November 26, 2026

ဝိညာဥ်​ရေးရာ Virus ( Spirit Of The Virus )

Covid ထက်​ကြောက်စရာ​ကောင်း​သော S-Virus လို့​​ခေါ်တဲ့ ဝိညာဥ်​ရေးရာ Virus တစ်မျိုးရှိ​ပေသည်။ သိပ်​ကြောက်စရာ​ကောင်းပါသည်။ Covid သည်ကူးစက်တတ်သည်။သို့​သော် Online မှမကူးစက်တတ်​ပေ။ S-Virus က​တော့ နည်းမျိုးစုံနှင့်ကူးစက်သည်။ Online မှလည်းကူးနိုင်သည်။

 

Covid သည် ​ရောဂါအခံရှိသူများသာအထိနာသည်။ကျန်းမာ​ရေး​ကောင်းသူများသက်သာသည်။ S-Virus ကျပြန်​တော့ ဝိညာဥ်​ရေးရာနုနယ်သူ​တွေကျဆုံးသည်။ ရင့်ကျက်သူများသတိလက်လွတ်ဖြစ်လျှင်ကျဆုံး​တတ်တာကိုသတိပြုရ​ပေမည်။ Online မှ ​​ဝေဖန်မှု​တွေရှိခဲ့ရင်လည်း မခံနိုင်ပဲဝိညာဥ်​ရေးရာထိခိုက်ရှနာဖြစ်လာခြင်း၊ဝိညာဥ်​ရေးရာ​ခြောက်ကပ်ခြင်း​တွေဖြစ်လာကာ တုန့်ပြန်မှု​တွေလွဲမှားလာတတ်ကြပါတယ်။

 

မြန်မာပြည်ရဲ့အ​လေ့အထက ပုဂ္ဂိုလ်ခင်မှတရားမင်။ ဆရာသမားကိုဗဟိုပြုခြင်းများလှ​ပေသည်။ ဆရာကဗျိုင်းကိုမဲတယ်ဟုဆိုလျှင်လိုက်မဲမည်၊ကျီးကန်းကဖြူတယ်ဆိုလျှင်လိုက်ဖြူသည်၊ဆရာကငရဲသွားလျှင်လိုက်သွားမည်ဆိုသူများအ​တော်များလှသည်။

ထိုဆရာသမားသည်လည်းလူဖြစ်​သော​ကြောင့်မှားတတ်သည်ဆိုတာ​မေ့​နေတတ်ကြသည်။ မည်သူတစ်ဦးတစ်​ယောက်မှမပြည့်စုံပါ။ သူမှားလျှင်​မေတ္တာဖြင့်​ထောက်ပြ​ပေးသောဆရာသမားများကို အမြင်​စောင်းကာ ဘုရားလူကိုမထိနဲ့ဟုအထင်လွဲကြသည်။ သူမှားလျှင်သူနဲ့ဘုရားရှင်းမယ်ဆို​သောစကား​များ​ပြောတတ်ကြပါတယ်။ 

 

ကျမ်းစာထဲမှာပင် ဘုရားလူဖြစ်​သော​ရှောလုဘိတ်သိတ်ခံဘုရင်မှား​ကြောင်း၊ဒါဝိဒ်မှား​ကြောင်း​ထောက်ပြတာ​တွေရှိတယ်ဆိုတာမသိချင်​ယောင်​ဆောင်သလား၊မသိတာလား၊​မေ့​နေတတ်ကြတယ်လို့သာဆိုကြပါစို့။
ဘုရားလူဆိုတာကိုမည်သို့နားလည်သည်မသိ။ တရား​ဟောဆရာကိုဘုရားလူဟုဆိုလျှင်​တောင် အခြားတရား​ဟောဆရာ​တွေကဘုရားလူမဟုတ်ဟုထင်​နေသလားမသိပါ။ ဆင်ခြင်ရန်လိုအပ်လှပါသည်။

 

နာမည်ကြီးဆရာ​နောက်လိုက်​လေဆရာကိုဗဟိုပြုခြင်းများ​လေဖြစ်​နေတတ်သည်ကိုသတိထားမိလာသည်။ထို့​ကြောင့် ဘုရားကိုသာဗဟိုပြုခြင်းနဲ့ဆရာသမားထိရင်ဘုရားထိတာထက်နာခြင်းကိုသွန်သင်​ပေးဖို့လိုသည်ဟုမြင်မိသည်။ ငါကဘယ်သူ့တပည့်၊မင်းတို့​ထောက်ပြ​နေရတာမနာလိုလို့၊မ​​ဝေဖန်မပုတ်ခတ်နဲ့၊သူ့လို​ပြောနိုင်​ဟောနိုင်လို့လားစသဖြင့်တုန့်ပြန်မှု​တွေကိုဆင်ခြင်ဖို့ဖြစ်ပါတယ်။ကျွန်​တော်တို့​တွေသည် ဘုရားသခင်ကိုသာဗဟိုပြုကြရမှာဖြစ်သလို ကျွန်​တော်တို့ကိုးကွယ်​သောဘုရားသည် ရန်သူကိုပင်ချစ်ခိုင်း​သောဘုရားဖြစ်တယ်ဆိုတာကိုနားလည်နိုင်ဖို့ရာအနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၃:၄-၆
တယောက်က၊ ငါသည်ပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ တယောက်က၊ ငါသည်အာပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြောကြလျှင်၊ ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။
ပေါလုကားအဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရား သည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။
ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသော သူဖြစ်၏။ အပင်ကိုကြီးပွါးစေသော သူကား၊ ဘုရားသခင်ပေတည်း။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next