မမှီဝဲနဲ့ ကင်းအောင်နေ

ကျွန်တော်တို့ ကျောင်းသားဘဝတွင် ကျောင်းတက်စဥ်ကကြားခဲ့သင်ခဲ့ဖူးသော ၃၈ဖြာ မင်္ဂလာကို သတိရမိသည်။ "လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ" ဟူသည့် ကဗျာလေးကိုလည်း မှတ်မိကြဦးမည်ထင်ပါတယ်။
ကျောင်းသားဘဝတုန်းက လူငယ်များလမ်းမှား မရောက်စေရန်အတွက် ဆရာမများသင်ကြားပေးခဲ့သည့် လောကနီတိများ၊ ၃၈ဖြာမင်္ဂလာများလည်းဖြစ်ကြသည်။ လူမိုက်နှင့်ပေါင်းဖော်ခြင်းအားဖြင့် ထိုလူမိုက်ဆီမှ အကျင့်စရိုက်များကူးစက်ခြင်း၊ မိမိပါ မှားယွင်းလာမိခြင်း၊ နောက်ပိုင်းလမ်းလွဲသွား၍ ပြန်လှည့်မရခြင်းတို့ကြောင့် ဒုက္ခရောက်ရကြောင်း အပြစ်စက်ကွင်းမလွတ်ကြောင်းကို သင်ကြားခံရဖူးမည်ထင်ပါသည်။
ကျေးညီနောင်ဥပမာလေးကဲ့သို့ ဓါးပြဆီရောက်သွားသော ကျေးမှာတော့ ရသေ့၏ကျေးနှင့်ကွာခြားသကဲ့သို့ပင်ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့်လည်း လူမိုက်မှန်းသိလျှင်ရှောင်ကျင်ရန် ငယ်စဥ်မှပင် သင်ကြားပေးခဲ့ကြခြင်းလည်းဖြစ်ပေသည်။
ဆာလံကျမ်း ၁:၁
မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊
၁ခုမြောက်သော ဆာလံအပိုဒ်ငယ် ၁ မှာတော့ "မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်" ဟုဆိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ယုံကြည်သူတွေသည် မိမိတို့၏ လုပ်ရပ်များကို ပြန်လည်ဆန်းစစ်ရန်လိုပါသည်။ မတရားသောသူတို့၏ တိုက်တွန်းခြင်းကို လုပ်ဆောင်နေမိသလား။
အပိုဒ်ငယ် ၂ က ... "လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊" လို့လည်းဆက်ပြောပါတယ်။
ကျွန်တော်တို့က လူဆိုးတို့၏ သွားရာလမ်း၌ ရှိသောသူလား၊ ထိုလမ်းစဥ်လိုက်သည့်သူတွေလား၊ သို့မဟုတ် ထိုလမ်းကို ထောက်ပံ့ပေးသောသူများဖြစ်နေသလား ယနေ့မှာ ပြန်လည်ဆင်ခြင်ဖို့လိုပါတယ်။ မထီမဲ့မြင်ပြုသောသူလို့ဆိုတဲ့အခါမှာ ဘာကိုပြုသလဲ၊ ထာဝရဘုရား၏ တရားလမ်းကိုလား၊ ထာဝရဘုရားကိုလား၊ သမ္မာတရားလား၊ ဓမ္မကိုဆန့်ကျင်ခြင်းလား စတဲ့ စတဲ့ အစည်းအဝေးကို လုံးဝရှောင်ဖယ်တယ် ဆန့်ကျင်တယ်၊ လုံးဝထိုင်ခြင်းမရှိဘူးလို့ ဆာလံဆရာက ပြတ်သားစွာဆိုထားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ယုံကြည်သူတွေကရော ဘယ်လိုလဲ ယနေ့ ဆင်ခြင်ကြရအောင်ဖြစ်ပါတယ်။
ယနေ့မှာ ယုံကြည်သူတွေရော၊ အခြားသော ဘာသာဝင်တွေဖြစ်ကြတဲ့ ဓမ္မမိတ်ဆွေ ညီအကိုမောင်နှမတွေရော ယနေ့မှာ ဘယ်လိုအသက်ရှင်နေသလဲ၊ သက်ဆိုင်ရာ အဆုံးအမအောက်မှာ အသက်ရှင်ကြရဲ့လား၊ ၃၈ဖြာမင်္ဂလာနဲ့အညီ အသက်ရှင်နေကြရဲ့လား၊ ဗုဒ္ဓတရားတော်နဲ့အညီ အသက်ရှင်နေသလား၊ အဓမ္မလမ်းစဥ်လိုက်နေသလား၊ မတရားသောသူတို့ရဲ့ တိုက်တွန်းခြင်းကိုလိုက်နေကြပြီး လူဆိုတို့၏ လမ်းစဥ်လိုက်ကာ ထိုသူတို့အား ထောက်ပံ့နေမိသလား၊ မထီမဲ့မြင်ပြုသည့် အစည်းအဝေး၌ထိုင်ကာ သမ္မာတရားနဲ့လွဲချော်နေမိသလားဆိုတာကို ယနေ့မှာ ကျွန်တော်တို့တွေ ဆင်ခြင်ရင်း အသက်ရှင်ကြရအောင်လား ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet