November 26, 2026

Say No

လောကကမ္ဘာကြီးသည် ​မှောင်မိုက်ဖုံးလွှမ်း​လေ့ရှိသည်ကို ကျွန်ုပ်တို့အားလုံးသိကြသည့်အတိုင်းပင် နေရာ​ဒေသအသီးသီးတွင် အသားအ​ရောင်ခွဲခြားခြင်း၊ လူမျိုး​ရေးဝါဒကြီးစိုးခြင်း၊ အာရှမုန်းတီး​ရေးများ၊ ကြီးနိုင်ငယ်ညှဥ်းလုပ်ခြင်း၊ အကြမ်းဖက်ခြင်း၊ နှိပ်စက်ခြင်း၊ မတရားပြုခြင်း၊ အဓမ္မတရားကြီးစိုးခြင်း၊ လက်နက်ကိုင်အနိုင်ကျင့်ခြင်း စသဖြင့်​အမျိုးမျိုး​သော မ​ကောင်းမှုဒုစရိုက်များကြီးစိုး​လေ့ရှိတတ်ကြသည်။ 

ထိုသို့​သော ဒုစရိုက်အမျိုးမျိုးကြီးစိုး​နေခြင်းကို မြင်​ရက်သိရက်နှင့် တားဆီးရန်မကြိုးစားပဲ ခွင့်ပြုထားခြင်းများလည်းရှိကြသည်။ အချို့တို့သည် မတရား​သောအမှုမှန်းသိ​သော်လည်း အကျိုးအမြတ်ရ၍ ငြိမ်​နေခြင်း၊ အချို့တို့သည် မတရားခြင်းကိုသိသည် သို့​သော် ထိုလုပ်ရပ်ကို မိမိမလုပ်​ဆောင်မပါဝင်​သော်လည်း တားဆီးရမည့်အစား နှုတ်ကိုမဖွင့်ပဲငြိမ်​နေခြင်း၊ အချို့တို့သည် တရားသည် မတရားသည်ဘာမျှစိတ်မဝင်စား ငြိမ်​နေခြင်း၊ အချို့တို့သည် မတရားမှန်းသိ​သည်မသိသည် မသိ တာဝန်အရဟုဆို၍​သော်လည်း​ကောင်း မိမိကိုယ်တိုင်လည်းအားတက်သ​ရောပါဝင်လုပ်​ဆောင်သည်။ ထိုသို့​သော အရာများကို အတူတကွမတရားမှုကိုကျူးလွန်ခြင်း "Systemic Evil or Corporate Evil" ဟု​ခေါ်သည်။ 

ယောရှုမှတ်စာ ၇:၂၄
ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဇေရသားအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ဆောင်သွားပြီးမှ၊ 

​ယောရှုမှတ်စာတွင်​တွေ့ရ​သော ​ယောရှုတို့စစ်ရှုံးရခြင်းသည် တစ်​ယောက်​သောသူ အာခန်၏ပြစ်မှားခြင်း​ကြောင့်ပင်ဖြစ်သည်။ ထိုသူ၏လုပ်ရပ်​ကြောင့် ​ယောရှုတို့စစ်သူရဲများ​ပြေးရသည်၊ လူများလည်း သုံးဆယ့်​ခြောက်​ယောက်ကျဆုံးခဲ့ရ​ပေသည်မဟုတ်ပါလား။ ထိုသူ၏ပြစ်မှားခြင်း​ကြောင့် စစ်ရှုံးရသကဲ့သို့ အပြစ်​ပေးရာတွင်လည်း ထိုသူနှင့်အတူ ​ငွေ၊ ဝတ်လုံ၊ ​ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲ၊ သူ့၌ရှိသမျှတို့ကို ဖျက်ဆီးကြရ​ပေသည်။ 

သားသမီးများမပြစ်မှားပါဘူး၊ မသိပါဘူးဟုဆို​သော်လည်း ထိုအရာသည် မိသားစုလိုက် တာဝန်ယူရမှုတာဝန်ခံရမှုနှင့်လည်း သက်ဆိုင်​ပေလိမ့်မည်။ တနည်းဆို​သော် ​ယောရှုမှတ်စာ အခန်းကြီး ၇ တွင်​တွေ့ရသော "Corporate Responsibility" ဟုလည်းဆိုနိုင်​ပေသည်။ မိသားစုသည် ထိုသူကို မတရားမှုမလုပ်​ဆောင်စေရန် မတားဆီးနိုင်ခြင်းသည် တိုက်ရိုက်ဖြစ်​စေ သွယ်ဝိုက်၍ဖြစ်​စေ ထိုမတရားမှုကို အား​ပေး​ရာ​ရောက်သည်ဟုဆိုလိုနိုင်သည်။ ​နောက်တနည်းဆိုရလျှင် ကျွန်ုပ်တို့သည် မတရား​သောသူများ၏ အဓမ္မလုပ်​ဆောင်မှုများကို သိ​သော်လည်း နှုတ်မဖွင့်ခြင်း၊ တားဆီးခြင်းမပြုခြင်း၊ ထိုသူတို့နှင့် တစ်ဖက်တည်းမဟုတ်​ကြောင်း မ​ဖော်ပြခြင်းတို့သည် ထိုသူတို့နှင့်အလိုတူအလိုပါဖြစ်​နေခြင်းနှင့်အလားတူ​နေသကဲ့သို့ အာခန်၏အဖြစ်အတိုင်းပင်ဖြစ်​နေ​ပေ​တော့သည်။ 

လက်ရှိဖြစ်​ပေါ်​နေ​သော မတရားမှုအမျိုးမျိုးတို့ကို မြင်​တွေ့​နေပါလျှက်၊ မတရား​သောအရာများမှန်းလည်းသိပါလျှက်နှင့် အကျိုးအမြတ်ရ၍ ငြိမ်​နေခြင်း၊ မတရားခြင်းကိုသိသည် သို့​သော် မိမိမတရားမှုကိုမလုပ်​ဆောင်​သော​ကြောင့် နှုတ်ဖွင့်ခြင်းမရှိခြင်း၊ တရားသည်မတရားသည်ထက် တာဝန်အရဟုဆိုကာ အဓမ္မမှုကို အားရပါးရပါဝင်လုပ်​ဆောင်ခြင်း၊ တရားသည်မတရားသည်ကိုလည်း စိတ်မဝင်စား ငြိမ်​နေခြင်းပင်ဖြစ်ပါ​စေ ထိုသူတို့သည် မတရားမှုတွင်ပါဝင်ပတ်သတ်သူများပင်ဖြစ်​သော​ကြောင့် "Systemic Evil or Corporate Evil" များပင်ဖြစ်​ပေ​တော့သည်။ 

ထို့​ကြောင့် ကျွန်ုပ်တို့သည် မိမိတို့မြင်​တွေ့ရ​သော အဓမ္မအရာများ မတရား​သောအမှုအရာများ၌ သမ္မာတရားနှင့်အညီ နှုတ်ကိုဖွင့်ခြင်း၊ သမ္မာတရားနှင့်အညီ အပြစ်ကို​ဖော်ပြခြင်း၊ သမ္မာတရားနှင့်အညီ ​ထောက်ပြ​ပြောဆိုခြင်း၊ သမ္မာတရားနှင့်အညီ မတရား​သောအမှုများ အဓမ္မအရာများကို ​ဖော်ပြကာ ထိုသူတို့နှင့် သ​ဘောမတူကြ​ကြောင်းကိုလည်း ငြင်းဆိုကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next