူ့နေရာနဲ့သူမှန်ပေမယ့် အနေအထားပေါ်မူတည်တယ်။
သမ္မာတရားကတော့ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းသည်ကယ်တင်ခြင်းရမယ်။ တစ်ဦးတစ်ယောက်အပေါ် ၊ နေရာဒေသအချိန်နာရီအပေါ် မမူတည်သောအရာဖြစ်တယ်။
ထိုဘုရားကိုရတဲ့အခါမှာအသက်တာရဲ့အသက်ရှင်ခြင်းကလူသစ်ဖြစ်သွားပါတယ် လုံးဝမတူတော့ဘူးဖြစ်တယ်။
မျက်ရည်တွေကိုသုတ်ပေးလျှက်ထိုခက်ခဲခြင်းထဲမှာလဲအတူရှိသောဘုရားဖြစ်ပါတယ်။ နာကျင်သော်လည်းဝမ်းမြောက်နေတာ ၊ အခက်အခဲတွေကြားမှာ ချီးမွမ်းနေတာဟာ သမ္မာတရား၏လွှတ်ခြင်းအခွင့်ကြောင့်ပင်ဖြစ်သည်။
တမလွန်၏စိတ်ချမှုသည် ယုံကြည်သူများ၏ဝမ်းမြောက်စရာတစ်ခုပင်ဖြစ်ပေတော့သည်။ ဒါ့ကြောင့်မို့လို ယနေ့ပင်ကယ်တင်ရာနေ့ရက်ဖြစ်ပါတယ်ဆိုတာကို အနည်းငယ်ဝေမျှပေးချင်ပါတယ်။
မိတ်ဆွေကယေရှုခရစ်တော်ကို မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi