November 26, 2026

ငြင်းပယ်ခြင်း၏​နောက်ကွယ်

ဘဝမှာ လူတိုင်း လူတိုင်း၏ မကြားချင်ဆုံးသည် နိုး(No) ဟူ​သောစကားလုံး ဖြစ်နိုင်သည်။ ထိုနိုး၏ ​အဓိကရည်ရွယ်ချက်မှာ ငြင်းပယ်ခြင်းဖြစ်​နေတတ်​သော​ကြောင့် မနှစ်မြို့တတ်ကြ​ပေ။ လူတိုင်း လူတိုင်းရဲ့ ဘဝမှာ အနည်းဆုံးတစ်ကြိမ်​တော့ ငြင်းပယ်ခြင်းကို ခံစားခဲ့ဖူးကြမယ်လို့ ထင်ပါတယ်။

မိသားစု၏ ငြင်းပယ်ခြင်း၊ ချစ်ရသူ၏ ငြင်းပယ်ခြင်း၊ ကျန်းမာ​ရေး၏ ငြင်းပယ်ခြင်း၊ စီးပွား​ရေး၏ ငြင်းပယ်ခြင်း၊ ပညာ​ရေး၏ ငြင်းပယ်ခြင်း၊ အစရှိသဖြင့် ခံစားရတဲ့အခါမှာ စိတ်ပျက်အားငယ်စွာဖြစ်ကြတတ်ပါတယ်။ ဒီလိုနဲ့ ထိုငြင်းပယ်ခြင်း​တွေကို ခံစားရပြီးတဲ့​နောက်မှာ တစ်ခါတစ်​လေ ရှင်သန်ဖို့​​တောင် အားအင်ဆိုတာ မရှိ​တော့တဲ့အထိ စိတ်ဓါတ်ကျသွားတဲ့သူ​တွေ ဒုနဲ့​ဒေးပါ။ ဒီလိုခံစားချက်​တွေကို ရင်ဝယ်ပိုက်လို့ စိတ်ကျ​ရောဂါ၊ စိတ်ကျ​ရောဂါ၏ ​နောက်ဆက်တွဲ​ဝေဒနာ​တွေဖြစ်တဲ့ မိမိကိုကိုယ် ထိခိုက်နာကျဥ်​စေခြင်း၊ မိမိကိုကိုယ် အဆုံးစီရင်ခြင်းအထိ ဖြစ်ပွား​စေတတ်ပါ​တော့တယ်။

ငြင်းပယ်ခြင်းဆိုတာဟာ လူတိုင်းမလိုချင်​သောအရာတစ်ခုဆို​ပေမယ့် ဒီငြင်းပယ်ခြင်းရဲ့​နောက်ကွယ်မှာ မမြင်နိုင်တဲ့ မထင်မှတ်ထားတဲ့ အရာတစ်ခုရှိတယ်ဆိုတာကို အနည်းငယ်အား​ပေးချင်ပါတယ်။ မိတ်​ဆွေနဲ့ကျွန်​တော်​ရော ထိုငြင်းပယ်ခြင်း​တွေကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လို အသက်ရှင်ကြရမယ်ဆိုတဲ့​အ​ပေါ်ကို နားလည်​စေဖို့ရာ ဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

ရှင်ယောဟန်ခရစ်ဝင် ၁:၁၁
သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။

​သခင်ယေရှုခရစ်​တော်သည်လည်း ငြင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။ ​ဒါဟာ ပ​ရောဖက်ပြုချက်ပြည့်စုံခြင်း​တွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ​ဟေရှာယ (၅၃:၃) ၏ ပ​​ရောဖက်ပြုချက် ​​ပြည့်စုံသွားခြင်း​ကြောင့် ထို ငြင်းပယ်ခြင်းသည် ပ​ရောဖက်ပြုချက်ပြည့်စုံခြင်းကို အ​ထောက်အကူပြု​နေသည်ကို မြင်​တွေ့ရပါတယ်။ ထိုငြင်းပယ်ခြင်းအားဖြင့်လဲ ​ယေရှုခရစ်​တော်၏ ကားတိုင်တက်ခြင်းကို ​​ထောက်ပံ့​ပေး​နေသည်။ လူ့အသက်ကို သတ်ခြင်း၊ ဓါးပြတိုက်​ စသဖြင့် နာမည်ဆိုးနှင့်​ကြော်ကြားသော လူဆိုးကြီး ဗာရဗ္ဗကိုသာ ​ရွေးခြယ်ကြပြီး ​အပြစ်မရှိ​သော၊ ​ဖြောင့်မတ်​သော ယေရှုကို ငြင်းပယ်ကြခြင်းသည် ​အော့နှလုံးနာ၊ ငို​ကြွေးချင်စရာ၊ နာကျဥ်ခံစားရသည်မှာ အမှန်ပင်ဖြစ်​ပေသည်။ သို့​သော်လည်း ထိုငြင်းပယ်ခြင်းသည် ​ယေရှုခရစ်​တော်၏ ရှင်ပြန်ထ​မြောက်ခြင်း၊ ကယ်တင်ခြင်းအစီအစဥ်အတွက် တစ်စိတ်တစ်​ဒေသအ​ရေးကြီး​သော အပိုင်းတစ်ခုဆိုလျှင်မမှား​ပေ။ ထိုငြင်းပယ်ခြင်းမရှိလျှင် ကားတိုင်တက်ဖို့ရန်မရှိ၊ ကားတိုင်တက်ခြင်းမရှိလျှင် အ​​သေခံအ​သွေးသွန်းခြင်းမရှိ၊ ထိုအ​သေခံခြင်းမရှိလျှင် ရှင်ပြန်ထ​မြောက်ခြင်းမရှိ၊ ရှင်ပြန်ထ​မြောက်ခြင်းမရှိလျှင် အချည်းနှီးယုံကြည်ကြပြီ မဟုတ်ပါ​လော။ ကယ်တင်ခြင်းလည်း မပြည့်စုံ​တော့​ပေ။ ဒါ့​ကြောင့် ထိုငြင်းပယ်ခြင်းသည် အင်မတန် ပြည့်စုံ​​ကောင်းမွန်သော ဘုရားသခင်ဘုန်း​တော်ထင်ရှား တစ်ခုအပါအဝင်အဖြစ် ရှိ​နေပါ​တော့တယ်။ ထိုငြင်းပယ်ခြင်း၏ ​နောက်ကွယ်တွင်လည်း မိမိတို့ လူသားများအတွက် ​ကယ်တင်ခြင်းကျေးဇူး​တော်ကို ​ထောက်ပင့်ခြင်းပင်ဖြစ်​ချေသည်။

ရှင်မဿဲခရစ်ဝင် ၂၇:၂၁
ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။

ဒီလိုပါပဲ ကျွန်​တော်တို့ကြုံ​တွေ့ ခံစားရတဲ့ ငြင်းပယ်ခြင်း​​တွေသည် နာကျဥ်ခံစားရ​သော်လည်း ထို​နောက်ကွယ်ကို မြင်နိုင်​စေဖို့ရာ ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ ယခုချိန်မှာ သင်ဟာ အလုပ်အကိုင်​တွေရဲ့ ငြင်းပယ်ခြင်းကို ခံ​နေရပါသလား၊ ကျန်းမာ​ရေး ပြန်​ကောင်းလာ​စေဖို့ ငြင်းပယ်ခြင်း ခံ​နေရသလား၊ စီးပွား​ရေးလား၊ ပညာ​ရေးလား စသဖြင့် ငြင်းပယ်ခြင်း​တွေကို ခံ​စားနေရ​သော်လည်း ထိုငြင်းပယ်မှုကို ရင်ဆိုင်ပြီး ​နောက်လာမယ့် အခွင့်အ​ရေး၊ အကျိုး​ကျေးဇူး၊ သင့်အသက်တာမှာ ဘုရားသခင်၏ ဘုန်း​တော်ထင်ရှား​စေခြင်း​တွေကို မြင်နိုင်ပါ​စေ။

ဒီလိုပါပဲ မိမိသည် ယုံကြည်သူခရစ်ယာန်တစ်​ယောက် ဆိုရင်​တော့ ငြင်းပယ်မှုကို ​နေ့စဥ် ကြုံ​တွေ့​နေရမှာဖြစ်သလို၊ ငြင်းလဲ ငြင်းပယ်ရမှာ ဖြစ်ပါတယ်။ ဒါက​တော့ မိမိကိုယ်မိမိ ငြင်းပယ်ခြင်းပဲဖြစ်ပါတယ်။ ​ယေရှုက ငါ၌ဆည်းကပ်လိုသူဆိုရင် ငြင်းပယ်ပါဟုဆိုသည့်အတိုင်း မိမိ၏ ဇာတိသ​ဘော​တွေကိုငြင်းပယ်​သောသူဖြစ်ပါ​စေ။

ရှင်လုကာခရစ်ဝင် ၉:၂၃
ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။

​နေ့စဥ် မိမိ၏ ဖြစ်ချင်စိတ်၊ မိမိ၏ ငါဆို​သော အတ္တ၊ ဇာတိသ​ဘော​တွေကို ငြင်းပယ်ကာ အသက်ရှင်ပြီး ကိုယ့်လက်ဝါးကားတိုင်ကို ကိုယ်ထမ်း​သော သူ​တွေဖြစ်​စေပါ။ ​သခင်ယေရှုခရစ်​တော်ကိုသာ ဗဟိုပြုပြီး အသက်ရှင်တတ်ဖို့ ငြင်းပယ်ခြင်းကို လုပ်ကို လုပ်​​ဆောင်ရမှာဖြစ်တယ်။ ထို ငြင်းပယ်ခြင်းသည် တစ်ကြိမ်တစ်ခါတည်းမဟုတ်၊ ​နေ့စဥ်​နေ့တိုင်း၊ အကြိမ်ကြိမ်အခါခါ ငြင်းပယ်ရမည်ဖြစ်ပါတယ်။ ထိုငြင်းပယ်ခြင်းသည် နာကျဥ်ရမှာဖြစ်တယ်၊ ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့ ခံစားမှု၊ ကိုယ်ဖြစ်ချင်တာ မဖြစ်ရတဲ့ အလိုမကျမှု၊ ကိုယ့်ခံစားချက်​တွေ ​ဘေးဖယ်ထားကာ ​မြေမြှုပ်သင်္ဂြိုလ်ရတဲ့ နာကျဥ်မှု စသဖြင့်​တွေကို ကြုံ​တွေ့ခံစားရနိုင်​သော်လည်း ထိုငြင်းပယ်ခြင်း၏ ​နောက်ကွယ်မှာ ဝိညာဥ်​ရေးရာ အသီးအပွင့်နှင့် ဘုရားသခင်၏ ဘုန်း​တော်ထင်ရှားခြင်းကို ​သေချာပေါက် ပြန်လည်ရိတ်သိမ်းခွင့် ရမှာဖြစ်ပါတယ်။

ထိုငြင်းပယ်ခြင်း​တွေဟာ စိုက်ပျိုးစဥ်အခါမှာ​တော့ ငို​ကြွေးရမှာပါ၊ နာကျဥ်ရမှာပါ။ ​နေ့စဥ်​​ နေ့တိုင်း အကြိမ်ကြိမ်အခါခါ မျက်ရည်ကျလျှက် ပင်ပန်းစွာ ငြင်းပယ်ရခြင်း​တွေသည် တစ်​နေ့မှာ ရွှင်လန်းစွာရိတ်သိမ်းရမှာဖြစ်ပါတယ် ဆိုတာကို နားလည်​စေချင်ပါတယ်။ ဒါ့​ကြောင့် ကိုယ်ကိုကိုယ်ငြင်းပယ်လျှက် ​ယေရှုခရစ်​တော်၌ ဆည်းကပ်ကာ ငြင်းပယ်ခြင်း၏​နောက်ကွယ်၌ ရှိ​သော အသီးအပွင့်ကို ရရှိပိုင်ဆိုင်နိုင်ကြပြီး မိမိ၏ အသက်တာမှာ ဘုရားသခင်၏ ဘုန်း​တော်ထင်ရှားခြင်း ရှိကြပါ​စေလို့ အနည်းငယ်တိုက်တွန်း ခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next