အမြင် ( ၂ ) မျိုး

ဒီကနေ့မှာ လူတွေမြင်တတ်သော အမြင်တွေနဲ့ပတ်သက်လို့ နှုတ်ကပါတ်တော်ကိုအခြေခံပြီး အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
မောရှေက ခါနာန်ပြည်ကို စုံစမ်းစေဖို့ သူလျှို၁၂ယောက်စေလွှတ်တယ်။ မြေကောင်းလား၊မကောင်းလား၊တဲနဲ့နေတာလားဘာလား၊သူတို့မြို့ကခိုင်ခံ့လား၊သူတို့အားကြီးလား၊အားနည်းလား၊အင်အားများလားနည်းလား၊အစရှိသဖြင့် သိစေဖို့ သူလျှို၁၂ယောက်စေလွှတ်ခဲ့ပါတယ်။
သွားစုံစမ်းပြီးလို့ပြန်ရောက်တဲ့အခါမှာ မောရှေကိုသူတို့အသီးသီးရဲ့အမြင်ကိုပြန်ပြောကြားကြပါတယ်။
ဒီလူတွေက ခါနာန်ကိုရောက်ခဲ့ကြောင်းပြောတယ်၊ တကယ်ပဲကြွယ်ဝတဲ့နေရာဖြစ်ကြောင်း နို့နဲ့ပျားရည်စီးတယ်ဆိုပြီးပြောရင်းနဲ့သူတို့ယူခဲ့သော စပျစ်တို့၊သလဲသီးတို့ကို အဲ့ဒီကယူခဲ့ကြောင်းပြောပြီးတော့ ... သို့သော်
ဒီလူတွေက အားကြီးတယ်၊ခိုင်ခံ့သောမြို့ရိုးနဲ့နေတယ်၊အာမလတ်အမျိုးသားတွေ၊ဟိတ္တိလူ၊ယေဗုသိလူတွေအစရှိသဖြင့် ဘယ်လိုတွေရှိတယ်ဆိုတာကိုပြောဆိုတယ်။ ကိုယ်ကြီးတဲ့အမျိုးအနွယ်ဖြစ်လို့ သူတို့ရှေ့မှာငါတို့ကနှံကောင်လိုပဲဖြစ်တယ်လို့ပြောတယ်။ဒါဟာသူတို့ရဲ့စိတ်ပျက်အားငယ်နေသောအမြင်ကိုပြောခြင်းပင်။
တောလည်ရာကျမ်း ၁၃:၃၀
ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကိုငြိမ်းစေ၏။
ကာလက်ကတော့ ထိုသူတို့နဲ့ အမြင်မတူဘူးဖြစ်တယ်၊ သူလဲသူတို့မြင်တာကိုသိပါတယ်၊သူကိုယ်တိုင်လဲတွေ့ပါတယ်၊ဒါပေမယ့် မြင်တဲ့အမြင်ချင်းကတော့ မတူကွဲပြားခြားနားတာကိုတွေ့ရတယ်။ အခုချက်ခြင်းသွားသိမ်းယူရအောင်လို့တောင်ပြောတာကိုတွေ့ရပါတယ်။
ဒီလိုပဲကျွန်တော်တို့ယုံကြည်သူတွေဟာ ဘာကိုမြင်နေတာလဲ၊ အာနကအမျိုးသားတွေ၊ယေဗုသိလူတွေအားကြီးတာပဲမြင်နေတာလား၊အခက်အခဲအတားအဆီးကိုပဲမြင်နေတာလား၊စီးပွားမကောင်းတာပဲလား၊Covid ကိုပဲမြင်နေတာလား ဆိုတာကိုဆင်ခြင်ဖို့ရှိပါတယ်။
မြင်တတ်သောဝိညာဥ်မျက်စိပွင့်စေဖို့ ဘုရားရှင်ကောင်းကြီးပေးပါစေ။
ယောရှုနဲ့ကာလက်တို့ရဲ့အမြင်လေးကိုခွန်အားယူစေချင်ပါတယ်။
တောလည်ရာကျမ်း ၁၄:၉
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။
မိတ်ဆွေနဲ့ကျွန်တော်တို့က ယုံကြည်သူတွေဖြစ်တယ်၊အခက်အခဲအတားအဆီး၊အနာရောဂါတွေအထက်မှာရှိတဲ့ ခေါ်ရင်ထူးတဲ့ဘုရားကိုကိုးကွယ်နေခြင်းဖြစ်တယ်ဆိုတာ မမေ့ကြစို့နဲ့ရယ်။
ယောရှုနဲ့ကာလက်ကထိုသူတွေမှာ အမှီတကဲမရှိဘူးတဲ့၊ဒီကောင်တွေကငါတို့စားစရာပါ(ပါးစပ်နဲ့ဆံ့တာပဲစားခြင်း၊စားစရာဆိုတာသေးသေးလေးပါစားသုံးသူအတွက်တော့) ငါတို့ဘက်မှာ ထာဝရဘုရားရှိတယ် မကြောက်ကြနဲ့လို့ပြောတယ်ဆိုတာတွေ့ရတယ်။
မြင်ရတဲ့အမြင် ( ၂ )မျိုးဟာမတူကွဲပြားခြားနားတယ်ဆိုတာကိုနားလည်ရတယ်။ ကျွန်တော်ဒီနေ့အားပေးချင်တယ် ယောရှုနဲ့ကာလက်ကဲ့သို့မြင်တတ်သောသူဖြစ်စေဖို့ မိမိတို့ရဲ့အခက်အခဲအတားအဆီးတွေအထက်ကဘုရားကိုမျှော်ကြည့်တတ်သောသူဖြစ်စေပါ။ထိုအရာတွေထက်ကြီးသောအသက်ရှင်တဲ့ဘုရားကိုမြင်တတ်စေပါ။
တခါတလေမှာ လမ်းဆုံးသွားပြီ၊ငါတို့တော့လွတ်လမ်းမရှိတော့ဘူး၊အိမ်ထောင်ရေး၊စီးပွားရေးလမ်းဆုံးနေပြီ၊Covid ကတော့ဆေးမရှိဘူး၊အစရှိသဖြင့်သင့်ကိုစိတ်ပျက်အားငယ်စရာအခြေအနေတွေကဆွဲခေါ်တတ်တယ် ဒါပေမယ့်အသက်ရှင်သောဘုရားရှင်တက်နိုင်တယ်။လမ်းမရှိတဲ့အချိန်မှာတောင်ပင်လယ်ကိုနှစ်ခြမ်းခွဲတဲ့ဘုရား၊တော၌လမ်းကိုဖြစ်စေတယ်၊လွင်ပြင်၌ရေကိုစီးစေသောဘုရား၊ခါးသောရေကိုချိုစေသောဘုရား၊ရေကိုစပျစ်ရေဖြစ်စေသောဘုရားဆိုတာကိုမမေ့ပဲလျှက်
လမ်းမရှိတော့ပေမယ့်ဘုရားသခင်တတ်နိုင်တယ်ဆိုတာ
အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်
ဘုရားရှင်ဆက်လက်စကားပြောပါစေ။