နာကျင်အချိန်ပို

ဘောလုံးပွဲတစ်ပွဲမှာ ပထမပိုင်း ၄၅ မိနစ် နဲ့ ဒုတိယပိုင်း ၄၅ မိနစ် စုစုပေါင်းမိနစ် ၉၀ဖြစ်ပါတယ်။ ဒါပေမယ့် ဒိုင်သူကြီးထံမှဝီစီသံမကြားရသေးသမျှကာလပါတ်လုံးမှာတော့ဆက်လက်ဘောလုံးကန်ခွင့် ၊ ကြိုးစားပိုင်ခွင့်ရှိသေးတယ်ဆိုတာကိုအားလုံးသိကြမှာပါ။ နာကျဥ်အချိန်ပို ၂မိနစ် ၄မိနစ် စသဖြင့်ထပ်ပေးသော်လည်းဘဲ ဒိုင်သူကြီးသည်ဝီစီမမှုတ်မသ၍တော့ပွဲမပြီးသေးပါဘူး။
ဒီနာကျဥ်အချိန်ပိုအတွင်းမှာဘဲ တချို့ကသရေကျသွားတယ် ၊ နိုင်သွားတယ် ၊ ရှုံးသွားတယ် ဆိုတာကိုတွေ့ကြရပါတယ်။ ဘောလုံးပွဲကြိုက်နှစ်သက်သူတွေကတော့ ဒီလိုအချိန်လေးအနည်းငယ်အတွင်းမှာတောင် ရလဒ်တွေပြောင်းလဲသွားနိုင်တယ်ဆိုတာကိုသိကြပါတယ်။ ဒီကျန်ရှိနေတဲ့အချိန်လေးအနည်းငယ်ကိုတောင် တန်ဖိုးထားကြပါတယ်။
ဒီကမ္ဘာလောကကြီးမှာအသက်ရှင်နေရသောကျွန်တော်တို့တွေသည်လည်းဘောလုံးပွဲတစ်ပွဲလိုပါဘဲ။ အချိန်ရှိသ၍ ရလဒ်ပြောင်းအောင် ၊ ကစားကွက်တွေဖော်ပြီးကစားနေကြတဲ့ဘောလုံးသမားတွေလိုပဲဖြစ်တယ်။ ဒိုင်သူကြီးဝီစီသံမကြားရသေးသ၍ဘောလုံးသမားများသည်ဆက်လက်ကန်နေကြသေးသလို ကျွန်တော်တို့သည်လဲ အသက်ရှင်နေသ၍မျှော်လင့်လို့ရပါသေးတယ်။ နာကျဥ်အချိန်ပိုအထိမျော်လင့်နေကြသလို နောက်ဆုံးထွက်သက်အထိမျှော်လင့်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ပျက်အားငယ်ခြင်း ၊ ဆုံးရှုံးခြင်း ၊ ချည်နှောင်ခြင်း ၊ ငိုကြွေးမြည်တမ်းခြင်း ၊ နာမကျန်းဖြစ်ခြင်း ၊ နာကျင်ခြင်း ၊ ညည်းတွားခြင်း ၊ ကယ်တင်ခြင်းမရသေးခြင်း ၊ အစရှိသဖြင့်အားလျှော့သွားစေဖို့မဟုတ်ဘဲ အသက်ရှင်နေသေးသမျှကာလပါတ်လုံးသည် မျှော်လင့်လို့ရပါသေးတယ်။
မိမိချစ်ရသောသူတွေအသက်တာကိုကယ်တင်ခြင်းမရသေးလို့စိတ်ပျက်နေရသူတွေ ၊ စိတ်ညစ်နေသူတွေရှိကြမယ်ထင်ပါတယ်။ အားမလျှော့ပါနဲ့လို့အားပေးချင်ပါတယ်။ ဆက်လက်ဆုတောင်းပါ ၊ အားပေးပါ ၊ ဝေမျှပါ။တစ်ဦးတစ်ယောင်စီတိုင်းအတွက်နာကျဥ်အချိန်ပိုဆိုတာရှိပါတယ်။ ဒီနောက်ဆုံးသောစက္ကန့်ကိုဘယ်သူသိနိုင်မလဲ ? ကားတိုင်ပေါ်မှလူဆိုးကြီးကိုကြည့်ပါ။ နာကျဥ်အချိန်ပိုမှာပြောင်းလဲသွားသောရလဒ်ဖြစ်ပါတယ်လို့အနည်းငယ်ခွန်အားပေးချင်ပါတယ်။
ရှင်လုကာခရစ်ဝင် ၂၃:၄၂-၄၃
သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
မိတ်ဆွေကယေရှုခရစ်တော်ကို မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ကယ်တင်ရာနေ့ရက်သည်ယနေ့ပင်ဖြစ်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။