Saving Faith and Living Faith

မြင်ရသောယုံကြည်ခြင်းနဲ့မမြင်ရသောယုံကြည်ခြင်းဆိုပြီး ၂မျိုးရှိပါတယ်။
ကယ်တင်ခြင်းနဲ့ဆိုင်သောယုံကြည်ခြင်းသည်(Saving Faith)မြင်လို့မရပါ။ မျက်မြင်မရတဲ့အရာ၊ပြလို့မရသောအရာဖြစ်ပါတယ်။ လူတစ်ယောက်က ယေရှုခရစ်တော်ကို မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်လိုက်တာနဲ့ ကယ်တင်ခြင်းရရှိတယ်၊ပြပါဆိုရင်တော့ ပြလို့မရပါဘူး။ ကယ်တင်ခြင်းနဲ့ခရစ်ယာန်အသက်တာကို မှားယွင်းစွာနားလည်မှုကြောင့် အနည်းငယ်အထောက်အကူဖြစ်စေဖို့ ရှင်းပြချင်ပါတယ်။ အခြေပြုကျမ်းလေးတော့အနည်းငယ်သာထည့်လိုက်ပါ့မယ်။စာအရမ်းမရှည်စေဖို့ပါ။
ရှင်မဿဲခရစ်ဝင် ၅:၁၆
ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။
ကောင်းသောအကျင့်ဆိုရင် တချို့ကကိုယ်ကမကောင်းနိုင်ဘူးဆိုပြီးဒါ့ကြောင့်မလုပ်နိုင်ဘူးလို့ထင်ကြတယ်၊ ကိုယ်လုပ်နိုင်ရင်၊အပြစ်ကိုတောင်းပန်တိုင်းကျေရင်
ကယ်တင်ခြင်းကိုတောင်းပန်လို့ရလားနဲ့စသဖြင့်
ကယ်တင်ခြင်းနဲ့လည်နေတတ်ပြီး အပြစ်ပင်မို့အပြစ်သီးသီးတယ်ဆိုပြီး အပြစ်နဲ့အပြစ်လက္ခဏာခွဲတတ်ကြပါတယ်။ သို့သော် ငါသည်ကိုယ်တိုင်မရှင်ဖြစ်တယ် ခရစ်တော်သည်ငါ၌ရှင်သောကြောင့်လုပ်နိုင်ခြင်းပါ။
အသက်တာနဲ့ဆိုင်သောယုံကြည်ခြင်း(Living Faith) ကတော့ မြင်လို့ရပါတယ်။ မိမိရဲ့အသက်တာကို ပြင်ဆင်ပြီးအသက်ရှင်ပြခြင်း၊တနည်းအားဖြင့် အသက်တာအားဖြင့် သူတပါးမြင်စေ၍တရားဟောခြင်း၊ယေရှုခရစ်တော်ကိုမြင်စေခြင်း၊သူများနဲ့မတူအသက်ရှင်ပုံ၊ဖြောင့်မတ်ခြင်း၊အစရှိသဖြင့် မြင်တွေ့ရခြင်းဖြစ်တယ်။ ဒါဟာပြသလို့ရသောယုံကြည်ခြင်းဖြစ်တယ်။ Born Again တကယ်ဖြစ်တဲ့သူတွေမှာ (စစ်မှန်သောနောင်တနဲ့တိုးဝင်သူ)တွေ့ရပါတယ်။ မိမိရဲ့အသက်တာအားဖြင့်ဘုရားဘုန်းထင်ရှားသောသူဖြစ်စေဖို့အရေးကြီးပါတယ်။
၁ယော၁:၉ အရတောင်းပန်ခြင်း။
တချို့က တောင်းပန်ခြင်းကို မလိုအပ်လို့ဆိုကြတယ်။အပြစ်လွှတ်ပြီးပြီဆိုတယ် တောင်းပန်စရာမလိုဘူးပြောကြတယ်။ ကိုယ့်အပြစ်တွေကို အသေးစိတ်မှတ်မိလို့လားဆိုကြမယ်။ကယ်တင်ခြင်းရပြီးတဲ့အခါမှာလည်း အရင်ကပြုဖူးသမျှကို မှတ်မိသလောက်ဝန်ချခြင်းတော့လုပ်သင့်ပါတယ်။ ပြောင်းလဲပြီးနောက်အသက်တာမှာ ပြန်မှတ်မိလာရင်လဲထပ်ဝန်ချဖော်ပြတောင်းပန်နိုင်ပါတယ်။
မတောင်းပန်မိရင်တောင်မှ ယေရှုအသွေးတော်ကြောင့်ခွင့်လွှတ်ပြီးဖြစ်တယ်၊ယေရှုကခွင့်လွှတ်ပြီးသားဖြစ်တယ်၊ကျွန်တော်တို့ရဲ့တောင်းပန်ခြင်းသည် အသွေးတော်ကိုဆော်ကားခြင်းမဟုတ်ပါ၊ကယ်တင်ခြင်းမရတာမဟုတ်ပါ။
သို့သော် စစ်မှန်သောနောင်တနဲ့တောင်းပန်ပြီးလျှင် ထပ်ပြီးတူညီသောအမှားမလုပ်တော့ပါ။ နောက်တစ်ခု Born Again တကယ်ဖြစ်ရင် ကိုယ်နဲ့အတူဧမာနွေလဘုရားရှိတယ် ယေရှုလာရှင်တာဖြစ်တယ် ဝိညာဥ်တော်ဘုရားရဲ့လမ်းပြမှုနဲ့အသက်ရှင်နေတာဖြစ်လို့လဲ ဘာကလုပ်ရမယ်၊မလုပ်ရဘူး၊ဘုရားသဘောကဘာဆိုတဲ့အလေ့အလာကိုသိသောကြောင့် အသက်ရှင်တာမတူပါ။ လူဖြစ်သောကြောင့်မှားမိရင်လဲ ချက်ခြင်းဝိညာဥ်ထဲကသိပါတယ်၊ညဘက်မှာတစ်နေ့တာလုံးကိုပြန်လည်ဆင်ခြင်တဲ့အခါမှာလည်း မှားခဲ့ရင်သိပါတယ်။ ဒါ့ကြောင့် မှားသောအရာကိုချက်ခြင်းတောင်းပန်နိုင်သလို ပြန်လည်ဆင်ခြင်သောအသက်တာသည် မိမိရဲ့အမှားကို ဝန်ချနိုင်ဖို့မှတ်မိစေပါတယ်။ တကယ်အသက်တာပြောင်းလဲတာမှန်ရင် Life ကတကယ့်ကို Change သွားပါတယ်။ မိဘနဲ့သားသမီးဥပမာသည်တကယ်တော့ မိဘရဲ့ခွင့်လွှတ်ခြင်းချစ်ခြင်းမေတ္တာကိုပေါ်လွင်စေချင်တာပါ။ ကလေးငယ်ငယ်လေးတွေကိုထားပါ နုနယ်သူ(ဝိညာဥ်ရေးရာနု)လို့ဆိုလို့ရပါတယ်။ပြောင်းလဲလာပြီ လူကြီးအနေနဲ့(ဝိညာဥ်ရေးရာအနည်းငယ်ကြီးတယ်ဆိုပါတော့)မိဘရဲ့ချစ်ခြင်းမေတ္တာကိုဆော်ကားသောသူဖြစ်မနေဘူးလား ဆော်ကားပြီးဝန်မခံပဲရုပ်တည်နဲ့အေးဆေးပြန်နေသောသူ။ လုပ်ပါများရင်ရော ဘယ်လိုဘုရားဘုန်းထင်ရှားသော Born Again ဖြစ်နိုင်မလဲ။ မိဘနေရာမှာ ဘုရားကိုထားပြီးစဥ်းစားကြည့်ပါ။ ဘုရားဘုရားနဲ့အသက်တာကတော့ဘယ်လိုအသက်ရှင်နေသလဲနားလည်ဖို့ရှိပါတယ်။
နောက်တစ်ခု ကယ်တင်ခြင်းရပြီးတာနဲ့ကျွန်တော်တို့တွေသည် ဝိညာဏကိုယ်ခန္ဓါဖြစ်ပြီးကောင်းကင်တန်းမရောက်သွားပါ။ရောက်သွားရင်တော့ကိစ္စမရှိပါ။ မရောက်သေးသောကြောင့် လူဖြစ်တဲ့အတွက် ဇာတိပကတိကြောင့် ပြုမိသောဒုစရိုက်အပြစ်တချို့တော့လုပ်မိနိုင်တယ်။ လုပ်မိခဲ့ရင်လဲ ဒီအရာမျိုးတွေကိုဝန်ချတောင်းပန်ဖို့ဆိုလိုခြင်းဖြစ်ပါတယ်။ ဝိညာဥ်ပကတိနဲ့ဇာတိပကတိကတော့ရှိနေမှာဖြစ်သောကြောင့် ဝိညာဥ်ပကတိပိုအားကြီးစေဖို့ နုတ်ကပါတ်တော်များများဆင်ခြင်ရမှာဖြစ်တယ်။
ဒါ့ကြောင့်မို့လို့ Living Faith သည် ခရစ်ယာန်တစ်ယောက်အတွက် ကယ်တင်ခြင်းရပြီးတဲ့အခါ ဆက်သွားရတဲ့အရေးကြီးသောအရာဖြစ်တယ်ဆိုတာကိုနားလည်ထားဖို့လိုအပ်ပါတယ်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁၁
ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
ဝိညာဥ်ရေးရာကြီးရင့်သောသူဖြစ်စေဖို့ဘုရားသခင်အလိုရှိတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။
အပြစ်လွှတ်ဖို့တောင်းပန်ခြင်းမဟုတ်ဘူး၊ဘုရားသားဖြစ်သောကြောင့် Relationship ရှိသောကြောင့် တောင်းပန်ခြင်းဖြစ်တယ်ဆိုတာကို မြင်တတ်သောမျက်စိ၊ကြားတတ်သောနား၊နားလည်နိုင်သောနှလုံးသားရှိစေဖို့ရာဆုတောင်းပေးပါတယ်။
ဘုရားရှင် ဆက်လက်စကားပြောပါစေ။