ကမ်းလက်

မနက်စောစော အိပ်ယာထက်မှာ အိပ်လို့ကောင်းနေတဲ့အချိန် အိပ်မက်တစ်ခုဟာ ကျွန်တော့်ဆီသို့ရောက်ရှိလို့လာခဲ့ပါတယ်။
အိပ်မက်ထဲမှာ ကျွန်တော်လို့ထင်ရတဲ့သူတစ်ယောက်နဲ့အတူတူ ဘေးမှာလူတွေပါတယ် မိသားစုလိုလို အသိတွေလိုလိုပေါ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာလဲ လူတွေအပြည့်ပါပဲ။ ဒီလိုနဲ့ လမ်းလျှောက်သွားနေရင်း တစ်နေရာအရောက်မှာ ကျွန်တော်လဲကျသွားတယ် ကျွန်တော့်ဆီကနေလဲ အညစ်အကြေးလိုမျိုး အရည်တွေအများကြီး ဘေးပတ်ပတ်လည်သို့ စီးဆင်းထွက်ပေါ်နေပါတယ်။ ကျွန်တော်ပြန်ထလို့လဲမရသလို ဘယ်သူမှဆွဲမထူကြပေ။ ဒီလိုနဲ့ ဘေးကလူတွေက ထွက်ပြေးသွားကြသလို ပတ်ဝန်းကျင်ကလူတွေက လက်ညှိုးကိုယ်ဆီထိုးလျှက် ကဲ့ရဲ့ပြစ်တင်နေကြတယ် ညစ်ပတ်တယ် ဘာညာစသဖြင့်ပေါ့။
ကျွန်တော်စိတ်ညစ်နေတဲ့အချိန်မှာ မျက်စိရှေ့မှာ အနောက်တိုင်းဝတ်စုံလိုမျိုးဝတ်ထားတဲ့ လူတစ်ယောက်ရောက်လို့လာပါတယ်။ သူ့ပုံစံက ဘယ်သူနဲ့မှမတူသောပုံစံ နိုင်ငံခြားသားလိုပဲ အဝတ်အစားရော အားလုံးနဲ့မတူ (Unique) ဖြစ်တဲ့ပုံစံ တစ်လောကလုံးမှာတစ်ယောက်တည်းရှိတဲ့ ပုံစံမျိုးပင်။ အံ့ဩစရာကောင်းတာတစ်ခုက သူက ကျွန်တော့ကို လူအားလုံးဖယ်ရှောင်ကာ လက်ညှိုးထိုး ပြစ်တင်နေကြတဲ့ကြားထဲကနေ လက်ကမ်းပေးလို့ရယ် နှုတ်ကလဲ လာပါထပါ လက်ကိုဆွဲပါလို့ဆိုသတဲ့။ ကျွန်တော်က သူ့ကိုပြန်ပြောတယ် ညစ်ပတ်တယ် မလုပ်ပါနဲ့ ရပါတယ်လို့ဆိုတော့ သူက ရတယ် ငါဆေးရင်ပြောင်သွားမှာပါတဲ့။ ဒါပေမယ့် ကျွန်တော်ကလဲ ဘယ်ရမလဲ မာနနဲ့လေ ရတယ် ကိုယ့်ဖာသာထမယ်ပေါ့ ငြင်းဆန်နေပေမယ့် တကယ်က ထမရ။ ဒီလိုနဲ့ လက်ကိုဆွဲ၍ ထလိုက်တဲ့အချိန်မှာ အိပ်ယာကနေနိုးလာခဲ့တယ်။
ပြန်လည်ဆင်ခြင်နေရင်းနဲ့ အနက်ကိုပြန်ကြည့်တဲ့အခါမှာတော ...
ကျွန်တော်/မတို့တွေမှာ မိသားစု ၊ ညီကိုမောင်နှမ ၊ ဇနီးမယား ခင်ပွန်းသည်တို့ ၊ သားသမီးတွေ ၊ မိတ်ဆွေသူငယ်ချင်း စသဖြင့်ရှိကြတယ်။ လမ်းလျှောက်သွားနေကြသလို လောကကြီးမှာ တရွေ့ရွေ့သွားလာနေကြပါတယ်။ တစ်နေရာအရောက်မှာ အကြောင်းတစ်ခုခုကြောင့်လဲကျတတ်ကြတယ် တစ်ချို့က အရက်ရဲ့ကျေးကျွန် ၊ မူးယစ်ဆေးဝါးရဲ့ကျေးကျွန် စသဖြင့် ဖြစ်သွားတတ်ကြတယ်။ အပြစ်တစ်ခုခုလုပ်မိကြသလိုပဲ တစ်ခုခုမှားယွင်းသွားတဲ့အခါမှာ လဲကျသွားတတ်တယ်။ နောက်ဆုံး တမလွန်အတွက် တိကျတဲ့အဖြေမရှိတဲ့အတွက် စိုးရိမ်စွာနဲ့ လဲကျနေတတ်တယ်။ ကိုယ့်ဘေးက မိဘ ၊ ညီကိုမောင်နှမ ၊ သားသမီး ၊ အသိမိတ်ဆွေ စသဖြင့်တောင် ဆွဲမထူပေးနိုင်လောက်အောင် လဲကျသွားတတ်တယ်။ ပတ်ဝန်းကျင်ကလဲ လက်ညှိုးတွေသာထိုးပြီးအပြစ်တင်လွန်းလို့ နာကျဥ်စေရပြန်တယ်။ လဲကျသွားလောက်တဲ့ သင့်ရဲ့ပင်ပန်းခြင်းတွေ ဝန်တွေကို ဘယ်လောက်ထိဆက်ထမ်းနေလဲ မိမိအားဖ့င့်မထနိုင်ပေမယ့် ထနိုင်သလိုဟန်ဆောင်ပြီး မာနတွေနဲ့ နေပါစေ ရပါတယ် ညစ်ပတ်တယ်လို့ဆိုနေဦးမှာလား။
ဘယ်သူနဲ့မတူပဲ တစ်ယောက်တည်းရှိတဲ့ပုံစံနဲ့ ရပ်၍ လက်ကမ်းပေးနေတာကတော့ သခင်ယေရှုခရစ်တော်ပင်။ ဒီလိုအချိန်မှာတော့ သခင်ယေရှုတစ်ပါးတည်းကသာ သူ့လက်ကို ကမ်းလှမ်းပေးနေသလို သူဆေးရင်ပြောင်ပါတယ်ဆိုသကဲ့သို့ သူ့ရဲ့ခွင့်လွှတ်ခြင်းနဲ့သန့်ရှင်းစေခြင်းကသာ ကျွန်တော်တို့အယောက်စီတိုင်းအတွက် ပြန်ထနိုင်သော တစ်ခုတည်းသောအခွင့်အရေးပင်ဖြစ်တယ်ဆိုတာကို သိသိသာသာမြင်တွေ့နိုင်တဲ့အချိန်လို့ဆိုရမှာပေါ့။ သူကတကယ်တော့ တစ်ချိန်လုံး လက်ကမ်းပေးနေတာပါ ကျွန်တော်တို့က လဲကျတော့မှ မြင်တတ်ကြတာဖြစ်ပါတယ်။ စောစောသာမြင်ရင် လဲကျတဲ့အထိမဖြစ်စေဘူးပေါ့လေ။ ကျွန်တော်တို့ကိုယ်စီက မာနရှိတယ် ကိုယ်ကမလှုပ်နိုင်ပေမယ့် ကိုယ့်အားကိုယ်ကိုး၍ ထချင်တယ်။ ဒီလိုပဲ မိမိရဲ့ ကုသိုလ်ကောင်းမှု ၊ အကျင့်သီလကောင်းမှုတွေ ၊ အလှူဒါန စသဖြင့်ဟာ မိမိရဲ့တမလွန်ကိုစိတ်မချရဘူးဆိုတာကိုနားလည်ရတယ်။ မိတ်ဆွေရဲ့ လေးလံသော ဝန်ကို သခင်ယေရှုထံအပ်လိုက်ပါ။ ကမ်းပေးသောလက်ကို ဆွဲ၍ သင့်ရဲ့ဝန်ကိုသူ့ထံချကာ သူ့ရဲ့ခွင့်လွှတ်ခြင်းကို ခံယူရင်း သန့်ရှင်းခြင်းသို့သာသွားလိုက်ပါ။ အညစ်အကြေးတွေကြားထဲမှာ လဲကျနေသော အပြစ်တင်လက်ညှိုးထိုးခံနေရသောသူကဲ့သို့မဖြစ်စေတော့ဘဲ ကမ်းပေးသော လက်ကိုသာ ရဲရဲကြီးဆွဲ၍ ထလိုက်ပါလို့အနည်းငယ်အားပေးချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည်ယနေ့ပင်ဖြစ်သောကြောင့်
မိတ်ဆွေက သခင်ယေရှုခရစ်တော်ရဲ့ ကမ်းပေးသောလက်ကို လှမ်းကိုင်၍ပြန်ထချင်တယ် ထိုသခင်ကိုခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ရှင်မဿဲခရစ်ဝင် ၁၁:၂၈
ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi