November 26, 2026

ထန်းလျက်ရည် နှင့် သကာရည်

လွန်ခဲ့​သောရက် တစ်ရက်တွင် ဆိုင်တစ်ဆိုင်မှာ ဒိန်ချဥ်မှာ​သောက်ပါတယ်၊ ထန်းလျက်ရည်နဲ့ဒိန်ချဥ်​ပေါ့။ မှာထား​သော ဒိန်ချဥ်​ရောက်လာခဲ့တဲ့အခါမှာ ကြည့်လိုက်​တော့ ထန်းလျက်ရည်​လေး​တွေဟာ ဖန်ခွက်​အောက်တွင် အနည်ထိုင်​နေ​လေသည်။ ဒီလိုနဲ့ ထိုအရာကို ​ကျွန်​တော် စတင်မွှေပါ​တော့တယ်၊ သို့​သော် အ​ရောင်ကို မကြိုက်​သေး၍ ထပ်၍ ထန်းညက်ရည်​တောင်းခဲ့သည်။ ဒီလိုနဲ့ ၃ခါ​မြောက်​တောင်းခဲ့​သော်လည်း အ​ရောင်မှာ ဖြူ​နေ​သေးပါတယ်။

ချိုသလားဆိုရင်​တော့ ချိုပါတယ် သို့​သော် အရသာသည် ထန်းလျက်ဒိန်ချဥ်အရာမဟုတ်ခဲ့သလို အ​ရောင်သည် ထန်းလျက်ရည်ပါ​သော ဒိန်ချဥ်ဟု​ခေါ်ဆိုရန် မ​​တော်မသင့် မထိုက်တန်​ပေ။ နောက်မှ ထန်းလျက်ရည်အစစ်မဟုတ်​ကြောင်း သိခဲ့ရ​လေသည်။ ထိုသူ​တွေက ထန်းလျက်ရည်အစား ကြံသကာရည်​တွေကို သုံးကြတာ ဖြစ်​နေပါတယ်။ ဒါ့​ကြောင့် ကြိုက်သ​လောက် ထပ်၍ထည့်ပါ​စေ ဒိန်ချဥ်၏အ​ရောင်သည် မမဲ​ချေ၊ မ​ပြောင်းလဲ​ချေ။

ရှင်မဿဲခရစ်ဝင် ၁၂:၃၃
  အသီးအားဖြင့် အပင်၏သဘောထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြ လော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။

ဒီလိုပါပဲ ခရစ်ယာန်လို့​ပြောတိုင်း ခရစ်ယာန်လို့ထင်စရာအ​ကြောင်း ရှိ​နေပါတယ်။ ကျွန်​တော်တို့လူ​တွေက ခရစ်ယာန်လို့ဆိုတိုင်း အကုန်လုံးကို တူတူပါပဲ၊ ငါတို့လို့ခရစ်ယာန်လို့သာ ထင်ကြတတ်ပါတယ်။ ဒါ​ပေမယ့် တကယ်​သေချာကြည့်​​တော့မှ ထန်းလျက်ရည်ထည့်ထား​တာမဟုတ်သော ဒိန်ချဥ်ကဲ့သို့ ​ဖြစ်မှန်းမသိ ဖြစ်​နေမယ့် ခရစ်ယာန်​ဟု အမည်ခံယူထား​သောသူတွေ ​မြောက်များစွာရှိ​နေပါတယ်။

အချို့က​တော့ ဝိညာဥ်အသီးကို စစ်ကြည့်ရင် ​ရေရှည်မှာ သိသိသာသာကွာသွားတာကိုမြင်ရသလို (ဥပမာ အပြစ်ဝန်ချစရာမလို ​နောင်တရရန်မလိုဟုဆိုလျှင် ​ရေရှည်မှာ ဘုရားသခင်ကို ​ကြောက်ရွံ့ခြင်းမရှိ​တော့၍ အသက်တာလွဲမှားနိုင်သည်) ၊ အချို့ကလည်း အစကတည်းမှာတင် ကွဲပြားစွာသိသာသည်။ သ​ဘောက​တော့ အရသာကိုမြည်းစရာမလို​သေး​သော ထန်းလျက်ရည်​အယောင်​​ဆောင်​နေသော သကာရည်ကဲ့သို့ပင် အ​ရောင်မမဲသလို သိသာ​နေ​ပေသည် မဟုတ်ပါလား။ ( မြင်​အောင်​ပြောရရင်လည်း တရုတ်မအဖွဲ့အစည်းဖြစ်​သော ​ယေရှုတရုတ်မ​ပေါ့ ) ဒါ့​ကြောင့် ခရစ်ယာန်ဟုဆိုတိုင်း မျက်စိမှတ်မယုံကြဖို့လိုပါတယ်၊ ထိုသူ​တွေ၏ ခံယူယုံကြည်ချက်၊ ဩဝါဒ၊ စသဖြင့်ကို စမ်းစစ်ကြည့်သင့်​ပေသည်။

ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၇
လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။

ဒါ့ကြောင့် မိမိတို့သည် အ​ခြေခံယုံကြည်ချက်​တွေကို သိကိုသိထားရ​ပေမည်။ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကဘာလဲ၊ ဘာကိုလက်ခံတာလဲ၊ ​ယေရှုခရစ်​တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း၊ ဘုရားဖြစ်ခြင်း၊ သန့်ရှင်း​သောဝိညာဥ်​တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း၊ ဘုရားဖြစ်ခြင်း၊ ​ယေရှုခရစ်​တော်သာ ထာဝရအသက် ကယ်တင်ခြင်းသည် တစ်လမ်းထဲ စသဖြင့်​တွေကို သိနားလည်ထားမှသာ ထန်းလျက်ရည်လား သကာရည်လား၊ ဘာလို့အ​ရောင် မမဲသလဲ ဘာလို့ အရသာမတူသလဲ စသဖြင့်​တွေကို ကွဲကွဲပြားပြားသိနိုင်မည်မဟုတ်ပါလား။ ကျွန်​တော်တို့​တွေသည် ထိုကွဲပြား​စေ​သော အရာကိုလည်း ပြန်လည်​ဝေမျှ​ပေးနိုင်မှသာ သကာရည်ကို ဖယ်ထုတ်ကာ တကယ့်ထန်းလျက်အစစ်နဲ့ဒိန်ချဥ်ကို လူ​တွေ စိတ်ချလက်ချ ​သောက်သုံးနိုင်မှာဖြစ်တယ်ဆိုတာကို အနည်းငယ်​ဝေမျှ​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next