November 26, 2026

ဘယ်လိုလူအုပ်ထဲမှာပါတာလဲ

ခရစ်ဝင်ကျမ်း​တွေကိုကြည့်တဲ့အခါမှာ ​ယေရှု​နောက်ကိုလိုက်တဲ့သူ​တွေအများကြီးကို​တွေ့ရတယ်။ ဘာ့​ကြောင့်လိုက်တာလဲဆိုတဲ့ ရည်ရွယ်ချက်၊ ​မျှော်လင့်ချက်ပေါင်းများစွာ တစ်​ယောက်နှင့်တစ်​ယောက် မတူကွဲပြားကြတယ်။ 

တချို့က မုန့်ကိုစားရလို့၊ တချို့က နိမိတ်လက္ခဏာမြင်ရလို့၊ တချို့ကလဲ နိမိတ်လက္ခဏာကို မြင်ချင်လို့၊ တချို့ကျပြန်​တော့ ကျန်းမာချင်တယ်၊ မျက်စိမြင်ချင်တယ်၊ ​ခြေ​ထောက်​ကောင်းချင်တယ်၊ နတ်ဆိုးနှိပ်စက်ခြင်းကလွတ်​မြောက်ချင်တယ်၊ တချို့ကလဲ မိမိသားသမီးအသက်အန္တရာယ်စိုးရိမ်လို့၊ ​သေသွားလို့ စသဖြင့်အမျိုးမျိုးကို​တွေ့ရတယ်။ ​ယေရှု​နောက်ကိုလိုက်တဲ့ သူ​တွေအထဲမှာမှ ကားတိုင်တက်တဲ့အခါမှာ လက်ဝါးကားတိုင်မှာရိုက်ထားပါ၊ ဗာရဗ္ဗ နဲ့လဲ​စေ​တော့လဲ ထိုသူ​အချို့ပါဝင်ကြတာဘဲ၊ သူ၏အ​သွေးသည် ငါတို့​၏ခေါင်း​ပေါ်၌၎င်း တည်ရှိပါ​စေလို့​ပြောပြန်တာလဲ သူတို့ဘဲဆိုတာကို​တွေ့ရပြန်ပါတယ်။

မိမိရဲ့ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အဆင်​ပြေခြင်း၊ အဆင်မ​ပြေခြင်း၊ ​အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း​တွေ​နဲ့ အ​ခြေခံထားတဲ့ ကိုးကွယ်မှု၊ ယုံကြည်မှုသည် တည်မြဲခြင်းမရှိသလို ပြိုလဲပျက်ဆီးရာမှာ​တောင် (Slow Motion) မရှိတတ်ကြ​ပေ။ ​လေယူရာယိမ်းတဲ့ သစ်ပင်လို ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် ​ဈေးကွက်တွက်ကာ ကိုးကွယ်ယုံကြည်မှုတစ်ခုလို စီးပွား​ရေးဆန်ဆန် ဒီ​ရေအလား နိမ့်တလှည့် မြင့်တဖုံ၊ အမြတ်နည်းတဲ့စီးပွား​ရေးကို သူ​​ဌေးသည် ဖြုတ်ပြီး​ အခြားစီးပွား​ရေးပြောင်းလုပ်သကဲ့သို့ အ​ခြေမခိုင်ကာ ယိုင်လဲပြိုပျက်တတ်​ပေသည်။

​ယေရှု​နောက်လိုက်​သော လူအုပ်ကြီးသည် ယခု​ခေတ်တွင်လည်းရှိ​နေ​သေး၏။ ကယ်တင်ခြင်းဧဝံ​ဂေလိသတင်းစကားထက် နိမိတ်လက္ခဏာသာမြင်ချင်​သော လူအုပ်ကြီး၊ ​ယေရှု​နောက်ထက် ​အောင်မြင်ခြင်း​နောက်လိုက်​သောလူအုပ်ကြီး၊ ကျန်းမာခြင်း​နောက်လိုက်​သော လူအုပ်ကြီး၊ အဆင်​ပြေခြင်း​နောက်လိုက်​သော လူအုပ်ကြီး၊ စသဖြင့်အမျိုးမျိုး​သော အရာ​တွေ​နောက်သာ လိုက်ချင်​သော လူအုပ်ကြီး​တွေရှိ​နေ​သေးတယ်ဆိုတာကိုနားလည်ရပါတယ်။ နိမိတ်လက္ခဏာ​တွေ၊ အဆင်​ပြေခြင်း၊ ကျန်းမာခြင်း၊ ​အောင်မြင်ခြင်း စသဖြင့်​တွေ​နောက်သာ လိုက်​သောသူ​တွေဟာ ယုံကြည်ခြင်းမှာ မတည်မြဲဘူးဆိုတာကို​နားလည်ရတယ်၊ ဒါ့​ကြောင့် ကျွန်​​တော်တို့​တွေသည် လူ​တွေကို ကယ်တင်ခြင်းစိတ်ချရဖို့၊ ယုံကြည်ခြင်းတည်မြဲခိုင်မာ​စေဖို့၊ အသက်တာပိုင်းစိတ်ချရဖို့သာ ဦးစား​ပေးသွန်သင်ရင်း လူ​တွေအတွက် ကယ်တင်ခြင်းဧဝံ​ဂေလိသတင်း​ကောင်းစကားကို ပို၍ကြား​ပြောသင့်တယ်ဆိုတာကိုနားလည်ရပါတယ်။

ကျွန်​တော်တို့​တွေသည် ​ယေရှုခရစ်​တော်​တောင် မလုပ်ခဲ့​သော အရာများနှင့်သာအချိန်ကုန်​နေပြီး ဒီလူအုပ်ကြီးအတွက် ဧဝံ​​ဂေလိသတင်းစကားကိုအ​ရေးမထားဘဲ နမိတ်လက္ခဏာ​တွေကိုသာ အ​ရေးထား​နေမိတာလား။ ဘုရားသခင်ကိုမြင်ဖို့ထက် သင်နှင့်ကျွန်ုပ်ကိုသာ မြင်​နေ​စေမိတာလား၊ ​ယေရှုကိုရသွား​စေဖို့ထက် နမိတ်လက္ခဏာ​တွေကိုသာ ရသွား​စေမိသလား။ ဒီလို​ပြောလို့ နမိတ်လက္ခဏာပြခြင်း ပြုခြင်းသည် မှားတယ်လို့ဆိုလိုခြင်းမဟုတ်ပါ။ အဓိကနဲ့ သာမညကို​တော့ ခွဲခြားသိမြင်ဖို့သာဖြစ်ပါတယ်။

ကျွန်​​တော်တို့ကိုယ်တိုင်က​ရော ဘာဖြစ်လို့ ​ယေရှုခရစ်​တော်​နောက်ကိုလိုက်​နေတာလဲ။ မုန့်ကိုစား၍ဝ​သော​ကြောင့်လား၊ ကျန်းမာခြင်း၊ အဆင်​ပြေခြင်း နမိတ်လက္ခဏာ​တွေ​ကြောင့်လား။ တကယ်ပဲ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်လို့၊ ယုံကြည်ခြင်းခိုင်မြဲလို့မှဟုတ်ရဲ့လား။ မိမိရဲ့ဇာတိ​တွေကိုငြင်းပယ်လို့ ကိုယ်လက်ဝါးကားတိုင်ကိုယ်ထမ်းပြီး ​နောက်​တော်သို့လိုက်​နေတာမှဟုတ်ရဲ့လားဆိုတာက​တော့ ...
မိတ်​ဆွေ သင်​ရော ဘယ်လိုလဲ ...

ရှင်မဿဲခရစ်ဝင် ၁၆:၂၄
ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next