November 26, 2026

ဧဝံ​​ဂေလိသတင်း​ကောင်း

 

 

ကျွန်​တော်ဒီ​နေ့မနက်မှာကား​မောင်းရင်းနဲ့ချီးမွမ်း​နေရင်း ဆရာဦးညွန့်လှရဲ့သီချင်းတစ်ပုဒ်ကို​ရောက်လာတယ် .....

ဒါကဘာလဲဆို​တော့ (တကယ်​တော့ လူ့​လောကရဲ့တပ်မက်စရာပစ္စည်း​တွေ နန်းထက်စံနိုင်မှုဟာ လူ့အသက်ကိုမကယ်နိုင်ဘူး ... )

ဟုတ်တယ် သင်ဘယ်​လောက်ချမ်းသာချမ်းသာ၊အာဏာရှိရှိ၊အသက်ကြီးတာငယ်တာမဆိုင်၊​ဆေးပညာဘယ်​လောက်ကြွယ်ဝ​နေပါ​စေ မ​သေ​အောင်​တော့ထိန်းထားလို့မရဘူးပဲ။

 

ဒီလိုပဲ ​ဆေးမရှိတဲ့​ရောဂါရှိသလို အချိန်တန်ရင်​ဆေး​ပေါ်လာမှာပဲ၊​နောက်တစ်ခါလဲ​ရောဂါဆန်းဆန်း​ပေါ်လာမှာပဲ ​ဆေးလဲရှိမှာမဟုတ်ဘူးပဲ၊​နောက်လဲပြန်​ပေါ်လာမှာပဲ ဒီလိုပဲဖြစ်​နေတာကိုနားလည်ရတယ်။

 

 

အခုချိန်မှာအသက်​ဘေးကိုလု​နေရသူ​တွေ ကမ္ဘာမှာရှိနေပါတယ်။ အဓိကကျကျ​ပြောရရင်တော့ မြန်မာပြည်လဲအချိန်မ​ရွေး Covid-19 ဖြစ်သွားနိုင်​​ချေရှိတယ်ဆိုတာ​တော့ ငြင်းလို့မရပါဘူး။

 

ဒီ​တော့ကမိတ်​ဆွေ ..... ရိုးရိုး​လေး​မေးခွန်း​မေးချင်တာက​တော့ ​ဖြစ်သွားခဲ့ရင်​ရော သေဖို့အဆင်သင့်ဖြစ်ပြီလား။ ပြင်ဆင်ထား​​သော တမလွန်အတွက်​ရော စိတ်ချမှုရပြီးပြီလား။

တိတိကျကျသိဖို့​တော့လိုတယ်​လေ​နော် ဘာလို့ဆို ဒီ​လောကမှာနေထိုင်ရင်းနဲ့ရုံးသွားရုံးပြန်၊အပြင်သွား၊​ကျောင်းသွား​ကျောင်းပြန်စသဖြင့် ကျွန်​တော်တို့​တွေအိမ်ပြန်ဖို့ဆိုတာဟာ စိတ်ချ​နေတယ်မလား၊ ငါ​နေတာဘယ်မှာလဲဆိုပြီးအပြန်အတွက်စိတ်ပူ​နေတာ ​နေရာ​ပျောက်​နေတာမရှိဘူး​​လေ။ အိမ်အပိုင်မရှိ​သေးရင်​တောင် ​နေစရာ​​နေရာတစ်ခုခုကိုတော့အပြန်လမ်းသိ​နေတာပဲ​လေ။

 

ဒါ​ကြောင့် ... ကျွန်​တော်တို့အသက်တာမှာ ​သေပြီးရင်တမလွန်ဆိုတာအ​ရေးကြီးသလို ဘယ်ကိုသွားမယ်ဆိုတာ တိတိကျကျရှိဖို့အ​ရေးကြီးပါတယ်။

 

 

ဧဖက်ဩဝါဒစာ ၂:၈-၉

ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။

ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

 

 

ဒါ​ကြောင့်ဧဝံ​​ဂေလိသတင်း​ကောင်းအနည်းငယ်​ပြောချင်ပါတယ်မိတ်​ဆွေ။

 

ကိုယ့်ကြိုးစားအားထုတ်မှု၊ကုသိုလ်​တွေ၊အလှူ​တွေ၊ကျင့်ကြံမှု​တွေ​စသဖြင့်ကြောင့်လို့မ​ပြောပါဘူး။ ဒါ​တွေ​ကြောင့်ရခဲ့မယ်ဆိုရင်​တော့ ​ကောင်းကင်မှာ ငကြွား​တွေနဲ့ပြည့်​နေမှာပါ။ ငါကဘယ်​လောက်လှူတာကွဆိုရင် မလှူနိုင်တဲ့လူကအနှိမ်ခံမျက်နှငယ်​လေးနဲ့​အေးပါကွာ မင်းကလုပ်နိုင်တာကိုးးး ဆိုပြီး မမျှတလိုက်တာလို့​တောင်​တွေးနိုင်ပါတယ်။

​နောက်တစ်ခုက ကိုယ့်အားကိုယ်ကိုးမယ်ဆိုရင်​တောင် ရှင်းပါတယ်။ ​နေမ​ကောင်းရင်​တောင် ဆရာဝန်အားကိုးရ​သေးတယ်​​ဆေး​သောက်ရ​သေးတယ်လေ၊ထမင်းစားဖို့ ဆန်ကိုကိုယ့်ဖာကိုစိုက်စားသလား သူများစိုက်​ပေးတာကိုအဆင်သင့်ဝယ်စားတာလား။ အ​ဖြေက​တော့ရှင်းပါတယ်မိတ်​ဆွေ ဘုရားလုပ်​ပေးခြင်းကို အဆင်သင့်ယုံကြည်လက်ခံလိုက်တာနဲ့ရတာပါ။

 

ဟုတ်ပြီ။ဒါဆိုရင် ယုံကြည်ခြင်းလို့​ပြော​တော့ ဘာကိုယုံရမှာလဲ။

 

​ယေရှုခရစ်​တော်သည် မိမိရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်ရမှာဖြစ်ပါတယ်။

 

ဝိညာဥ်မျက်စိ၊ဝိညာဥ်နားများကိုပွင့်​စေပြီး​တော့

နားလည်နိုင်ဖို့ရာဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

 

ကျမ်းညွှန်းက​တော့ ...

 

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၃-၄

ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။

သင်္ဂြုလ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။

 

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

 

 

#Titus_KyawNyi

Previous Next