ယေရှုခရစ်တော်၌ကိုင်းဆက်ခြင်း

အပင်တစ်ပင်မှာကိုင်းကူး ၊ ကိုင်းဆက် ဆိုသောအရာရှိပါတယ်။ အချို့အပင်တွေက ကိုင်းကူး ၊ ကိုင်းဆက် လုပ်မှသာ မျိုးပွားပြီး အသီးအပွင့်ပွင်းလန်းဝေဆာကြတာတွေရှိပါတယ်။ တချို့ကလဲ မျိုးဆက်ခြင်းကို ဒီလိုအရာတွေနဲ့လုပ်ဆောင်ကြပါတယ်။ ကိုင်းကူးတာသည်တခါတလေပို၍သာ၍ကောင်းမွန်တဲ့ အသီးမျိုးစိတ်တွေကိုဖြစ်ထွန်းစေတယ်။ မူရင်းအပင်ထက်ပို၍ကောင်းသော အပွင့် ၊ ရနံ့ ၊ အသီး စတာတွေကိုလည်းရလာအောင် လုပ်ဆောင်ကြတာမျိုးဖြစ်ပါတယ်။ ပျိုးပင်လေးတွေစိုက်ဖူးတဲ့သူတွေဆိုရင်သိကြပါလိမ့်မယ်။ ကိုင်းကူးကိုင်းဆက်ခြင်းနဲ့ပါတ်သတ်တဲ့ဗီဒီရိုလေးကိုလေ့လာနိုင်စေရန်အောက်ဆုံးတွင်ထည့်ပေးလိုက်ပါတယ်။
ဒီအရာလေးကိုကြည့်ရင်းနဲ့ဆင်ခြင်စရာတွေများစွာရခဲ့ပါတယ်။ ဒီလိုအပင်ဆက်ဖို့ကိုင်းကူးဖို့ဆိုရင်တော့ကျွန်တော်တို့ဟာအပင်(၂)ပင်လုံးကိုလှီးဖြတ်ရတယ်။ ဆိုကြပါစို့ တစ်ပင်ကို အခြေပြုမယ် နောက်တစ်ပင်ကိုကိုင်းဖြတ်မယ်ဆိုရင် တစ်ပင်ကတော့ သူ့ရဲ့အောက်ပိုင်းကအမြစ်တွေအပေါ်ပိုင်းကအခက်အလက်အရွက်တွေပင်စည်တွေအကုန်ထားခဲ့ရတယ် ဖြတ်ထုတ်ပစ်လိုက်ပြီး ကိုင်းလေးသာယူပါတယ်။ နောက်တစ်ပင်ကိုတော့ ထိုဖြတ်လိုက်တဲ့ကိုင်းလေးလာရောက်ဆက်ဖို့အတွက်ကိုသူဆက်မည့်နေရာကိုလည်းလှီးဖြတ်ရပါတယ်။ ပြီးမှထို(၂)ခုပူးထားပြီးချိတ်ဆက်ရာကိုပြန်ပြီးအဝတ်စဖြစ်စေ ၊ တိပ်နဲ့ဖြစ်စေအချိန်တစ်ခုတန်သည်အထိစည်းထားရပါတယ် ရေမဝင်စေရန်အတွက်ပေါ့။ အကယ်၍ရေဝင်တာ ၊ အခြားပြင်ပအရာတွေသည်အပင်ကိုပုပ်ပျက်သေဆုံးသည်အထိဖြစ်စေသောကြောင့်ပင်။ အချိန်တန်သောအခါ၌ထိုအပင်သည် အသီးအပွင့်များစွာနှင်ဝေဆာပွင်းလန်းလာသည်ကိုမြင်ရပေမည်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာသည် မိမိဇာတိအမြစ်နဲ့မိမိကိုယ်ကိုယ်ဗဟိုပြုသောအရာများစွာကို အကိုင်းအခက်အရွက်ပင်စည်များကိုဖြတ်ပစ်ပြီးထားခဲ့သလိုသေစေဖို့ရာလိုအပ်ပါတယ်။ ဒါမှသာ ယေရှုခရစ်တော်နှင်ချိတ်ဆက်နိုင်မည်။ စုံစမ်းခြင်းတွေကိုကျော်လွှားဖို့ရန် နှုတ်ကပါတ်တော်ဒိုင်းလွှားနှင့်သန့်ရှင်းသောဝိညာဥ်တော်လမ်းပြမှုနှင့်ဖြတ်သန်းကျော်လွှားရမည်။ မဟုတ်လျှင် အပင်(၂)ခုကိုင်းဆက်ချိန်
အဆက်သည်မလုံသကဲ့သို့ပုပ်ပျက်၍သေဆုံးနိုင်သည်။
အပင်ကိုဖြတ်ထုတ်လိုက်သလို မိမိဇာတိများ ၊ မိမိကိုယ်ကိုဗဟိုပြအသက်ရှင်ခြင်းများကို စသဖြင့်ဖြတ်ထုတ်သတ်ပစ်လိုက်ခြင်းသည် များစွာနာကျင်ရသော်လည်း ထိုနာကျင်ခြင်း၏အကျိုးသည် များစွာပွင့်လန်းဝေဆာသောဝိညာဥ်အသီးများစွာသီးပွင့်စေရန်သာဖြစ်သောကြောင့် ကိုင်းဆက်နေချိန်တွင်အချိန်အတိုင်းအတာတစ်ခုအထိကြပ်တည်းစွာအဝတ်တို့တိပ်တို့ဖြင့်စည်းထားရခြင်းကိုသတိပြုဖို့ရာအရေးကြီးပါတယ်။ ကိုင်းဆက်ချိန်၌ရေဝင်ပုပ်ပျက်သေဆုံးသောအပင်ကဲ့သို့မဖြစ်စေဖို့ရာသတိပြုရင်း စုံစမ်းခြင်းများ ၊ ခက်ခဲမှုများကြောင့် လက်လျှော့၍အရှုံးမပေးကြစို့နဲ့ရယ်။ ဒါ့ကြောင့်ကျွန်တော်တို့ယုံကြည်သူတွေဟာ မိမိ၏စပျစ်ပင်ရိုင်းကိုစွန့်၍မှန်သောစပျစ်နွယ်ပင်ဖြစ်သောယေရှုခရစ်တော်၌သာကိုင်းကူးကိုင်းဆက်၍တည်သောအသက်တာဖြစ်စေပြီးဝိညာဥ်အသီးအပွင့်များဝေဆာစွာပွင့်လန်း၍ ၊ ဤလောကရဲ့ဆားနဲ့အလင်းဖြစ်စေကြဖို့ရာအယောက်စီတိုင်းကိုအနည်းငယ်ခွန်အားပေးချင်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၅:၄
ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
https://m.facebook.com/story.php?story_fbid=2512013958941174&id=673283106147611