Covid-19 မှပေးသောသင်ခန်းစာ

ဒီ Covid ဆိုသောအရာကိုကမ္ဘာနဲ့တဝှမ်းကြုံတွေ့ကြုံရပါတယ်။ လူတိုင်းလူတိုင်းဒီအရာကနေသင်ခန်းစာတွေလဲရခဲ့ကြပါတယ်။ ညီအကိုတစ်ယောက်ကဒီလိုဆိုပါတယ်။ ကျန်းမာရေးအဆင့်မြင့်အသိနဲ့ပညာတွေရတယ်၊လက်ကိုရှယ်ဆေးနေသလိုနောက်လဲသတိထားကြမယ်။နှာချေ၊ချောင်းဆိုးခြင်းအမှုတောင်ဘယ်လိုလုပ်ရမယ်၊ကမ္ဘာကြီးကို Covid မှပေးသောသင်ခန်းစာတစ်ခုလို့ဆိုပါတယ်။
ဒီလိုပဲ သင်ယူမိတာတွေကတော့အများကြီးရှိကြမယ်ထင်ပါတယ်။ တချို့ကလဲပြည်တော်ပြန်ကိုဆဲလိုက်၊ရောဂါကူးသူရော၊စောင့်ကြည့်ရောတွေ့သမျှအကုန်ဆဲနဲ့ကိုယ့်အလှည့်ရောက်မှသင်ယူမိမဲ့သူတွေလည်းရှိနေပြန်တယ်။
US မှအမတစ်ယောက်ကယခုလိုပြောပြပါတယ်။ဘုရားကိုအချိန်မှန်မှန်ဝတ်ပြုကိုးကွယ်တတ်လာတယ်၊သူတပါးကိုဝေဖန်တာတွေချုပ်ထိမ်းနိုင်လာတယ်။ ဒီနေရာမှာတော့သူခံစားရတာလေးကိုယခုကဲ့သို့ပြောပြပါတယ်။ Mask မပါပဲလေရှူရခြင်းကိုသူအရမ်းလွမ်းမိနေပြီးတော့ ဘယ်တော့မှအဲ့လိုအသက်ရှူရမလဲဆိုသောအရာလေးကိုသူတွေးနေမိတယ်လို့ဆိုပါတယ်။
ကျွန်တော် ဒီနေ့ City Mart ကို ခဏလေးသွားတာတောင် အသက်ရှူမဝခဲ့သလိုအသက်မရှူတတ်ခဲ့ပါဘူး။ Mask နဲ့ အသက်ရှူရခြင်းသည် နေရအရမ်းခက်ပါတယ်။
ဟုတ်ပါတယ်ကျွန်တော်တို့တွေသည်တကယ်တော့ လေကိုအားရပါးရရှူဖို့အခါအခွင့်ရှိတဲ့အချိန်မှာတန်ဖိုးကိုမသိခဲ့ကြဘူး။ အခုမှသာတန်ဖိုးကိုသိရှိပြီးလွမ်းနေမိကြတာဖြစ်ပါတယ်။ အသက်ရှူဖို့လေကိုအခမဲ့ပေးထားတာဖြစ်ပေမယ့်။ အခုချိန်လွတ်လပ်စွာလေသွားရှူခဲ့ရင် ပေးဆပ်ရမယ့်အခကကြီးပါတယ်။
ဒီလိုပဲအသက်ရှင်နေချိန်မှာမသိပဲ၊သတိမထားမိပဲ၊လက်ခံခွင့်ရှိတဲ့အချိန်မှာ လက်မခံမိတာမျိုးရှိပြီး အချိန်လွန်မှ(သေခါမှပေါ့) မသိလိုက်ရလေခြင်း၊လက်မခံလိုက်ရလေခြင်းဆိုပြီး တန်ဖိုးကိုမသိလိုက်ရလို့ နောင်တရတာမျိုးလဲရှိမှာပါလားဆိုတာဆင်ခြင်မိပါတယ်။
ယုံကြည်သူခရစ်ယာန်ညီကိုမောင်နှမတွေကိုကျွန်တော်အားပေးချင်ပါတယ်။ အခုမှဝတ်ပြုကိုးကွယ်ခြင်းမှာပါဝင်ချင်လို့မရတော့ပါ။
ဘုရားကျောင်းသွားခွင့်ရှိတုန်း၊ပါဝင်ခွင့်ရှိတုန်းမှာပါဝင်ကြဖို့၊မိမိအသက်ရှင်နေတုန်းမှာဘုရားအတွက်ပါဝင်ဆပ်ကပ်ဖို့အရေးကြီးတယ်ဆိုတာကိုနားလည်စေချင်တယ်။ ဒီအချိန်အတောအတွင်းမှာလဲရှင်ပေါလုပြောသလို အရာရာ၌သင်ယူမိသောသူဖြစ်ဖို့အရေးကြီးတယ်ဆိုတာကိုသတိပေးချင်ပါတယ်။
ဖိလိပ္ပိဩဝါဒစာ ၄:၁၂
ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။
ယခုအချိန်မှာလဲသစ္စာရှိစွာဆပ်ကပ်သူ၊အသင်းတော်အတွက်ပါဝင်သူ၊ပူဇော်သက္ကာကိုပေးလှူပူဇော်တတ်သောသူများဖြစ်ရုံသာမကပဲ ဒီအရာတွေကျော်လွန်သွားတဲ့တစ်နေ့မှာလဲ သစ္စာရှိစွာပါဝင်ဆပ်ကပ်ပြီးအသက်ရှင်သောယစ်ကိုပူဇော်တတ်သောသူများဖြစ်စေကြရအောင်လို့အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Covid မှရရှိသောသင်ခန်းစာ (၁၀)ခုကိုအောက်က Link တွင်လေ့လာကြည့်ပါ။