November 26, 2026

ခွဲခြားခြင်းမရှိ

လောကတွင်အဆင့်အတန်းခွဲခြားခြင်းများစွာရှိသည်ကိုကျွန်​တော်တို့​တွေသတိထားမိကြမှာဖြစ်ပါတယ်။ ​နေရာ​ဒေသအမျိုးမျိုး​ပေါ်လိုက်၍ လူဖြူလူမဲခွဲခြားခြင်း ၊ ဆင်းရဲချမ်းသာခွဲခြားဆက်ဆံတာ ၊ ​ဇာတ်မြင့်ဇာတ်နိမ့် ၊ ပညာတတ်တာနဲ့ပညာမတတ်တာ ၊ ရုပ်ရည်​ပေါ်အသားအ​ရောင်အ​ပေါ်ခွဲခြားတာ ၊ ပိန်ခြင်းဝခြင်းကိုခွဲခြားတာ ၊ Gender ပိုင်းကိုခွဲခြားတာ မိန်းမ​ယောကျ်ားဖြစ်ခြင်း ၊ အစရှိသဖြင့် အမျိုးမျိုး​သောခွဲခြားမှု​တွေဟာ ဒီ​လောကကြီးထဲမှာတစ်ခုမဟုတ်တစ်ခု​တော့​တွေ့ဖူးကြမယ်ထင်ပါတယ်။

တချို့ကလဲ​ယောကျာ်းဖြစ်ခြင်းအ​​ပေါ်ဂုဏ်ယူကြတယ် ၊ တချို့ကလဲမိန်းမဖြစ်ခြင်းကိုစိတ်ညစ်ကြတယ်။ ဒီလိုပဲတချို့က ချမ်းသာခြင်းအ​ပေါ်မာနကြီးရင်း တချို့ကြပြန်​တော့ဆင်းရဲလို့ဝမ်းနည်းတယ်။ ကျွန်​ခေတ်လိုအချိန်မှာ ကျွန်​တွေ​ရောဘယ်​လောက်ခွဲခြားခံရမလဲ။ အရင်​ခေတ်​တွေတုန်းကဆိုရင် မိန်းမဟာပညာမသင်ရတာတို့စသဖြင့်ခွဲခြားခံရခြင်း​တွေရှိခဲ့တယ်ဆိုတာကိုလဲမြင်​တွေ့ရပါတယ်။

ယုဒ​တွေဆိုရင် ကျွန်အဖြစ်မ​မွေးလာခြင်း ၊ မိန်းမမဖြစ်ခြင်း​တွေအ​ပေါ်အရမ်း​ကျေနပ်ကြမှာဖြစ်သလို ၊ တပါးအမျိုးသား​တွေအ​ပေါ်ကိုခွဲခြားဆက်ဆံခြင်း​တွေဟာအင်မတန်များပါတယ်။ ဘုရားဝတ်ပြုခြင်းကိုခွဲခြားတာ ၊ အ​ရေးဖျားလှီးခြင်းခံမခံအ​ပေါ်ခွဲခြားဆက်ဆံတာ ၊ အစရှိသဖြင့်အမျိုးမျိုး​သောခွဲခြားခြင်း​တွေဟာ ကာလအချိန်​တွေ​ပြောင်းလာ​သော်လည်းဆက်လက်ရှိ​နေကြတာပဲဖြစ်ပါတယ်။

ဒါ​ပေမယ့်မည်သို့ပင်ဖြစ်​စေ ​ယေရှုခရစ်​တော်ဟာ သင်နှင့်ကျွန်ုပ်ကိုခွဲခြားခြင်းမရှိပါ။ ​တောင်ပိုင်း​မြောက်ပိုင်းယုဒတွေရဲ့ဘုရားဂျူးဘုရား ၊ လူဖြူဘုရားလူမဲဘုရား ၊ ကရင်ဘုရားချင်းဘုရား ၊ ဗမာဘုရားကချင်ဘုရားဆိုတာမျိုးခွဲခြားခြင်းမရှိ​ပေ။ ​တကယ်​တော့ကျွန်​တော်တို့လူသားအားလုံးအတူတူပဲဖြစ်တယ် ကယ်တင်ခြင်းဟာလူသားအားလုံးအတွက်​သခင်​ယေရှုပြု​ပေး​သောကျေးဇူး​တော်သက်သက်ပင်ဖြစ်​ပေသည်။ လူဆိုးဖြစ်​စေ ၊ ပညာမတတ်သူဖြစ်​​စေ ၊ ပိန်ခြင်းဝခြင်း ၊ ကျွန်ဖြစ်ခြင်းသခင်ဖ့စ်ခြင်း ၊ ဆင်းရဲချမ်းသာ ၊ ​ယောကျ်ားဖြစ်​စေမိန်မဖြစ်​စေ ဘုရားသခင်၏အမြင်တွင် သင်နှင့်ကျွန်ုပ်လဲသူ၏ချစ်​သောသား​ပျောက်​သောသိုးကဲ့သို့ပင်ဖြစ်ပေသည်။ လူသားအားလုံးဟာအတူတူပင်ဖြစ်​သော​ကြောင့် မာန​တွေနှင့်ဂုဏ်ပြိုင်စရာမလို​ပေ။ တစ်​ယောက်နှင့်တစ်​ယောက် ​ယေရှုခရစ်​တော်၌တစ်လုံးတစ်ဝတည်းဖြစ်တယ်ဆိုတာကိုနားလည်ဖို့ရှိပါတယ်။ မည်သူတစ်ဦးတစ်​ယောက်၏ကြိုးစားခြင်း ၊ အစွမ်းအစ ၊ ​ကောင်းမှုကုသိုလ် ၊ အလှူဒါနများနှင့်မသက်ဆိုင်ဘဲ ဘယ်သူကဘာဖြစ်လို့ဆို​သောခွဲခြားခြင်းမျိုးမရှိဘဲ ​ကျေးဇူး​တော်သက်သက်​ကြောင့်သာ ကယ်တင်ခြင်းဟာလူသားအားလုံးနှင့်သက်ဆိုင်တာဖြစ်တယ်။ လူသားအားလုံးတန်းတူအခွင့်အ​ရေးဟုဆိုကြသကဲ့သို့ ​ယေရှုခရစ်​တော်၏ကယ်တင်ခြင်း​ကျေးဇူး​တော်သည် ကမ္ဘာသူကမ္ဘာသားအားလုံးနှင့်သက်ဆိုင်ခြင်း ၊ ကယ်တင်ခြင်းသည်လူသားအားလုံးအတွက်အခမဲ့ဖြစ်တယ်ဆိုတာကိုအနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ကယ်တင်ရာ​နေ့ရက်သည်ယ​​နေ့ပင်ဖြစ်​သော​ကြောင့်
မိတ်​ဆွေက ​ထိုသခင်ကိုခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်​တော့ ...

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဂလာတိဩဝါဒစာ ၃:၂၈
ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next