Covid-19 မှရသောကောင်းကျိုးများ

ကျွန်တော်တို့တွေက ဒီရောဂါကိုအဆိုးသက်သက်ပဲမြင်နေကြပါတယ်။အကောင်းဘက်ကနေလှည့်တွေးကြည့်မယ်ဆိုရင်လဲအကောင်းတွေရှိပါသေးတယ်။
ဥပမာ။ Covid ကြောင့် မိသားစုတွေမျက်နှာခြင်းဆိုင်အချိန်ယူခွင့်ရတယ် ၊ တချို့ကလဲ ပင်ပန်းနေရာကနေအနားယူရတယ် ၊ တချို့ကအတွေ့အကြုံသစ်တွေရတယ် ၊ တချို့ကပညာရပ်တချို့ကိုလေ့လာခွင့်အချိန်ပိုရသွားတယ် ၊ online မှသင်တန်းတချို့ free တက်ခွင့်တွေရတယ် ၊ တချို့ကလူတွေကိုကူညီဖို့ဖြစ်လာတယ် ၊ တချို့ကစာအုပ်တွေဖတ်ခွင့်ပိုရလာတယ် ၊ တချို့ကလဲဘုရားနဲ့အချိန်ပိုယူဖြစ်လာတယ် စသဖြင့်အမျိုးမျိုးသောကောင်းကျိုးတွေရရှိကြပါတယ်။ ဒီနေရာမှာ Mask တွေဈေးတင်ရောင်းတာတွေ ၊ မတရားသောစီးပွားတွေ ၊ စသဖြင့်ထည့်မပြောပါ။
၂၃ရက် March လ 2020 သတင်းအရ ဒီ Covid-19 ဖြစ်နေစဥ်မှာပဲ Stocks (၃)ခုဟာတော်တော်ကိုအကျိုးအမြတ်တွေရရှိခဲ့ပါတယ်။ ဒါတွေကဘာတွေလဲဆိုရင်တော့ ...
(1) Kimberly-Clark (tissue တို့ဘာတို့ထုတ်)
(2) Zoom (Video Communication)
(3) Clorox ( Cleaning supplies)
(Clorox) ထက်သူတို့ပိုကြိုက်တဲ့ Stocks (10)ခုကိုလဲပြောထားပါသေးတယ်။ ဒီအကြောင်းကိုဖတ်ချင်ရင်တော့အောက်ဆုံးမှာ Link ချပေးထားပါတယ်။ ဒါဆိုရင်တော့ သေချာပါတယ် အဆိုးကြီးသက်သက်သာမဟုတ်ဘူးဆိုတာကိုနားလည်ရပါတယ်။
ဒီကနေရသမျှအကျိုးအမြတ်တွေကတော့ သေချာသလောက်ကသင်နဲ့ကျွန်ုပ်ကိုနောင်ဘဝအတွက်အာမခံချက်တော့မပေးနိုင်ပါဘူး။ ဒီလောကငွေကြေးတွေ ၊ စည်းစိမ်ဥစ္စာတွေနဲ့ပိုင်ဆိုင်မှုတွေရှိရင်စိတ်ချမ်းသာမယ်ဆိုပြီးထင်တတ်ခဲ့ကြပါတယ်။ ဒါတွေရှိရင်ဘဝမှာမပူရတော့ဘူး၊သေပျော်ပြီ၊လူ့ဘဝမှာနေပျော်ပြီလို့ထင်တတ်ကြပါတယ်။သေရင်ပြီးပြီ၊အေးပြီလို့ထင်ကြမိတာကြောင့်လဲဖြစ်တယ်။ သေပြီးရင်နောင်တမလွန်ဆိုတာကိုမေ့နေတတ်ကြသလို၊မေ့ချင်ယောင်ဆောင်နေကြတယ်ပေါ့။
သုတ္တံကျမ်း ၁၆:၂၅
လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်း တစ်မျိုးရှိ၏။
ဒါပေမယ့် အခုချိန်ပိုက်ဆံတွေ၊စည်းစိမ်တွေပိုက်ပြီး တမလွန်အရေးစိတ်ပူနေရသူတွေဒုနဲ့ဒေးလဲရှိပါတယ်။
ရှင်မဿဲခရစ်ဝင် ၁၆:၂၆
လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။
ဘယ်လောက်ပဲချမ်းသာချမ်းသာ ၊ ဘယ်လောက်ပဲပိုင်ဆိုင်ပါစေ ၊ တနေ့တော့သေရပါဦးမယ် ၊ တနေ့တော့ တမလွန်ကိုခရီးဆက်ရပါဦးမယ်။ ဒီနောင်တမလွန်ရေးရာကိုစိတ်ချရဖို့တော့လိုပါတယ်။ Covid သည်အဆိုးကြီးသာမဟုတ်ပါဘူး၊အပေါ်မှာတွေ့ခဲ့ရတဲ့အကျိုးအမြတ်တွေကိုသင်လဲရနိုင်တယ်ကျွန်တော်လဲရနိုင်တယ်။ ထို Stocks ပိုင်ရှင်တွေ၊Company ပိုင်ရှင်တွေလဲရနိုင်တယ်။ ဒီထက်ပိုအကျိုးရှိမှာကတော့ ဒီအတောအတွင်းထဲမှာ တမလွန်အတွက်စိတ်ချရတဲ့အဖြေကိုရရှိခြင်းပါပဲ။ ရှိသမျှအကျိုးအမြတ်တွေထဲမှာအကြီးမားဆုံးအကျိုးအမြတ်ကတော့ ဘုရားကိုရခြင်း(နောင်တမလွန်ကိုစိတ်ချရခြင်း)ပါပဲ။ ယေရှုခရစ်တော်သည်သင့်ကိုချစ်တယ်။ မြည်းစမ်းကြည့်ကြပါလို့အနည်းငယ်တိုက်တွန်းချင်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၆
ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi