November 26, 2026

သင့်အတွက်အမြဲဖွင့်ထား​သောတံခါးတစ်ချပ်

အိမ်တစ်အိမ်ကိုကျွန်​တော်တို့သွားလည်ရင်ဖြစ်​စေ ၊ ကိုယ့်အိမ်ကိုပြန်သည်ဖြစ်​စေ ဘယ်ကဝင်ရသလဲဆို​တော့ တံခါး​ပေါက်ကဝင်ရပါတယ်။ City Mart ​တွေမှာဆိုရင် သတိထားမိချင်ထားမိကြမယ် တံခါး​ပေါက်တစ်ခုပဲရှိပါတယ်။ အထဲကိုအဲ့တံခါး​ပေါက်ကဖြတ်ဝင်ပြီးမှပစ္စည်း​တွေယူလို့ရပါတယ်။

​နောဧသ​​​​င်္ဘောလဲဝင်​ပေါက်တစ်ခုတည်းရှိသလို ၊ တဲ​တော်သည်လဲတံခါး​ပေါက်တစ်ခုတည်းရှိတာကို​တွေ့ရပါတယ်။ ​နောဧသ​​​​​င်္ဘောထဲကိုဝင်ကြတဲ့သူတိုင်းသည်ပျက်စီးဆုံးရှုံးခြင်းကလွတ်ကြတယ်။တနည်းအားဖြင့်ဆိုရလျှင် ​ရေလွှမ်းမိုးခြင်းမှကယ်တင်ခြင်းခံစားရကြတယ်။တဲ​တော်မှာဆိုလျှင်လည်း တဲ​တော်တံခါးထဲမှာရှိတဲ့ယဇ်ပု​ရောဟိတ်၏လုပ်​ဆောင်ချက်အားဖြင့် လူ​တွေကယ်တင်ခြင်းခံရတယ်။ 

 

ဒီလိုပဲမည်သူမဆိုတိုးဝင်နိုင်တဲ့အမြဲတမ်းဖွင့်ထား​သောတံခါး​​ပေါက်တစ်ခုရှိပါတယ်။ ဒါက​တော့ ​ယေရှုခရစ်​တော်ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်မိတ်​ဆွေ။ အပြင်​လောကမှာက​တော့ ပျက်ဆီးဆုံးရှုံးစရာ​​တွေ ၊ စိတ်ပျက်စရာ​တွေ ၊ ကြောက်စရာ​တွေ ၊ ဝမ်းနည်းစရာ​တွေ အစရှိသဖြင့်ရှိ​သော်လည်းပဲ ဒီတံခါး​ပေါက်ကဝင်​သောသူသည် ​ယေရှုခရစ်​တော်အားဖြင့်ကယ်တင်ခြင်းကိုအခမဲ့​ခံစားရရှိမှာဖြစ်တယ်။ မိမိရဲ့လုပ်​ဆောင်ချက်တစ်ခုမျှမပါပဲ​ကျေးဇူး​တော်သက်သက်အားဖြင့်သာဖြစ်ပါတယ်။ လူကလုပ်​ဆောင်နိုင်ခြင်းမရှိ​သော​ကြောင့် အခမဲ့​ပေးတာပဲဖြစ်ပါတယ်။ ဘာသာ​ရေးမဟုတ်ပါဘူး။ ဘာသာ​ရေးသည် လူကိုကယ်တင်ခြင်းမ​ပေးနိုင်ပါဘူး။ ဘာသာ​ရေးသည် လူကိုတမလွန်အတွက်အာမခံချက်မ​ပေးနိုင်ပါဘူး။ ဘာသာ​ရေးသည် လူနဲ့ဘုရားကိုခွဲခြားပါတယ် ၊ ဘုရားကသပ်သပ်လူကသပ်သပ်နဲ့ လူနဲ့ဘုရားဝေး​စေပါတယ်။ ဘာသာ​ရေး​တွေ ၊ ပညတ်တရား​​တွေ ၊ ကိုယ်ကျင့်တရား​တွေကလူကိုအမြဲတောင်းဆိုပါတယ် ၊ ဒါလုပ် ၊ ဒါမလုပ်နဲ့ ၊ ဒီလိုလုပ် ဟိုလိုမလုပ်နဲ့ ၊ ဒါလုပ်ရင်​တောင် ဒီလိုမျိုးလုပ် ၊ တိတိကျကျလိုက်နာ ၊ စသဖြင့်​တောင်းဆိုခြင်း​တွေရှိပါတယ်။ ဒီတံခါးမှဝင်လျှင်​တော့ လူနဲ့ဘုရားနဲ့မိသဟာရဖြစ်ပါတယ်။ Relationship with GOD ဖြစ်​သော​ကြောင့် ထိုသခင်ကိုရင်းနှီးကျွမ်းဝင်ခြင်းဖြစ်သည်။ ထို့​ကြောင့်ဘာသာ​ရေးမဟုတ်ပဲ သခင်ဘုရားထံ​ပြောင်းလဲခြင်းလို့ဆိုကြပါစို့။

 

သင့်ကိုအသက်​ပေးပြီးချစ်တဲ့ထိုသခင်ကိုရမှသာလျှင် တမလွန်အတွက်အာမခံချက်ရရှိမှာဖြစ်ပါတယ်။ ထိုတံခါးတစ်ချပ်တည်းသာလျှင်အာမခံချက်ဖြစ်သလိုထိုတံခါးတစ်ချပ်တည်းရှိသည်။တခြား​သောလမ်းမရှိပါ။
There Is Only One Way (Only JESUS) ဖြစ်သည်။
တနည်းအားဖြင့်ဆိုရလျှင် ထိုတံခါးမှဝင်​သောသူမည်သူမဆို ကယ်တင်ခြင်းခံရမှာဖြစ်တယ်။ ဆိုးသည်ဖြစ်​စေ ၊ ​ကောင်းသည်ဖြစ်​စေ ၊ မဲသည်ဖြစ်​စေ ၊ ဖြူသည်ဖြစ်​စေ ၊ ဘယ်လူမျိုး ၊ ဘယ်သာသာဖြစ်​နေပါ​စေ ထိုတံခါးသည် အမြဲဖွင့်ထားလျှက်ရှိတယ်ဆို​သောသတင်း​ကောင်း​လေးကိုအနည်းငယ်​​ဝေမျှအား​ပေးချင်ပါတယ်။

မိတ်​ဆွေအကယ်၍သာ ​ယေရှုခရစ်​တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ​ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်​တော့ ... 

 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

 

ကယ်တင်ရာ​နေ့ရက်သည်ယ​​နေ့ပင်ဖြစ်ပါတယ်။

ရှင်ယောဟန်ခရစ်ဝင် ၁၀:၉-၁၀
ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံမျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next