November 26, 2026

ကိုယ်​တော်နဲ့အတူ

လူတိုင်းလူတိုင်းသူ့အ​ကြောင်းအရာနဲ့သူ ၊ သူ့ပြဿနာအခက်အခဲနဲ့သူရှိကြပါတယ်။ ဆင်လဲဆင်​ခြေရာ ၊ ကျားလဲကျား​ခြေရာ ၊ ပွရွက်ဆိတ်လဲသူ့​ခြေရာအ​လျောက်​တော့ရှိကြသလို ကိုယ့်အခက်အခဲနဲ့ကိုယ်ပါ။ သူ​ဌေးလဲသူ​ဌေးအခက်အခဲ ၊ ဆင်းရဲသားလဲဆင်းရဲသားအခက်အခဲ ၊ လူတိုင်းလူတိုင်းကကိုယ့်အခက်အခဲနဲ့ကိုယ်​ပေါ့။ လူတစ်​ယောက်က ပိုးဟပ်​ကြောက်​ပေမယ့် ၊ ​နောက်တစ်​ယောက်က တီ​ကောင်မှ​ကြောက်တာမျိုး ၊ တစ်​ယောက်တစ်မျိုးကိုယ်စီကိုယ်စီ​ကြောက်တတ်တဲ့အရာ​လေး​တွေလဲရှိတတ်ကြပါတယ်။

ဒီအချိန်မှာ မိုး​တွေ​လေ​တွေအရမ်းထန်တဲ့ကာလလဲဖြစ်လို့ တချို့က မိုးချိန်းသံ ၊ မိုးကြိုးပစ်တာနဲ့​အိမ်​ခေါင်မိုး​ပေါ်ကိုမိုး​ရေစက်ကျတဲ့အသံကို​ကြောက်ကြသလို ၊ တချို့ကမီးအ​မှောင်ကို​ကြောက်ကြတယ်။ ဒီလိုပါပဲ ယခုကာလမှာ Stay Home ​နေရင်း အလုပ်​တွေပြန်တက်ရ​တော့ သွားရင်းလာရင်းနဲ့ ​ရောဂါများကူးခဲ့ရင်ဆိုပြီး Covid-19 ကို​ကြောက်​ကြောက်နဲ့အသွားအလာ​လုပ်နေရသူတွေလဲရှိပါတယ်။ ​အလုပ်​တွေနားထား​တော့ တချို့အရာ​တွေကိုလဲပူရပြန်နဲ့အ​ကြောက်ကိုယ်စီကိုယ့်​ခြေရာ​လေး​တွေကိုယ်စီနဲ့​ပေမယ့် ကျွန်​တော်တို့ယုံကြည်သူခရစ်ယာန်​တွေစိတ်​အေး​အေးထားရင်းရှု​ထောင့်တစ်မျိုးမှဆင်ခြင်ကြည့်ရ​အောင်။

ညအချိန်မှာကမ်းတစ်ဘက်ကိုကိုယ်​တော်နဲ့အတူတပည့်​တော်​တွေဟာ​လှေစီးပြီးကူးကြတဲ့အခါမှာမိုးသက်မုန်တိုင်းပြင်းစွာကျ​သော​ကြောင့်လှေက​ရေနဲ့ပြည့်လာတယ်။ ကိုယ်​တော်ကအိပ်​ပျော်​နေတယ်ဆိုတာ​တွေ့ရပါတယ်။ တပည့်​တော်​တွေနဲ့အတူကိုယ်​တော်အတူပါလာတယ်ဒါ​ပေမယ့်အိပ်​ပျော်​နေတယ်။ ဒါနဲ့ကိုယ်​တော်ကိုနှိုးတယ် ၊ ​ကျွန်​တော်တို့ပျက်ဆီးဆုံးရှုံး​တော့မယ် တနည်းအားဖြင့် ​လှေပျက်ပြီး​သေ​တော့မယ်လို့ဆိုလိုချင်တာဖြစ်ပါမယ်။ ဒါကိုမသိဘူးလား ၊ လျစ်လျူရှုထားသလားလို​မေးခြင်းပါ။ ဒါနဲ့ ကိုယ်​တော်က ​လေနဲ့ပင်လယ်ကိုဆုံးမတယ် ၊ ​အလွန်သာယာတယ်ဆိုတာကို​တွေ့ရပါတယ်။

ဒီလိုပဲကျွန်​တော်တို့ယုံကြည်သူ​တွေရဲ့အသက်တာထဲမှာ​ရော ကိုယ်​တော်ပါလာပါရက်နဲ့အိပ်​ပျော်​နေ​စေသလား။
ကိုယ်​တော်နဲ့အတူသွားလာရမယ့်အစား ကိုယ်​တော်ကိုလစ်လျှူရှုရင်း မိမိဇာတိဆန္ဒ​တွေကိုသာဦးစား​ပေး​နေမိပါသလား။ ကိုယ်​တော်ကို​မေ့ထားတာများ​နေပြီလားဆိုတာကိုဆန်းစစ်ကြဖို့အချိန်​ရောက်လာပြီဖြစ်တယ်။ တပည့်​တော်​တွေလိုပဲကိုယ်​တော်ကလျစ်လျှူရှုသလားလို့​မေး​မလား ၊ ကျွန်​တော်တို့​တွေပျက်ဆီးဆုံးရှူံး​တော့မယ်လို့ဆိုမလား။

ဘာ​ကြောင့်​ကြောက်သလဲ ၊ ဘာ့​ကြောင့်ယုံကြည်ခြင်းနဲ့ကင်းသလဲလို့​မေးခြင်းဟာ ဒီအရာကိုလွတ်​မြောက်​စေမယ့်သ​ဘောကိုမြင်ရပါတယ်။ တပည့်​တော်တို့ကယုံကြည်ခြင်းနဲ့ဆု​တောင်းရမယ့်အစား​ကြောက်​နေ​သောကြောင့်ကိုယ်​တော်က​ပြောခြင်းဖြစ်တယ်ဆိုတာကို​တွေ့ရပါတယ်။ သူတို့​တွေသာယုံကြည်ခြင်းနဲ့ဆု​တောင်းခဲ့ရင် လွတ်​မြောက်​စေမှာဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။

ယုံကြည်သူ​တွေကအခက်အခဲ​တွေကို​ကြောက်​နေဖို့မဟုတ်ဘဲယုံကြည်ခြင်းနဲ့ဆု​တောင်းပြီးကိုယ်​တော်နဲ့အတူဖြတ်​ကျော်ကြဖို့ဖြစ်တယ်။ ဒီလိုဆိုလို့ပညာမဲ့စွာသွားလာဖို့မဟုတ်ပါဘူး။ ကာကွယ်ရမယ့်အရာကို​တော့ကာကွယ်ရမယ် ၊ ကျန်းမာ​ရေးဌာနနဲ့အစိုးရထုတ်ပြန်ချက်ကိုလိုက်နာရပါမယ်။ အသက်တာမှာ​တော့ ဆု​တောင်းခြင်းနဲ့ယုံကြည်ခြင်းရှိပြီးကိုယ်​တော်နဲ့အတူထိုအရာ​တွေကိုရင်ဆိုင်​သောသူဖြစ်​စေဖို့ရာခွန်အား​ပေးချင်ပါတယ်။

ရှင်မာကုခရစ်ဝင် ၄:၄၀
ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next