ဝမ်းမြောက်၍ မျှော်လင့်သောသူ

ဗာဗုလုန်၏ ကျူးကျော်ဝင်ရောက်မှုကြောင့် များစွာသော အခက်အခဲတွေ၊ ပြဿနာတွေ၊ အဆင်မပြေမှုတွေ၊ တိုင်းပြည်၏ လူမှုရေး စီးပွားရေး အနေအထား အခြေအနေတွေအကုန်လုံး ရှုပ်ထွေးကာ ပျက်စီးဆုံးရှုံးမှုတွေကို ကြုံတွေ့ခံစားရနိုင်သည်ကို ပရောဖက် ဟဗက္ကုတ်သည် သိသည်။
ထိုသို့ဖြစ်လျှင် ထိုသူတွေ၏ ကျူးကျော်မှုတွေရှိလာလျှင်လည်း၊ ထိုကျူးကျော်ဝင်ရောက်သော ဗာဗုလုန်တွေကြောင့် သင်္ဘောသဖန်းပင် မပွင့်ရခြင်း၊ စပျစ်သီးမသီးရခြင်း၊ သံလွင်ပင်မှ အကျိုးကျေးဇူးများကို မျှော်လင့်နေသော်လည်း မခံစားခြင်း၊ လယ်မှ အသီးအနှံတွေပျက်စီးရခြင်း၊ သိုးခြံမှာလည်း သိုးမရှိရခြင်း၊ နွားတင်းကုပ်ဆိုသော်လည်း နွားဟူ၍ မရှိမမြင်ရခြင်းတွေ ကြုံတွေ့နိုင်မည်ကို သူသိသော်လည်း၊ ထိုကဲ့သို့သော ဆုံးရှုံးမှုတွေ ပျက်စီးခ့င်းတွေဟာ တရဆက်ဝင်ရောက်လာနိုင်သည် ကြုံတွေလာနိုင်သည်ဟုသူ သေသေခြာခြာသိမြင်ခံစားရသည်ဆိုသော်လည်း သူ့ရဲ့ မျှော်လင့်ခြင်းသည် ထာဝရဘုရားသခင်ကိုသာဖြစ်သည်။ ထိုဘုရားကိုသာ အမှီပြုမည်၊ အဲဒီဘုရားသည် မိမိကို ကယ်တင်နိုင်သည်ကို သိမှတ်၍ ထိုဘုရား၌သာ ဝမ်းမြောက်၍ မျှော်လင့်လျှက်နေမည်ဟု နားလည်ရပါတယ်။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၃:၁၇-၁၈
သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။
မိတ်ဆွေ လက်ရှိကြုံတွေ့နေရသော အရာများသည် ထိုကဲ့သို့ဖြစ်နေပါသလား၊ ကိုရိုနာ၏ ဝင်ရောက်ကျူးကျော်ခြင်းကြောင့် နာကျဥ်ခံစားနေရပါသလား၊ ဒီအရာကြောင့် အမျိုးမျိုးသော အဆင်မပြေမှုတွေ၊ လစာမရတော့ခြင်း၊ အလုပ်တွေရပ်နားရခြင်း၊ သိုးခြံမှာ သိုးမရှိသလို ဆန်အိုးထဲ ဆန်မရှိရခြင်းတွေ၊ တင်းကုပ်မှာ နွားမရှိသလို သင့်ရဲ့မရှိခြင်းတွေဟာ ထိုကျူးကျော်လာသော အရာကြောင့် ခံစားကောင်းခံစားနေရနိုင်ပါတယ်။
ထို အဆင်မပြေခြင်း၊ ခက်ခဲခြင်း၊ မရှိခြင်းတွေ များစွာကြုံတွေ့နေရကောင်း နေရနိုင်သော်လည်း၊ ပရောဖက် ဟဗက္ကုတ်ကဲ့သို့ ထာဝရဘုရားကိုသာ မျှော်လင့်လျှက် မိမိကို ကယ်တင်ခြင်းပေးသော ထိုဘုရားကိုသာ အမှီပြု၍ ရွှင်လန်းကြစို့ရယ်။
ဟဗက္ကုတ် ဝေါဟာရ၏ အဓိပ္ပါယ်မှာ 'ပွေ့ပိုက်ခြင်း၊ လုံးထွေးခြင်း' ဟုသိရှိရပါသည်။ သူ့ရဲ့ အမည် 'လုံးထွေးခြင်း' ဟူသော စကားနှင့်အညီ ဒုစရိုက်အမှုတွေကြောင့် အပြစ်ပေးခံရမည့် ယုဒလူမျိုးများအတွက် ယေဟောဝါဘုရားနှင့် နပန်းလုံးရခြင်းအကြောင်း ဖန်လာတယ်ဟူ၍ ဆိုနိုင်သည်။
'ပွေ့ပိုက်ခြင်း' ဟူသော နာမည်အဓိပ္ပါယ်နှင့် ပတ်သက်၍ မာတင်လူသာ၏ စကားကို ကိုးကား၍ 'Feinberg' က ဤသို့ဆိုခဲ့သည်။
ဟဗက္ကုတ်သည် နာမည်နှင့်အညီ အခြားသူများကို ပွေ့ဖက်သူဖြစ်သည်။ အချင်းချင်းကိုလည်း ပွေ့ဖက်ခိုင်းသည်။ သူ့လူများကို ရင်ခွင်ထဲသို့ ပွေ့ဖက်သိမ်းယူသည်။ ငိုယိုနေသော ကလေးသူငယ်အား ပွေ့ဖက်ချော့သိပ်သကဲ့သို့ သူ့လူများကို စိတ်ပျက်အားငယ်ခြင်း ပျောက်ပြယ်သွားအောင်အားပေးသည်။ ဘုရားသခင်အလိုတော်ရလျှင် မကြာသောကာလမှာ ကောင်းမွန်လာလိမ့်မည်ဟု ဆိုသည်။
ချစ်သော မိတ်ဆွေ သင်ရဲ့ အဆင်မပြေခြင်းတွေ၊ သိုးခြံ တင်းကုပ်ကဲ့သို့ ကုန်ခမ်းနေရခြင်းတွေ မရှိရခြင်းတွေ၊ အခက်ခဲပြဿနာတွေ မနာကျန်းဖြစ်ခြင်းတွေ ကြုံနိုင်ပါတယ်၊ စသဖြင့်တွေ သင်ကြုံနေရနိုင်ပါတယ်၊ ဗာဗုလုန်၏ ကျူးကျော်ခြင်းကိုခံရသကဲ့သို့ ကိုရိုနာ၏ ကျူးကျော်ခြင်းသည် ဆိုးရွားနိုင်ပါတယ်။ သို့သော် ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်တွေသည် အချင်းချင်း ပွေ့ဖက်ကြရအောင်၊ သူတပါးကို အားပေးကြရအောင်၊ ထိုအရာကို သက်သာစေသောအရှင်ကို မျှော်လင့်ကြရအောင်၊ ထိုဘုရားကို အမှီပြု၍ ရွှင်လန်းကာ ကယ်တင်တော်မူခြင်း ကျေးဇူးသည် သင်နှင့် သင့်မိသားစုအပေါ်သို့ သက်ရောက်ပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet
Ref: Commentry