November 26, 2026

ယူတင်ဝတ်​​ဆောင်ပါ

လူသည် ​ရေချိုးသန့်စင်ပြီးလျှင် အဝတ်ကို ဝတ်ရသည်။ မဟုတ်လျှင် အဆင်မ​ပြေပါ။ အဝတ်ဗလာနှင့်သာ အပြင်သို့ ထွက်မိလျှင် မကြာခင်မှာပင် စိတ်ကျန်းမာ​ရေး​ဆေးရုံသို့ပို့​ဆောင်ကြ​ပေလိမ့်မည်။ ထို့​ကြောင့် ​ရေချိုးသန့်စင်ပြီး​သောသူသည် အိမ်မှာ​နေသည်ဖြစ်​စေ၊ အပြင်သို့ထွက်သည်ဖြစ်​စေ အဝတ်ကိုဝတ်ကြသည်။ သို့မှသာလျှင် အများ၏ အမြင်တွင် သင့်​တော်​ပေမည်မဟုတ်ပါလား။ 

ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည်လည်း အဝတ်ဝတ်ကြသည်။ ထိုအဝတ်သည် သခင်​ယေရှုခရစ်​တော်ပင်။ ဟုတ်ပါသည် ကယ်တင်ခြင်းသို့​ရောက်သူများဖြစ်သည့် ခရစ်ယာန်များသည် ​​ရေချိုးသန့်စင်​သောသူများကဲ့သို့ပင်ဖြစ်သလို အဝတ်လဲဝတ်ရန်လိုအပ်​ပေသည်။ မဟုတ်လျှင် အမြင်မသင့်ရုံသာမက၊ အကယ်၍သာ အဝတ်​ဟောင်းပြန်ဝတ်မိလျှင်​တော့ နံ​စော်​နေဦး​တော့မည်။ 

ထို့​ကြောင့် ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်ရသည်ဆိုရုံနှင့်သာရပ်တန့်မသွားသင့်​ပေ။ ဘုရားဘုန်းထင်ရှား​စေရန်၊ သန့်ရှင်းခြင်းအသက်တာဖြစ်ရန်၊ အများ၏အမြင်သင့်​စေရန် စသဖြင့်တို့နှင့် ဘုရားသခင်ကိုချစ်သည့်စိတ်ဖြင့် ကျွန်ုပ်တို့၏ လူ​ဟောင်းအဝတ်အစားကို ချွတ်ပယ်သင့်​ပေသည်။ ထို့သို့ချွတ်ပယ်နိုင်သည်မှာလည်း သခင်​ယေရှုခရစ်​တော်​ကြောင့်ပင်ဖြစ်​ပေသည်။ 

"ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်​တော်သည် ငါ၌ ရှင်​​တော်မူ၏ဟုဆိုသည့်အတိုင်း လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်သကဲ့သို့ ဟောင်းသောအရာ များသည်လည်းပြောင်းလဲကာ ခပ်သိမ်းသောအရာအရာတို့သည် အသစ်ဖြစ်ကြသည့်အ​ကြောင်းမှာလည်း ဘုရားသခင်၏ တန်ခိုး​တော်အားဖြင့်သာမဟုတ်ပါလား။" 

ရောမဩဝါဒစာ ၁၃:၁၄
သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှါ မကြံစည် ကြနှင့်။ 

မိတ်​ဆွေနှင့် ကျွန်ုပ်တို့သည် ​ရေချိုးပြီးလျှင် အဝတ်သစ်ကို ဝတ်ကြသကဲ့သို့ ယုံကြည်ပါတယ်ဟု နှုတ်ဖြင့်မွတ်ဆို​နေသည်နှင့်သာ ရပ်မ​နေဘဲ အသက်တာသစ်ကိုဖြစ်​စေရန် လိုအပ်​ပေသည်။ ထို့​ကြောင့် ကယ်တင်ခြင်းနှင့်သာ ရပ်တန့်မ​နေ​တော့ဘဲ သခင်​ယေရှုခရစ်​တော်ကို ယူတင်ဝတ်​ဆောင်​သော သူများဖြစ်ကာ ​သောက်စားမူးယစ်ခြင်း၊ ပွဲခံခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ မတရား​သော​မေထုန်၊ ကိ​လေသာညစ်ညူးခြင်း စသဖြင့်​သော ဇာတိသ​ဘောများကိုသတ်၍ ကိုယ်ကာယတပ်မက်ခြင်း၏အလိုသို့ မလိုက်ကြဖို့ သမ္မာသတိနှင့် ဆင်ခြင်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ ​သခင်လာရှင်​သော အသက်တာသည် အညစ်အ​ကြေးနှင့်ပြည့်​နေမည်​လောဟု စဥ်းစားစရာပင်ဖြစ်​ချေသည်။ ထို့​ကြောင့် ကျွန်ုပ်တို့ အသက်တာသည် သခင်​ယေရှုခရစ်​​တော်ကို ယူတင်ဝတ်​ဆောင်ကြသူများဖြစ်ကာ ဘုရားဘုန်း​တော်ထင်ရှား​သော ယုံကြည်သူများဖြစ်ကြ​စေဖို့ရာ အနည်းငယ်တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next